ဦးခွန်မောင်သောင်း( ပင်လောင်း မဲဆန္ဒနယ်)

အမည်

ဦးခွန်မောင်သောင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ပအိုဝ်း/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/ပလန(နိုင်)၀၀၂၅၆၁

မွေးသက္ကရာဇ်/အသက်

၅-၃-၁၉၅၀/(၆၅)နှစ်

မွေးဖွားရာဇာတိ

ပင်မွန်းတောင်ရွာ၊ ပင်မွန်းကျေးရွာအုပ်စု၊ ပင်လောင်းမြို့နယ်

ပညာအရည်အချင်း

B.A(ပထဝီ)

လက်ရှိအလုပ်အကိုင်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးပဲ၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်လေး၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မူနု (ခ) ဒေါ်ဝါနု၊ ၁၃/ပလန(နိုင်)၀၀၂၄၃၁၊ ကုန်စုံဆိုင်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဒေါ်မြတ်မိုးဝါ၊ ၁၃/ပလန(နိုင်)၀၀၁၇၃၉၊ ကုန်စုံဆိုင်

(၂) ဦးခွန်ကျော်ခမ်း၊ ၁၃/ပလန(နိုင်)၀၀၁၇၄၀၊ ကုန်စုံဆိုင်

(၃) ဒေါက်တာခွန်စိုးမိုးကျော်၊ ၁၃/ပလန(နိုင်) ၀၄၅၅၈၀၊ ဆေးခန်း၊ ဒါရိုက်တာ၊ ကောင်တန်ကုမ္ပဏီ

အမြဲတမ်းနေရပ်လိပ်စာ

န/၁၃၂၊ စကားဝါလမ်း၊ မင်္ဂလာကွက်သစ်ရပ်၊ ပင်လောင်းမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ပင်လောင်းမြို့နယ်(ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို ၁၉၆၀ မှ ၁၉၆၇အထိ ကြံခင်းမြို့နယ်၊ မျောက်ချောကုန်း အ.လ.ကတွင်လည်းကောင်း၊ ၁၉၆၇ မှ ၁၉၆၉အထိ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ အ.ထ.ကတွင်လည်းကောင်း၊ ၁၉၆၉ မှ ၁၉၇၃ ထိ ပုသိမ်ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်တို့ တွင်လည်း ကောင်း ပညာသင်ကြားခဲ့ပြီး ပထဝီဝင် အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါ သည်။
သ/မဦးစီး စာရင်းစစ် အဖြစ်လည်းကောင်း၊ မြို့နယ်တရားသူကြီးအဖြစ် လည်းကောင်း၊ ပြည်သူ့ကောင်စီအဆင့်ဆင့်တွင် မြို့နယ်အတွင်းရေး မှူး နှင့် ဥက္ကဋ္ဌတာဝန်များထမ်းဆောင်ခဲ့ပါသည်။ မဆလခေတ်တွင် ပါတီစိတ်မှူးအဖြစ်လည်းကောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် ကြံ့ခိုင်ရေးအတွင်းရေး မှူးအဖြစ်လည်းကောင်း၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) တွင်အတွင်းရေးမှူး(၃)နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်းဆောင် ရွက်ခဲ့ပါသည်။
၁၉၈၈မှ၂၀၁၀အထိ ကုန်သည်အဖြစ် လည်းကောင်း၊ စာသင်တိုက်တည်ထောင်ခြင်း၊ စာပေနှင့် ယဉ်ကျေး မှုလုပ်ငန်းများ၊ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဂေါပက၊ ရပ်မိရပ်ဖစသည့် လူမှုရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခဲ့ပါသည်။၂၀၁၁ ခုနှစ် မှ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလအထိ ပင်လောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပါသည်။