ဦးစိုးပိုင်( ဝန်းသို မဲဆန္ဒနယ်)

အမည်

ဦးစိုးပိုင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/ဝသန(နိုင်)၀၄၀၈၁၁

မွေးသက္ကရာဇ်/အသက်

၂၃-၆-၁၉၆၆/(၄၅)နှစ်

မွေးဖွားရာဇာတိ

မန်ကျည်းကုန်းရွာ၊ ဝန်းသိုမြို့နယ်

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့ (မြန်မာစာ)

လက်ရှိအလုပ်အကိုင်

အလယ်တန်းပြ (ငြိမ်း)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှဝင်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်လှခင် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြငွေ ၊ ၅/ဝသန(နိုင်)၀၀၁၅၉၃ ၊ ကုန်သည်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ကောင်းသူ ၊ ၅/ဝသန(နိုင်)၀၅၅၉၂၆ ၊ ရတနာပုံ တက္ကသိုလ် (မန္တလေး) ၊ ကျောင်းသား

(၂) မရည်မွန်သူ ၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

မြို့မ (၁)ရပ်ကွက်၊ စော်ဘွားကြီးရပ်ကွက်၊ ဝန်းသိုမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဝန်းသိုမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

  ငယ်စဥ်က အခြေခံပညာကို အထက (ဝန်းသို)မြို့တွင် သင်ယူခဲ့သည်။ မန္တလေးမြို့ တက္ကသိုလ် စာပေးစာယူ သင်တန်းတွင် တက်ရောက်ခဲ့ပြီး B.A(Myan:) ဘွဲ့ ရရှိခဲ့သည်။

  မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ပျားမွေးမြူရေးလုပ်ငန်းတွင်လည်း၊ ရွှေဘိုမြို့ မြန်မာ့အာမခံ လုပ်ငန်းတွင်လည်းကောင်း၊ ဝန်းသိုမြို့ ကုန်းသာရပ်ကွက် အ-မ-က တွင် အလယ်တန်းပြအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ဝန်းသိုမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် မြို့နယ်အလုပ်အမှုဆောင်မှ တွဲဘက်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဝန်းသိုမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် တွဲဖက် အတွင်းရေးမှူးအဖြစ်လည်းကောင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။