ပျော်ဘွယ်မြို့နယ်အတွင်းတွင် ရန်ကုန် - မန္တလေးအဝေးပြေးလမ်းမကြီး ဖြတ်သန်းတည် ရှိသောကြောင့် မြို့အတွင်းတွင် ကုန်တင်ယာဉ်များ၊ လူစီးအဝေးပြေးယာဉ်များ ဖြတ်သန်းသွားလာမှုလွန်စွာများပြားပါကြောင်း အချို့ကုန်တင်ယာဉ်ကြီးများသည်လည်း တန်ပိုကိစ္စကြောင့် ခွေးကာ(ခေါ်) လူကာများ ဖြုတ်ထားသည့်အတွက် ဆိုင်ကယ် များသည် လွန်စွာအန္တရာယ်များပြီး ယာဉ်ကြောကြပ်မှုကြောင့် ကားဘီးအောက်သို့ ဝင်ရောက်သွားနိုင်ပါကြောင်း၊ မြို့တွင်း၌လည်း ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက်ကား ၊သုံးဘီးများဖြင့် ယာဉ်ကြောများ ပြည့်ကြပ်နေသည့်အတွက် ပျော်ဘွယ်မြို့အတွင်း ဖြတ်သန်းသွားသော အဝေးပြေးလမ်းမကြီးအား မြို့ရှောင်လမ်း ဖောက်လုပ်ပေးစေလိုပါကြောင်း၊ ထိုသို့ မြို့ရှောင်လမ်းဖောက်လုပ်ရန် အခက်အခဲရှိမည်ဆိုပါက ယခုမြို့တွင်းရှိလမ်းမကြီးကို ၆ လမ်းသွားအဖြစ် တိုးချဲ့ခင်းပေးပြီး ဘယ်ညာယာဉ်ကြောများတွင် အနှေးယာဉ်နှင့် ဆိုင်ကယ်များသီးသန့် သွားလာနိုင်အောင်လုပ်ဆောင်ပေးမှသာ မြို့နေ လူထုအနေဖြင့် အသက်အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်မှာဖြစ်သည့်အတွက် ထိုကဲ့သို့ ပြုလုပ်ပေးနိုင်/ မပေးနိုင်ကို သိရှိလိုပါကြောင်း မေးမြန်းသွားပါသည်။
