လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့် နိုင်ငံခြားကုမ္ပဏီတို့ပူးပေါင်းပြီး နိုင်ငံတော်စီမံကိန်းကို အတူပူးပေါင်းလုပ်ကိုင်နေပြီး ၎င်းစီမံကိန်းသည် ပန်းတောင်းမြို့နယ်အတွင်းဆောင်ရွက်နေရာမှာ ပြည်သူနှင့်ထိတွေ့လုပ်ကိုင်ရသည့်လုပ်ငန်း၏ တစ်ရာခိုင်နှုန်းခန့်သာ ပြီးစီးပြီးကျန် ၉၉ ရာခိုင်နှုန်းခန့်သော လုပ်ငန်းကိုဆက်လက်ဆောင်ရွက်ပြီးကျေးရွာအုပ်စု ၁၆ အုပ်စု၏ ရွာ ၆၇ ရွာနှင့်ပတ်သက်လုပ်ကိုင်ရမည်ဖြစ်ကြောင်းနှင့် အစွန်းထွက်ဂဏန်းမျှသာရှိသည့် ရွာခုနစ်ရွာမှ ပြည်သူအချို့ ကန့်ကွက်နေကြသည်ဟုလည်း ကြားသိရပါကြောင်း၊ယခုနှစ် ဇွန်လအတွင်းအဆိုပါလုပ်ငန်းကိုပန်းတောင်းမြို့နယ်အတွင်းဆောင်ရွက်ရာတွင် အနယ်နယ်အရပ်ရပ်မှပြည်သူများ လာရောက်လုပ်ကိုင်ကြသလိုပန်းတောင်းမြို့နယ်မှလည်းလုပ်ကိုင်ခဲ့ကြပါကြောင်း၊ ထိုသို့ဝင်ရောက်လုပ်ကိုင်သူများမှ မိမိတို့လုပ်ကိုင်ခဲ့သည့်အတွက် လစာနှင့် အခွင့်အရေးများရရှိရန် အခက်အခဲများကြုံတွေ့နေရကြောင်း၊၎င်းပြဿနာများဖြေရှင်းနိုင်ရန်အတွက် MOGE မှတာဝန်ရှိသူများကိုမေးမြန်းသည့်အခါ ၎င်းတို့က MOGEနှင့် မသက်ဆိုင်ပါကြာင်း၊ ငှားရမ်းလုပ်ကိုင်သည့်တစ်ဆင့်ခံကုမ္ပဏီနှင့်သာသက်ဆိုင်ကြောင်းလစာမရသည့်ကိစ္စကြောင့် မကျေနပ်မှုများမိမိတို့မြို့နယ်တွင်ဖြစ်ပွားခဲ့ပါကြောင်း၊ မည်သည့်ပြဿနာကြောင့်ဖြစ်စေလုပ်ငန်းကိုထိခိုက်မည်ဆိုပါကMOGE အနေဖြင့်တာဝန်ရှိသည်ဟုဆိုနိုင်ပါကြောင်း၊ ထို့ကြောင့် မည်သည့်ပြဿနာများမျှမဖြစ်အောင် အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ပြီး ကြီးကြပ်ကွပ်ကဲရမည်ဖြစ်ပါကြောင်း၊ လုပ်ကိုင်ခွင့်ရကုမ္ပဏီမှလုပ်ငန်းဖော်ဆောင်နိုင်ရန်တစ်ဆင့်ခံကုမ္ပဏီကိုထပ်မံငှားရမ်းလုပ်ကိုင်သည်ဟုဆိုသော်လည်းMOGE နှင့်လုပ်ကိုင်ခွင့်ရ ကုမ္ပဏီပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်စီမံကိန်းအောင်မြင်ရန်၄င်လုပ်ငန်းနှင့် ပတ်သက်သည့် အရပ်ရပ်ကိစ္စကို MOGE မှကြီးကြပ်ကွပ်ကဲရန်လိုအပ်မည်ဖြစ်ပါသောကြောင့်အစိုးရစီမံကိန်းသို့မဟုတ်အစိုးရခွင့်ပြုချက်ဖြင့်လုပ်ကိုင်လျက်ရှိသောရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းများဆောင်ရွက်ရာတွင် ပြင်ပအလုပ်သမားများအားအလုပ်သမားတစ်ယောက်ရရှိရမည့်လစာအခွင့်အရေးတို့အတွက်အာမခံပေးနိုင်ရန်လုပ်ကိုင်ခွင့်ရကုမ္ပဏီနှင့် အဆင့်ခံကုမ္ပဏီတို့အား ကြီးကြပ်ကွက်ကဲပေးရန်အစီအစဉ်ရှိ/မရှိကိုသိလိုပါကြောင်းမေးမြန်းပါသည်။
