(ခ)-ပြည်ထောင်စုအစိုးရအဖွဲ့ဆပ်ကော်မတီ၂၆ခု၏ တာဝန်ဝတ္တရားများ ၊ကော်မတီ အသီး သီးတွင် တာဝန်ယူမည့်ဥက္ကဋ္ဌများ၊အဆိုပါဆပ်ကော်မတီ များနှင့်ပြည်သူ့လွှတ်တော်ရေးရာကော်မတီများ၏ ဆက်သွယ်မည့်စနစ်များကိုသိရှိလိုသည်နှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၁၃.၁၁.၂၀၁၃)

၂၇-၉-၂၀၁၃ ရက်နေ့တွင် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတကြီးမှ ပြည်ထောင်စု အစိုးရအဖွဲ့ ဆပ်ကော်မတီ၊ Cabinet Sub Committee/ Delivery Unit) ၂၆ ခုဖွဲ့စည်းထားပြီး ဒုတိယဝန်ကြီး ၂၃ ဦးအား ဥက္ကဋ္ဌနေရာတွင် တာဝန်ပေးထားကြောင်း ပြောကြားခဲ့ပါသည်။ သို့ဖြစ်ပါ၍ မေးလိုသည့် ကြယ်ပွင့်ပြမေးခွန်းမှာ “အဆိုပါ ကော်မတီ ၂၆ ခု၏ တာဝန်ဝတ္တရားများ၊ ကော်မတီအသီးသီးတွင် တာဝန်ယူမည့် ဥက္ကဋ္ဌများ၊ အဆိုပါ ဆပ်ကော်မတီများနှင့် ပြည်သူ့လွှတ်တော်ရေးရာကော်မတီများ ဆက်သွယ်မည့် စနစ်များကို သိရှိလိုပါကြောင်း” မေးမြန်းပါသည်။

 

 

 

 

 

အဖြေ

နိုင်ငံတော်သမ္မတကြီးမှ ကျန် ၃၀ အတွင်း ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ သြဂုတ်လ ၉ ရက်နေ့တွင် ပြောကြားချက်များအရ လုပ်ငန်းကဏ္ဍအလိုက် လက်တွေ့အောင်မြင်ပြီးမြောက်သည် အထိ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးမည့် Delivery Unit များနှင့် မြေပြင်ကွင်းဆင်း အကောင် အထည်ဖေါ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ဒုတိယသမ္မတ၊ ဝန်ကြီးများဦးဆောင်သော Cabinet Committee များ၏ အောက်တွင် Cabinet Sub Committee/ Delivery Unit ၂၇ ခုကို ဖွဲ့စည်းပေးခဲ့ပြီးလည်း ဖြစ်ပါသည်။

Cabinet Sub Committee/ Delivery Unit များကို နိုင်ငံတော်၏ လုပ်ငန်းစဉ် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး ပေါင်းစပ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရန်၊ အစိုးရအဖွဲ့နှင့် လွှတ်တော်ကြား ကော်မတီ ချင်း ဆွေးနွေးညှိနှိုင်းရန်၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ များအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ ပညာ ရှင်များ၊ ပြည်သူများနှင့် လုပ်ငန်းကဏ္ဍအလိုက် အမြင်သဘောထား ရယူဆွေးနွေးညှိနှိုင်းရန်၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်ပပညာရှင်များနှင့် လုပ်ငန်းကဏ္ဍအလိုက်အမြင် ဖလှယ်ဆွေးနွေးညှိနှိုင်းရန်၊ မိမိတို့ တာဝန်ယူရသော လုပ်ငန်းကဏ္ဍ အလိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွား လိုအပ်ချက်များ သိရှိ အကောင်အထည် ဖော်နိုင်ရန် လေ့လာဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များနဲ့ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါသည်။

