ဦးမြင့်စိုး (ပျော်ဘွယ် မဲဆန္ဒနယ်)

အမည်

ဦးမြင့်စိုး

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/ပဘန(နိုင်)ဝ၁၁၅၆၀

မွေးသက္ကရာဇ်/အသက်

၅-၆-၁၉၅၆/ (၅၄) နှစ်

မွေးဖွားရာဇာတိ

ရွှေပြည်ရန်နိုင်ရပ်ကွက်၊ ပျော်ဘွယ်မြို့

ပညာအရည်အချင်း

L.L.B (ဥပဒေဘွဲ့)

လက်ရှိအလုပ်အကိုင်

Managing Director၊ သီဟတိုက်ဂါးမြန်မာ မော်တော်ယဉ် ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်နှင့်သောက်ရေသန့်လုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးပေါ်ဒင် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်း (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စန်းလေးညွန့်၊ ၉/ပဘန(နိုင်) ၀၀၃၄၃၃၊ ဒါရိုက်တာ၊ သီဟ တိုက်ဂါး မြန်မာ ကုမ္ပဏီလီမိတက်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ကိုသန်းနိုင်လင်း၊ ၉/ပဘန(နိုင်) ၁၄၃၄၆၈၊ ဒါရိုက်တာ၊သီဟတိုက်ဂါးမြန်မာကုမ္ပဏီလီမိတက်
(၂) မအိစန္ဒာစိုး၊ ၉/ပဘန(နိုင်) ၁၆၇၉၇၃၊ ကျောင်းသူ
(၃) မောင်မင်းသီဟ၊ ၉/ပဘန(နိုင်) ၁၇၁၈၈၇၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် ၁၈၁၊ ရန်ကုန်-မန္တလေးလမ်းနှင့် ပွင့်သစ်စလမ်းထောင့်၊ ရွှေပြည်ရန်နိုင်ရပ်ကွက်၊ ပျော်ဘွယ်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပျော်ဘွယ် မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ပျော်ဘွယ်မြို့ ပြည်တော်သာ အ-မ-ကနှင့် အ-ထ-က ပျော်ဘွယ်တို့၌ သင်ကြားခဲ့သည်။ ထို့နောက် မန္တလေးတက္ကသိုလ်၌ ဥပဒေကို စာပေးစာယူဖြင့် သင်ကြားခဲ့သည်။ ပျော်ဘွယ်မြို့ ကုန်သွယ် လယ်ယာဌာနတွင် ငွေစာရင်းကိုင် (ယာယီ)အဖြစ် လည်းကောင်း၊ အထက်တန်း ရှေ့နေအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်မှ ယနေ့အထိ အချိုရည် လုပ်ငန်းကို လည်းကောင်း၊ ၂၀၀၃ ခုနှစ်မှ ယနေ့အထိ သောက်ရေသန့်စက်ရုံကို လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှ ယနေ့အထိ မိတ္ထီလာ စက်မှုဇုန်၌ မော်တော်ယာဥ် ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်တွင် Managing Director တာဝန်ကို လည်းကောင်း ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ စက်မှုကုန် ထုတ်လုပ်ငန်းရှင်များ အသင်းတွင် အလုပ်အမှုဆောင်၊ မြန်မာ နိုင်ငံနယ်စပ်နှင့် တောင်တန်းဒေသ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနနုဂ္ဂဟအသင်းတွင် ဗဟိုအလုပ်အမှုဆောင်၊ မိတ္ထီလာ စက်မှုဇုန် မော်တော်ယာဥ် ထုတ်လုပ်ရေး လုပ်ငန်းရှင်များအဖွဲ့တွင် အတွင်းရေးမှူး၊ ပျော်ဘွယ်မြို့နယ် လုပ်ငန်းရှင်များ အသင်းတွင် ဥက္ကဋ္ဌ ၊ အ-ထ-က (၁) ပျော်ဘွယ်မြို့ ကျောင်းအကျိုးတော်ဆောင် ဒု-ဥက္ကဋ္ဌ တာဝန်များကို ယနေ့အထိ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ချီးမြှင့်သော သုဓမ္မမဏိ ဇောတဓရဘွဲ့နှင့် သီဟသုဓမ္မ မဏိဇောတဓရဘွဲ့များ ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နန်နင်း ကုန်စည်ပြပွဲသို့ မိတ္ထီလာ စက်မှုဇုန်ကိုယ်စားအဖြစ် မိတ္ထလာ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ မော်တော်ယာဥ် ထုတ်လုပ်ရေး လုပ်ငန်းများ တိုးတက်ရေးအတွက် စေလွှတ်ခံရသဖြင့် သွားရောက် လေ့လာခဲ့သည်။