မြန်မာနိုင်ငံအတွင်းရှိသည့် ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ရေနံရှာဖွေခြင်းနှင့် သဘာဝဓာတ်ငွေ့ရှာဖွေခြင်းလုပ်ငန်းများကို ပြည်ပရေနံကုမ္ပဏီများနှင့် တင်ဒါခေါ်ဆိုပြီးတင်ဒါအောင်မြင်သည့်သူများကိုထုတ်လုပ်မှုအပေါ် ခွဲဝေခံစားမှု ဆိုင်ရာစာချုပ်ချုပ်ဆိုပြီးလုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အချိန်တွင်ရေနံရှာဖွေစမ်းသပ်ခြင်းကိုစတင် လုပ်ကိုင်ခြင်းဖြစ်ပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှိ/မရှိရှာဖွေစမ်းသပ် လုပ်ကိုင်ခွင့်ရ သည့် ကုမ္ပဏီများသည်မိမိတို့လုပ်ကိုင်ခွင့် ရရှိသည့်လုပ်ကွက်နယ်မြေများတိုင်းတာခြင်း၊ စမ်းသပ်ရှာဖွေခြင်းလုပ်ငန်းများကိုဆောင်ရွက်ကြပါကြောင်း၊ ထို့သို့ဆောင်ရွက်သည့်အချိန်တွင် ပြည်တွင်းကုမ္ပဏီများကို ၎င်းတို့မှ ထပ်ဆင့်တင်ဒါခေါ်ယူပြီးလုပ်ငန်းထပ်မံအပ်နှံခြင်းဖြစ်ပါကြောင်း၊ ထိုသို့အပ်နှံခြင်းဖြင့် မြန်မာနိုင်ငံအတွင်းမှာရှိသည့်ပုဂ္ဂလိကကုမ္ပဏီများအနေနှင့် ပြည်ပကုမ္ပဏီများနှင့်တွဲဖက်လုပ်ကိုင် ခွင့်ရရှိခြင်း၊ နိုင်ငံခြားဝင်ငွေရရှိခြင်း၊ နည်းပညာပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ အတွေ့အကြုံများတိုးပွားလာခြင်း၊ အလုပ်အကိုင်များရရှိခြင်းစသည့် အခွင့်အလမ်းများရရှိလာမည်ဖြစ်ပါကြောင်း၊ တယ်။လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် ကုန်းတွင်းပိုင်း EP4 လုပ်ကွက်သည်ပဲခူးတိုင်းအနောက်ပိုင်းပန်းတောင်းမြို့နယ်အတွင်းတည်ရှိပြီး နိုင်ငံတကာရေနံကုမ္ပဏီဖြစ်သည့်BASHNEFT International B.V ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီ Sun Apex Company တို့တင်ဒါအောင်မြင်ပြီး MOGE နှင့် ၂၀၁၄ ခုနှစ်တွင်စာချုပ်ချုပ်ဆိုပြီးစမ်းသပ်ရှာဖွေတိုင်းတာရေးလုပ်ငန်းများကိုဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ၎င်းကုမ္ပဏီမှ Services ပေးသည့်ကုမ္ပဏီဖြစ်သည့် Asian Oilfield Services ကုမ္ပဏီကိုအချို့သော Services လုပ်ငန်းများထပ်ဆင့်အပ်နှံခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ Services ရသည့် ကန်ထရိုက်တာကုမ္ပဏီမှ ပြည်တွင်းနောက်ထပ်ကုမ္ပဏီတစ်ခုဖြစ်သည့် PHYOE Drilling Services ကုမ္ပဏီကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင်လုပ်ငန်းအပ်နှံပြီး၎င်းတို့၏ အစီအစဉ်ဖြင့် စာချုပ်ချုပ်ဆိုလုပ်ကိုင်ခဲ့သည်ဟုသိရပါကြောင်း၊ မူလMOGE နှင့် စာချုပ်ချုပ်ဆိုသည့် ပြည်ပကုမ္ပဏီမှ Services ကုမ္ပဏီတစ်ခု၎င်း Services ကုမ္ပဏီမှ တဆင့် ပြည်တွင်း Services ပေးသည့်အခြားသောကုမ္ပဏီလေး၊ ငါး၊ ခြောက်ခုကိုသက်ဆိုင်ရာလုပ်ငန်းအသီးသီးအလိုက် အပ်နှံဆောင်ရွက်သည့်အချိန်တွင်၎င်းတို့ထပ်ဆင့်ငှားရမ်းသည့်ကုမ္ပဏီအချင်းချင်းကြားတွင်ငွေကြေးပေးချေမှုများပျက်ကွက်ခဲ့သည့် အခြေအနေဖြစ်ပါကြောင်း၊ အဆိုပါကိစ္စများကြောင့် PHYOE ကုမ္ပဏီမှ ဝန်ထမ်းများလစာမရရှိခြင်းဖြစ်ကြောင်း၊ တကယ်တမ်းဆိုပါက PHYOE ကုမ္ပဏီပိုင်ရှင် ကိုယ်တိုင် ၎င်းကုမ္ပဏီ၏ ဝန်ထမ်းများကိုလစာပေးရမည်ဖြစ်ပါကြောင်း၊ သို့သော် PHYOE ကုမ္ပဏီကိုထပ်ဆင့် Services ပေးသည့် ကုမ္ပဏီမှငွေမပေးသည့်အတွက် PHYOE ကုမ္ပဏီပိုင်ရှင် ကိုယ်တိုင်၎င်းတာဝန်ကိုတာဝန်မခံခြင်းဖြစ်ပါကြောင်း၊ MOGE အနေဖြင့်တရားဝင်စာချုပ်စာတမ်းများအရမိမိတို့နှင့် PSC contract ချုပ်ဆိုထားသည့် BASHNEFT International B.V ကုမ္ပဏီ ၏တိုက်ရိုက်တာဝန်ပျက်ကွက်မှုဆိုပါကမိမိတို့ MOGE အနေဖြင့်တာဝန်ယူတာဝန်ခံ၍ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါကြောင်းနှင့် စာချုပ်စာတမ်းများအရ ပြည်တွင်းကုမ္ပဏီ၊ Services ကုမ္ပဏီအချင်းချင်း ချုပ်ဆိုထားသည့်စာချုပ်များပျက်ကွက်မှုကို MOGE အနေဖြင့်တိုက်ရိုက်ကိုင်တွယ် ဖြေရှင်း နိုင်ရန်မဖြစ်နိုင်ပါကြောင်း၊ သို့ရာတွင် ယခုကိစ္စနှင့်ပတ်သက်ပြီး MOGE နှင့်တိုက်ရိုက် စာချုပ်ချုပ်ဆိုထားသည့် BASHNEFT International ကုမ္ပဏီကို MOGE အနေဖြင့်ညှိနှိုင်းဖြေရှင်းပေးသွားမည် ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။