အစိုးရအဖွဲ့ဆပ်ကော်မတီများအနေဖြင့် အစိုးရအဖွဲ့တာဝန်ထမ်းဆောင်ရန် ကျန်ရှိသည့်လ ၃၀ အတွင်း လုပ်ငန်းကဏ္ဍအလိုက် သိသာထင်ရှားသော တိုးတက်မှုအကျိုးရလဒ် ရအောင် ဆောင်ရွက်ရာ၌ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်များအကြား အပြန် အလှန်ပေါင်းစပ်ညှိနှိုင်းရန် လည်းကောင်း၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လည်းကောင်း၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် လည်းကောင်း ပေါင်းစပ်ညှိနှိုင်းရေး Co-ordination တာဝန်သာမက တိုးတက်မှုအကျိုးရလဒ်ရအောင် ဆောင်ရွက်ရာ၌ အတားအဆီးအခက် အခဲဖြစ်နေသည့် ပြဿနာ ကိစ္စရပ်များ ဖြေရှင်းကျော်လွှားနိုင်ရေး ညှိနှိုင်းဖြေရှင်း သည့် Delivery Unit တာဝန်ဆောင်ရွက်ရန် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အထက်ပါတာဝန်အရပ်ရပ်ကို မြေပြင်ဆင်း၍ အကောင်အထည်ဖော်နိုင်ရန် အစိုးရ အဖွဲ့ဆပ်ကော်မတီများအား ဖွဲ့စည်းလိုက်ခြင်းဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်း ကဏ္ဍ အလိုက် Delivery Unit အဖြစ်ပါ ပူးတွဲဆောင်ရွက် ရမည့်အပြင် လွှတ်တော်ကော်မတီ အသီးသီးနှင့် ဆွေးနွေး ညှိနှိုင်းရမည်‌့ ကိစ္စရပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများနှင့် ပေါင်းစပ် ညှိနှိုင်းရမည့် ကိစ္စရပ်များကို အဖွဲ့စနစ်ဖြင့် လျင်မြန်သွက်လက်ထိရောက်စွာ ဆောင်ရွက်သွားရန် တာဝန်ပေးအပ်ထားခြင်းဖြစ် ပါကြောင်း။

ဆပ်ကော်မတီအသီးသီးတွင် တာဝန်ယူမည့်ဥက္ကဋ္ဌများအနေဖြင့်-

(က)    နိုင်ငံခြားရေးရာမူဝါဒဆိုင်ရာဆပ်ကော်မတီ ဦးတင်ဦးလွင် (ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန)

(ခ)     ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ ဒေါက်တာတင်ရွှေ (ဒုတိယဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန)

(ဂ)     ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆပ်ကော်မတီ ဦးစိုးတင့် (ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)

(ဃ)    လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍဆပ်ကော်မတီ ဦးအုန်းသန်း (ဒုတိယဝန်ကြီး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)

(င)     မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာဆပ်ကောမတီ ဦးခင်မောင်အေး (ဒုတိယဝန်ကြီး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန)

(စ)     ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ စီးပွားရေးပူးပေါင်းညှိနှိုင်းရေးဆပ်ကော်မတီ ဒေါက်တာ မောင်မောင်သိမ်း (ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာန)

(ဆ)    အခွန်အကောက်ဆိုင်ရာဆပ်ကော်မတီ ဒေါက်တာလင်းအောင် (ဒုတိယဝန်ကြီး၊ ဘဏ္ဍာ ရေးဝန်ကြီးဌာန)

(ဇ)     စွမ်းအင်သယံဇာတနှင့် ဓာတ်သတ္ထုဆိုင်ရာဆပ်ကော်မတီ ဦးမြင့်ဇော် (ဒုတိယဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန)

(ဈ)     စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆပ်ကော်မတီ ဒေါ်လဲ့လဲ့သိန်း (ဒုတိယဝန်ကြီး၊ အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ)

(ည)    ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ ဒေါက်တာပွင့်ဆန်း (ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)

(ဋ)     အာဆီယံစီးပွားရေးအသိုက်အဝန်းဆိုင်ရာဆပ်ကော်မတီ ဒေါက်တာဒေါ်ခင်စန်းရီ (ဒုတိယဝန်ကြီး၊ အမျိုးသားစီမံကန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)

(ဌ)     အသေးစားနှင်‌့ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုဆပ် ကော်မတီ ဦးမျိုးအောင် (ဒုတိယဝန်ကြီး၊ စက်မှုဝန်ကြီးဌာန)

(ဍ)     ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာဆပ်ကော်မတီ ဦးတင်ငွေ (ဒုတိယဝန်ကြီး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန)

