မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများ ဈေးကွက်စီးပွားရေး စနစ်စတင်ပြီး ပေါ်ပေါက်လာသည့် ၁၉၈၉-၉၀ ခုနှစ်တွင်စပြီး မြန်မာနိုင်ငံ ကုမ္ပဏီများအများအပြား ပေါက်ပေါက်ခဲ့ပါကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၂၀၀၈-၀၉ ခုနှစ် ခန့်တွင် ကုမ္ပဏီအများအပြား ဖြတ်သိမ်းသွားခဲ့ရခြင်းများ တွေ့ရပါကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရအသစ်လက်ထက်တွင် ကုမ္ပဏီများအများအပြား ထပ်မံပေါ်ပေါက်လာပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းအများကို ဆောင်ရွက်သည့်အခါတွင် တင်ဒါစနစ်ဖြင့် ဆောင်ရွက်စေခဲ့ကြောင်း၊ ယနေ့ မြန်မာနိုင်ငံတွင် ကုမ္ပဏီများနှင့်ပတ်သက်ပြီး ၁-၄-၂၀၁၄ ရက်နေ့က ပြဋ္ဌာန်းခဲ့သည့် The Burma Companies Act ဆိုသည့် အက်ဥပဒေတစ်ခုသာရှိပြီး ယင်းဥပဒေကို နိုင်ငံတော်ငြိမ်းဝပ်ပိပြားရေး တည်ဆောက်ရေးအဖွဲ့ လက်ထပ်တွင် ပြင်ဆင်ခြင်းကို အနှစ် ၈၉-၉၀ တစ်ခု ပြင်ဆင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယနေ့ထိ လည်း သုံးစွဲနေသည်ကိုတွေ့ရှိရပါကြောင်း၊ ၎င်းဥပဒေသည် ၁၉၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သော်လည်း ဥပဒေပေါင်း ရှစ်ကျူး အပါအဝင် ပုဒ်မပေါင်း ၄၀၀ နီးပါးရှိပြီး အလွန်ပြည့်စုံပါကြောင်း၊ မြန်မာနိုင်ငံတွင် ယခုအခါ ကုမ္ပဏီလိမိတက်၊ အများပိုင်ကုမ္ပဏီကော်ပရေးရှင်းနှင့် ကိုယ်တွေ့ကုမ္ပဏီများ ပေါ်ပေါက်လျက်ရှိပါကြောင်း၊ ကုမ္ပဏီများနှင့် ပတ်သက်သည့် အက်ဥပဒေအဖြစ် The Burma Companies Act ၁၉၁၄ နှစ် ၎င်းတို့ကို ဖြေကြားသည့် ဥပဒေနှစ်ခုသာရှိပါကြောင်း၊ အဆိုပါ အက်ဥပဒေများမှာ Limited နှင့် UnLimited ကုမ္ပဏီများပါ ပြဋ္ဌာန်းချက်ဖြစ်သဖြင့် အများပိုင်ကုမ္ပဏီများ၊ ကော်ပရေးရှင်းများနှင့် ဟိုးလ်ဒိန်းများကို မည်သည့် ဥပဒေများနှင့် သက်ဆိုင်ပါသနည်း၊ ယနေ့မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီလိမိတက်၊ အများပိုင်ကုမ္ပဏီ ကော်ပရေးရှင်းနှင့် ဟိုးလ်ဒိန်းကုမ္ပဏီများ၏ အရည်အတွက် မည်မျှရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ၊ ၁၉၅၀ ပြည့်နှစ်အထူးကုမ္ပဏီ အက်ဥပဒေများနှင့်အညီ အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီများနှင့် သက်ဆိုင်သည့်ကုမ္ပဏီ၊ ကော်ပိုရေးရှင်းနှင့် ဦးပိုင်ကုမ္ပဏီများကို ဖွဲ့စည်းမှတ်ပုံတင်ခွင့် ပြုပေးလျက်ရှိပါကြောင်း၊
