ပင်လောင်းမြို့နယ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၁ အရ ပင်လောင်းမြို့၊နောင်တရားမြို့နှင့် ပေါင်းလောင်းမြို့ စသည့်မြို့သုံးမြို့နှင့် ရပ်ကွက် ၁၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ ကျေးရွာ ပေါင်း ၄၃၂ ရွာဖြင့် ဖွဲ့စည်းထားသော မြို့ဖြစ်ပါကြောင်း၊ ပင်လောင်းမြို့ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၁-၂-၀၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ရပ်ကွက် ၁၀ ရပ်ကွက်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ရာ တိုင်းတာခြင်း မပြုရသေးသော ရင်းမှီးရပ်ကွက်နှင့် ကိုးခေါင်ရပ်ကွက်တွင် အိမ်ပေါင်း ၇၁၂ အိမ် ကျန်ရှိ နေပါကြောင်း၊ နောင်တရားမြို့ကို ပြည်ထဲရေးဝန်ကြီးဌာန ၂၁-၁-၀၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ရပ်ကွက်(၃)ရပ်ကွက် ဖြင့်ဖွဲ့စည်းထားပြီး အိမ်ခြေပေါင်း ၉၀၁ အိမ်နှင့် မြို့ဧရိယာ ၂၇၁၉ ဧက တိုင်းတာ ရန် ကျန်ရှိနေပါကြောင်း၊ ၎င်းမြို့သည် ယခင် မြို့နယ်ခွဲဖြစ်ပြီးအစိုးရရုံးစိုက်သည့် မြို့တစ်မြို့ဖြစ်ပါ ကြောင်း၊ ပေါင်းလောင်းမြို့သည် ပြည်ထဲရေးဝန်ကြီးဌာန ၏ ၂၃-၆-၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အရ ရပ်ကွက် (၆)ရပ်ကွက်နှင့် ဖွဲ့စည်းပေးထားခြင်းဖြစ် ပါကြောင်း ၊ ပေါင်းလောင်းမြို့သည် နေပြည်တော် နှင့် ပင်လောင်းမြို့အကြားရှိ ဟိုကုန်းရွာကို ဗဟိုပြုပြီး အထက်ပေါင်းလောင်းရေအား လျှပ်စစ်တမံ တည်ဆောက်သည့်နေရာ တွင် ရေဝပ် ဧရိယာ ကို ရောက်ရှိ သွားသည့် ကျေးရွာပေါင်း ၂၂ ရွာကို စုစည်းပြီး မြို့အဖြစ်တည်ထောင်ပေးထားသော မြို့သစ်ဖြစ်ပါကြောင်း၊ လိန့်လိမ့်ကြိုး တံတားလည်း ရှိပါကြောင်း၊ အဆိုပါ မြို့များကို ကွက်စိပ်/ကွက်ကြဲများ တိုင်းတာခြင်း မပြုလုပ်ရသေးပါကြောင်း၊ မိမိသိလိုသည်မှ ပင်လောင်း၊ နောင်တရားနှင့် ပေါင်းလောင်းမြို့များအား မြို့ကွက်များစနစ်တကျ ရှိရန် အတွက် ကွက်စိပ်/ကွပ်ကြဲတိုင်းတာပေးနိုင်ရန်အစီအစဉ်ရှိ/မရှိနှင့် ရှိပါကလိုအပ်သော ဝန်ထမ်း အင်အား နှင့် ဘတ်ဂျက်လျာထားချက်များကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် သတ်မှတ်ထားခြင်း ရှိ/မရှိ တို့ကိုသိလိုကြောင်း မေးမြန်းပါသည်။
မြို့မြေတိုင်းတာခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နေရာပိုင်ဆိုင်မှုပြဿနာ၊ နယ်နိမိတ် ပြဿနာများပေါ်ပေါက်လာပါက ဖြေရှင်းဆောင်ရွက်ဖို့ရန်အတွက် နယ်နိမိတ်သတ်မှတ်ရေး အရာရှိ (နယ်သတ်ဝန်)နှင့် နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ(နယ်ခြားဝန်)တို့ကို ခန့်ထားရန်အတွက် ၁၈၈၀ခုနှစ်၊မြန်မာနိုင်ငံတော်မြေနယ်သတ်အက်ဥပဒေပုဒ်မ၂ တွင် နိုင်ငံတော်အစိုးရမင်းတို့က မည်သူ ကိုမဆို အမည်သညာဖြင့်ဖြစ်စေ၊ ရာထူးဌာနန္တရ အလျောက်ဖြစ်စေ၊ နယ်ခြားဝန်နှင့် နယ်သတ်ဝန်များ ဖြစ်စေရန်၊ အရာကာလအားလျော်စွာခန့်ထားခွင့်ရသည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်များတွင်ရှိသည့် မြို့များမှအပ မြန်မာနိုင်ငံရှိ ကျန်မြို့နယ် များအားလုံးတို့အတွက် နယ်နိမိတ်သတ်မှတ်ရေးအရာရှိ(နယ်သတ်ဝန်)အဖြစ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်းကောင်း၊ နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ (နယ်ခြားဝန်)အဖြစ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးများ ကိုလည်းကောင်း၊ သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့တို့မှ တိုင်းတာမည့်မြို့၊ နယ်နိမိတ်သတ်မှတ်ရေးနှင့် နယ်နိမိတ်ကြပ်မတ်ရေး အရာရှိများ၏ အမည် စာရင်း၊ ရန်ပုံငွေကျခံသုံးစွဲမည့်အစီအစဉ်များနှင့် အတူတင်ပြလာပါက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနဖြင့် ညှိနှိုင်းပြီး နိုင်ငံတော်အစိုးရ၏ကိုယ်စား ဝန်ကြီးဌာနမှအမိန့် ကြော်ငြာစာ ထုတ်ပြန်ပြီး ခန့်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်နိမိတ်သတ်မှတ်ရေးအရာရှိနှင့် နယ်နိမိတ် ကြပ်မတ်ရေးအရာရှိတို့မှ ၁၈၈၀ ခုနှစ်၊ မြန်မာနိုင်ငံတော် မြေနယ်သတ်အက် ဥပဒေ ပါ သတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ အောက်ပါလုပ်ငန်း အဆင့်ဆင့်တို့ကို ဆောင်ရွက်ရပေးရပါကြောင်း၊ (က) ပဏာမနယ်နိမိတ်သတ်မှတ်ခြင်းနှင့် မြေတိုင်းတာခြင်း၊ (ခ) ပိုင်ဆိုင်ခွင့်စုံစမ်းခြင်းနှင့် နောက်ဆုံး နယ်နိမိတ်သတ်မှတ်ခြင်း၊ (ဂ) မြေပြင်တိုင်းတာခြင်း၊ (ဃ) မြေပိုင်ဆိုင်မှုစာရင်းများပြုစုခြင်း၊ (င) မြေတိုင်းအကွက် Block အလိုက်၊ မြေတစ်ကွက်ချင်း မြေကွက်အလိုက် သတ်မှတ်ပုံစံများဖြင့် ပိုင်ဆိုင် ခွင့် စုံစမ်းမှုပြုလုပ်ပြီး ဦးပိုင်ခွဲခြင်း၊ မြို့မြေယာစာရင်းရေးဆွဲခြင်းတို့ ဖြစ်ပါကြောင်း၊ နယ်နိမိတ်ကြပ်မတ် ရေး အရာရှိသည် ၁၈၈၀ ခုနှစ်၊ မြန်မာနိုင်ငံတော်မြေနယ်သတ်အက်ဥပဒေပုဒ်မ ၄ မှ ပုဒ်မ ၁၀ အထိ သတ်မှတ်ပြဋ္ဌာန်း ချက်များနှင့်အညီ ပဏာမနယ်နိမိတ်သတ်မှတ်ခြင်းနှင့် မြေတိုင်းတာခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ရပြီး၊နယ်နိမိတ်သတ်မှတ်ရေးအရာရှိသည် ပိုင်ဆိုင်ခွင့်စုံစမ်းစစ်ဆေးသည့် အရာရှိ ဖြစ် ပါကြောင်း၊ မြေနယ်သတ်အက်ဥပဒေ ပုဒ်မ ၁၁ မှ ပုဒ်မ ၁၅ ထိ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ အစိုးရမြေကိုကျုးလွန်ခြင်း၊ အစိုးရမြေနှင့်မြေလက်ရှိဖြစ်သူများအတွက် အငြင်းအခုံဖြစ်ခြင်းများကို တိကျစွာ ဆုံးဖြတ်နိုင်ရန်အတွက် ဦးပိုင် နယ်နိမိတ်များ မှတ်သားခြင်းမရှိသည့် မြေများပေါ်တွင် အမှတ် အသား များစိုက်ထူပြီး ဦးပိုင်နယ်နိမိတ်သတ်မှတ်ဆောင်ရွက်ရပါကြောင်း၊ မြို့မြေတိုင်းတာခြင်း လုပ်ငန်းကို ၁၈၈၀ ခုနှစ်၊ မြန်မာနိုင်ငံတော် မြေနယ်သတ်အက်ဥပပုဒ်မ၂ အရ နယ်နိမိတ်သတ်မှတ် ရေးအရာရှိနှင့် နယ်နိမိတ်ကြပ်မတ်ရေးအရာရှိတို့ကို ခန့်အပ်တာဝန်ပေးပြီး သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုများအရဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည့်အတွက် ခွင့်ပြုချက် ရရှိပြီးမှသာ မြေတိုင်းတာရန်အတွက် ရန်ပုံငွေများကို တင်ပြတောင်းခံရပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိသည့် အပေါ်မူ တည်ပြီး လုပ်ငန်းများကို ဆောင်ရွက်ရပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တို့၏ ဖြေကြားချက် အရ (က) တောင်ကြီးခရိုင်၊ ပင်လောင်းမြို့သည် မူလရပ်ကွက် (၆) ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသည့် နေရာတွင် ကန်သာဦးရပ်ကွက်၊ မင်္ဂလာကွက်သစ်ရပ်ကွက်၊ ကိုးခေါင်ရပ်ကွက်၊ ရင်းမှီး ရပ်ကွက် လေးခုတို့ကိုထပ်မံတိုးချဲ့ပြီး ရပ်ကွက်၁၀ ရပ်ကွက်ဖြစ် ပြည်ထဲရေးဝန်ကြီး ဌာနမှ ၁၅-၁-၁၀ ရက်စွဲပါအမိန့်ကြော်ငြာစာအရလည်းကောင်း၊ နောင်တရားမြို့ကိုရပ်ကွက်(၃)ရပ်ကွက်ဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၁-၂-၀၃ ရက်စွဲပါ အမိန့်ကြော်ငြာစာ အရ လည်းကောင်း၊ ပေါင်းလောင်း မြို့ကို ရပ်ကွက်(၆)ရပ်ကွက်ဖြင့် ပြည်ထဲရေးဝန်ကြီး၏ ၂၃-၆-၁၅ ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ် (၈၀၁/၂၀၁၅)အရ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ပင်လောင်းမြို့ ၊ နောင်တရားမြို့နှင့် ပေါင်းလောင်းမြို့တို့ကို မြို့မြေခွန်စည်းကြပ်ကောက်ခံနိုင်ရေး အတွက် မြေတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ၁၂-၁၀-၁၆ ရက်စွဲပါ အမိန့် ကြော်ငြာ စာအမှတ်(၄၁/၂၀၁၆)ဖြင့် ၁၈၈၀ ခုနှစ်၊ မြန်မာနိုင်ငံတော် မြေနယ်သတ်အက်ဥပဒေပုဒ်မ ၂ အရ ပင်လောင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးများကို နယ်နိမိတ် သတ်မှတ်ရေးအရာရှိ အဖြစ်လည်းကောင်း၊ ပင်လောင်းမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်း ဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးကို နယ်နိမိတ်ကြပ်မတ်ရေး အရာရှိအဖြစ်လည်းကောင်း သတ်မှတ်တာဝန်ပေးခန့်အပ်ပြီး ဖြစ်ပါကြောင်း၊ ၎င်းအမိန့်ကြော်ငြာစာအရ နယ်နိမိတ် သတ်မှတ်ရေး အရာရှိနှင့် နယ်နိမိတ်ကြပ်မတ်ရေး အရာရှိတို့ကို ခန့်အပ်ပြီးဖြစ်သည့်အတွက် မြို့မြေခွန်စည်းကြပ် နိုင်ရေးအတွက် မြေတိုင်းတာရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၅-၁၀-၁၆ ရက်စွဲပါ စာအမှတ်၊ ၁/၃၁-၁(၄၇၃)ဦး ၁ (အထဥ) ဖြင့် တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ပင်လောင်းမြို့နယ်၏ ကွက်စိပ်/ကွက်ကြဲတိုင်းတာ သတ်မှတ်ခြင်းလုပ်ငန်း ဆောင်ရွက်သည့်နေရာတွင် ကုန်ကျမည့်ခန့်မှန်းကုန်ကျစရိတ်ကို ၂၀၁၇-၁၈ဘဏ္ဍာရေးနှစ် တွင် သုံးစွဲခွင့်ပြုမိန့်ရရှိရန် စနစ်တကျတွက်ချက် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း နှင့် ခွင့်ပြုမိန့်ရရှိပါက ကွက်စိပ်/ကွက်ကြဲတိုင်းတာခြင်း လုပ်ငန်းကို လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ မြို့များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်လောင်းမြို့နယ်ရှိ ရင်းမှီးရပ်ကွက် နှင့် ကိုးခေါင် ရပ်ကွက် ၊ နောင်တရားမြို့ရှိ မြို့ဧရိယာ ၂၇၀၉ ဧက နှင့် ရပ်ကွက်(၃) ရပ်ကွက်၊ ပေါင်းလောင်းမြို့ ရပ်ကွက် (၆) ရပ်ကွက်တို့ကို မြို့ကွက်များစနစ်တကျ တည်ရှိရေးရန်အတွက် ကွက်စိပ် /ကွက်ကြဲတိုင်းတာခြင်း လုပ်ငန်းကို ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုနှင့် ဆောင်ရွက် လျက်ရှိပါကြောင်းနှင့်မိမိဝန်ကြီးဌာန အနေဖြင့်လိုအပ်သည့်နည်းပညာတို့ကို ပူးပေါင်းပါဝင် ဆောင်ရွက် ပေး သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