(ဎ)     ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖံှ့ဖြိုးရေးဆပ်ကော်မတီ ဒေါက်တာစန်းလွင် (ဒုတိယ ဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)

(ဏ)    အလုပ်အကိုင်နှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ ဦးဘုန်းဆွေ (ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန)

(တ)    အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာဆပ်ကော်မတီ ဦးသန်းဆွေ (ဒုတိယဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီးဌာန)

(ထ)    ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆပ်ကော်မတီ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း (ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန)

(ဒ)     ဥပဒေကြမ်းဆိုင်ရာ ဆပ်ကော်မတီ ဦးထွန်းထွန်းဦး (ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး)

(ဓ)     နိုင်ငံသားများ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူအခွင့်အရေးဆိုင်ရာဆပ် ကော်မတီ ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း (ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန)

(န)     တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဆပ်ကော်မတီ ဦးအောင်သိမ်း (ဒုတိယဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန-၄)

(ပ)     ကာကွယ်ရေးဆိုင်ရာဆပ်ကော်မတီ ဗိုလ်ချုပ်ကျော်ညွန့် (ဒုတိယဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးဌာန)

(ဖ)     ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆပ်ကော်မတီ ဗိုလ်မှူးချုပ်ကျော်ဇံမြင့်(ဒုတိယဝန်ကြီး၊ ပြည်ထဲ ရေးဝန်ကြီးဌာန)

(ဗ)     တိုင်းရင်းသားရေးရာဆပ်ကော်မတီ ဗိုလ်ချုပ်မောင်မောင်အုန်း(ဒုတိယဝန်ကြီး၊ နယ်စပ် ရေးရာဝန်ကြီးဌာန)

(ဘ)    အလုပ်သမားရေးရာနှင့် တောင်သူလယ်သမား ရေးရာဆပ်ကော်မတီ ဦးကျော်ကျော်ဝင်း (ဒုတိယဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)

(မ)     အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာဆပ်ကော်မတီ ဦးသောင်းထိုက် (ဒုတိယဝန်ကြီး၊ အားကစား ဝန်ကြီးဌာန)

(ယ)    မြေအသုံးချမှုဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဗိုလ်မှူးချုပ်ကျော်ဇံမြင့် (ဒုတိယဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန) တို့ ဖြစ်ပါတယ်။ သီးခြားဖွဲ့စည်းမှုအနေနဲ့

(ရ)     ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ ဒေါက်တာဒေါ်ခင်စန်းရီ (ဒုတိယဝန် ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန) တို့ဖြစ်ပါသည်။

ဥက္ကဋ္ဌကြီးခင်ဗျား။ လွှတ်တော်ကော်မတီအသီးသီးက ဆိုင်ရာကဏ္ဍအလိုက် ဥပဒေပြုစုခြင်း၊ အစိုးရဌာနများ၏ လုပ်ငန်းကဏ္ဍများ ဆွေးနွေးညှိနှိုင်းခြင်းတို့ ပြုလုပ်ရာ၌ ဌာနကိုယ်စားလှယ် အချို့ သာ သွားရောက်ဆွေးနွေးခဲ့ပြီး ပြန်လည်တင်ပြအကောင်အထည်ဖော်မှုအပိုင်းတွင် အားနည်းလျက်ရှိသောကြောင့် အစိုးရနှင့် လွှတ်တော် ဆက်ဆံဆောင်ရွက်မှု ပိုမို အဆင်ပြေချော့မွေ့စေရန် အစိုးရအဖွဲ့ ဆပ်ကော်မတီများက သွားရောက်တွေ့ဆုံ ဆွေးနွေးပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ကော်မတီသို့ ပြန်လည် တင်ပြဆွေးနွေးညှိနှိုင်း၍ နိုင်ငံတော်သမ္မတထံ တင်ပြခြင်း၊ အစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက် တင်ပြခြင်းများ ဆောင်ရွက်သွားရန် ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ရေးရာကော်မတီများအနေဖြင့် အဆိုပါကော်မတီ အသီးသီးသို့ Fax, e-mail, Phone ဖြင့် တိုက်ရိုက်ဆက်သွယ် ညှိနှိုင်းဆွေးနွေးနိုင်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။