၁၉၁၄ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ ၅ တွင် တာဝန်ကန့်သတ်၍ဖြစ်စေ၊ မကန့်သတ်ဘဲဖြစ်စေ၊ ဥပဒေနှင့်အညီကုမ္ပဏီများကို ဖွဲ့စည်းမှတ်ပုံတင်နိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။ ထို့အပြင် ၁၉၅၀ ပြည့်နှစ်အထူးကုမ္ပဏီအက်ဥပဒေ နိဒါန်းပိုင်းတွင်လည်း မြန်မာနိုင်ငံကုမ္ပဏီ အက်ဥပဒေတွင်ရှိသည့် အချို့သော ပြဋ္ဌာန်းချက်များနှင့် အကြောင်းအားလျော်စွာလိုအပ်လျှင် မသက်ဆိုင်သော ကုမ္ပဏီမျိုးဖွဲ့စည်းရန် ရည်ရွယ်သည့် တစ်ကြောင်း၊ ထိုကုမ္ပဏီကိုဖွဲ့စည်းရန်ကိစ္စနှင့် အခြားကိစ္စများအတွက် ပြဋ္ဌာန်းရန်လိုအပ်ကြောင်း၊ ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်ဟု ဖော်ပြပါရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေများသည် လီမိတက်ကုမ္ပဏီများ၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ ကော်ပိုရေးရှင်းအားလုံး မှတ်ပုံတင်နိုင်ပါကြောင်း၊
၎င်းဥပဒေအနက် ဖွဲ့စည်းမှတ်ပုံတင်ထားပြီး ကုမ္ပဏီသည် ၁၉၁၄ ခုနှစ်မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၈၇ အရ ဒါရိုက်တာများ ခန့်အပ်ခြင်းနှင့် ပြောင်းလဲခြင်း၊ ပုဒ်မ ၁၀၄ အရ အစုရှယ်ယာများခွဲ့ဝေ သတ်မှတ်ခြင်းနှင့် ရောင်းချခြင်း၊ ပုဒ်မ ၃၄ အရအစုရှယ်ယာများလွှဲပြောင်းခြင်း၊ ပုဒ်မ ၈၁ အရ အထူးအစည်းအဝေးကျင်းပပြီး ကုမ္ပဏီအမည်ပြောင်လဲခြင်း၊ ပုဒ်မ ၇၂ အရ ရုံးခန်းတည်နေရာပြောင်းလဲခြင်း၊ ပုဒ်မ ၇၆ အရ ကုမ္ပဏီများ၏ နှစ်ပတ်လည်အထွေထွေအရပ်ရပ် အစည်းအဝေးကျင်းပခြင်း၊ ပုဒ်မ ၁၄၅ ပုဒ်မခွဲ(က) အရ စာရင်းစစ်ခန့်ထားခြင်း၊ ပုဒ်မ ၁၅၅ မှ ပုဒ်မ ၂၄၇ အရ ဖျက်သိမ်းခြင်းနှင့် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများ၊ ပုဒ်မများကို လိုက်နာရမည့်အပြင် ဥပဒေအရကျင်းပမည့် ကုမ္ပဏီအစည်းအဝေး အစီရင်ခံစာကို ပုဒ်မ ၇၇ အရ ထပ်မံတင်ပြရခြင်း၊ ပုဒ်မ ၁၀၃ အရ လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ် ရရှိစေရေးအတွက် ပုဒ်မ ၉၂၊ ပုဒ်မ ၉၃ အရ မိမိကုမ္ပဏီ၏အကြောင်းကို ပြည့်စုံစွာဖော်ပြထားသည့် လုပ်ငန်းလမ်းညွှန်ချက် ရှင်းတမ်း သို့မဟုတ် စာတမ်းများကို တင်ပြရခြင်းများဖြင့်လည်း ထိန်းသိမ်းကွပ်ကဲ ဆောင်ရွက်ခြင်းပြုနေပါကြောင်း၊
၁၉၈၈-၁၉၈၉ ခုနှစ်မှ ၂၀၁၅-၁၆ ခုနှစ်၊ မေလကုန်အထိ ဖွဲ့စည်းထားသည့် မှတ်ပုံတင် ကုမ္ပဏီများဆိုလျှင် မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ရှေ့ဆောင်အနေဖြင့် ဖြေလျော့မှုများပေးခြင်း၊ ထို့အပြင် ကုမ္ပဏီလုပ်ငန်းများ၊ ဖွံ့ဖြိုးလုပ်ငန်းများ၊ လုပ်ကိုင်သည့်အခါတွင်လည်း တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန် ကိစ္စရပ် များကြောင့် ကုမ္ပဏီများသည် နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံကကုမ္ပဏီ အစသဖြင့် တိုးတက်များပြား လာခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ၁၉၈၈-၈၉ ခုနှစ်မှ ယခု ၂၀၁၅-၁၆ ခုနှစ်၊ မေလ ကုန်အထိ မှတ်ပုံတင်ထားသော ကုမ္ပဏီစုစုပေါင်း ၄၉၀၇၄ ခုရှိပါကြောင်း၊ မြန်မာကုမ္ပဏီအနေဖြင့် အများနှင့်မသက်ဆိုင်သော ကုမ္ပဏီ ၄၄၄၉၈၊ အများနှင့်သက်ဆိုင်တဲ့ကုမ္ပဏီ ၁၉၉ ခု၊ နိုင်ငံခြားကုမ္ပဏီ ၄၂၉၉ ခုနှင့် ဖက်စပ်ကုမ္ပဏီ ၇၈ ခုတို့ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးကြည်သာ(ဂွမဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း ၄၉၀၀၀ ကျော်ရှိပါကြောင်း၊ ယနေ့ ကုမ္ပဏီမှတ်ပုံတင်ကြေးသည် ကုမ္ပဏီတစ်ခုကို ၁၀ သိန်း ၁ သန်း ပေးရပါပြီး သန်းပေါင်း ၄၉၀၀၀ ကျော် ရရှိမည့် သဘောဖြစ်ပါကြောင်း၊ ကုမ္ပဏီများသည် အသင်းဖွဲ့မှတ်တမ်း၊ အစုရှယ်ယာ ဝေတာတို့ကအစ လုပ်ငန်းအများအပြားကို ဥပဒေအရဆောင်ရွက်ရန် လုပ်ငန်းများများစွာ အားနည်းလျက်ရှိပါကြောင်း၊ ထိုကုမ္ပဏီများကို မလိုအပ်ပဲ ဥပဒေမလိုက်နာလို့ ဖျက်သိမ်းခြင်းခံရတာမျိုး မဖြစ်ရအောင် ပညာပေးခြင်းများ စစ်ဆေးခြင်းများကို စီမံချက်ချပြီး ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း ဆက်စပ်မေးမြန်းပါသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း
ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဖြစ်ပါကြောင်း၊ ကုမ္ပဏီများကို ထိုဥပဒေများနှင့် ပတ်သက်ပြီး အသိပေး၊ ပညာပေးဥပဒေပြုလုပ်ခြင်း၊ ကုမ္ပဏီများ၏ လုပ်ငန်းမှတ်ပုံတင်သည့် အခါတွင်လည်း လွယ်ကူအောင်ဆိုပြီး နေပြည်တော်မှ ရန်ကုန်ကိုပြောင်းရွေ့ခဲ့ပါကြောင်း၊ နောက်တစ်ခါ One Stop Service ကိုလည်း ဖွင့်လှစ်ခဲ့ပါကြောင်း၊ One Stop Service တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနဝန်ထမ်းများ၊ Cashier မဝန်ထမ်းများနှင့် ပြည်တွင်းအခွန်မှ ဝန်ထမ်းများစသဖြင့် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများ အားလုံးပူးပေါင်းပြီး ရုံးဖွင့်လှစ်၍ ကုမ္ပဏီများ၏ အဆင်ပြေမှုသက်သာချောင်ချိရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်/ တိုင်းများကိုလည်းသွားပြီး ညွှန်ကြားမှူးဦးစီးဌာနအား လုပ်ငန်းလုပ်ကိုင်မည့် လူများ၏ ရင်းနှီးမြှုပ်နှံမည့်သူများ၊ ကုမ္ပဏီလုပ်မည့်လူများ အားလုံးအတွက်ကို ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ ကုမ္ပဏီများထောင်မည်ဆိုလျှင်လည်း ပတ်သက်ပြီးတော့ ဘာတွေလိုက်နာသင့်သည် မည်သည့်အက်ဥပဒေများကို ထိန်းသိမ်းသင့်သည် စသဖြင့်အချက်အလက်များ သင်တန်းများအမြဲတမ်း ဖွင့်လှစ်ပို့ချနေပါကြောင်း၊ သို့ရာတွင် ပြည်နယ်/တိုင်းအားလုံးတွင် ဦးစီးဌာနအနေဖြင့် သင်တန်းများသွားပြီး ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ စိတ်ပါဝင်စားသည့် အဓိက လုပ်ငန်းရှင်များ တက်ရောက်နိုင်ပါကြောင်း၊ နောက် OSS များ ဖွင့်ပြီးဆောင်ရွက်လျက်ရှိကြောင်း၊ ရှင်းလင်းဖြေကြားပါသည်။
