|
အမည် |
ဦးကြည်သာ |
|
အခြားအမည် |
ဦးညီလေး |
|
လူမျိုး/ဘာသာ |
ရခိုင်/ ဗုဒ္ဓဘာသာ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/ဒဂန(နိုင်)ဝ၁၆၇၃၀ |
|
မွေးသက္ကရာဇ်/အသက် |
၁၉.၅.၁၉၅၀/(၆၀)နှစ် |
|
မွေးဖွားရာဇာတိ |
ရတနာမြိုင်ကျေးရွာ၊ ဂွမြို့နယ် |
|
ပညာအရည်အချင်း |
B.E (Mechancial) |
|
လက်ရှိအလုပ်အကိုင် |
ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) ရေအားလျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်း |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဖိုးစိန် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ကျင်ဟုန်း၊ ၁၂/သဃက(နိုင်) ၁၀၁၇၅၉၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မာမာအေး၊ ၁၂/ဒဂန(နိုင်) ၀၀၃၀၅၄၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မပန်းအိဖြူသာ၊ ၁၂/ဒဂန(နိုင်) ၀၂၃၈၁၀၊ မှီခို (၂) မောင်ထင်လင်းသာ၊ ၁၂/ဒဂန(နိုင်) ၂၀၆၈၈၁၊ မှီခို (၃) မဟေမန်ကြည်သာ၊ ၁၂/ဒဂန(နိုင်) ၀၂၉၈၀၂၊ မှီခို |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၉၅)၊ ပတ္တမြားလမ်း၊ ရတနာအိမ်ရာ၊သာကေတမြို့နယ်။ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဂွမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အ.မ.က (ရတနာမြိုင်)၊ အ.လ.က (ကျိန္တလီ)၊ အ.ထ.က (သံတွဲမြို့)တို့တွင် ပညာသင်ကြားခဲ့ ပြီးနောက် ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူးခဲ့ပြီး B.E (Mechanical)ဘွဲ့ရရှိခဲ့သည်။ ၁၈.၁၀.၁၉၇၃ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားပေး ကော်ပို ရေးရှင်းတွင် လက်ထောက်အင်ဂျင်နီယာအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ မိုးကုတ်မြို့၊ သာစည်မြို့၊ ရန်ကုန်ရုံးချုပ် နှင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း (နေပြည်တော်) တွင် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ဂွမြို့နယ်၌ မျက်စိဝေဒနာရှင် (၈၆၈) ဦးအား အခမဲ့စမ်းသပ်စစ်ဆေးပြီး (၁၈၂) ဦးအား ခွဲစိတ်ကုသပေးခြင်း၊ ရတနာမြိုင်ကျေးရွာတွင် နှစ်ထပ်ကျောင်း ဆောင် ဆောက်လုပ်လှူဒါန်းခြင်းနှင့် ရဟိုင်ဖျားကျေးရွာနှင့် ကျောက်ချွန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဆိုလာပြားများ လှူဒါန်းခြင်း လူမှုရေးလုပ်ငန်း များကို ဆောင်ရွက်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် စက််မှုစီးပွားထူးချွန်ဆု(ဒုတိယဆင့်) ချီးမြှင့်ခြင်း ခံရသည်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ သြစတြီးယား၊ ပြင်သစ်၊ အီတလီ၊ ဆွစ်ဇာလန်၊ စပိန်နိုင်ငံများ တွင် ရေအားလျှပ်စစ်ဘာသာရေးနှင့်ပတ်သက်၍ သင်တန်းများ၊ လေ့လာရေးနှင့် စာတမ်းဖတ်ပွဲများသို့ တက်ရောက်လေ့လာ ခဲ့သည်။ |
