(ဂ)-ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ ကျေးရွာများ အတွက်သောက်သုံးရေလုံလောက်မှုရရှိရန်သက် ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့မှစီမံဆောင်ရွက် ထားရှိမှု အခြေအနေကို သိလိုခြင်း နှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၀)ရက်မြောက်နေ့ (၈.၆.၂၀၁၅)

ဦးသန်းစိန် (ကြည့်မြင်တိုင်) ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် ရွာပေါင်း ၁၁ ရွာ၊ လူဦးရေပေါင်း ၄၄၀၅၉ ဦး နေထိုင်လျက်ရှိပြီး အဆိုပါရွာ ၁၁ ရွာတွင် သောက်ရေကန်ပေါင်း  ၅၁ ကန်သာရှိသည့် အတွက် ထိုသောက်ရေကန်များသည် နွေရာသီရေခန်းခြောက်မှု ဖြစ်ပေါ်လာပြီး လာပြီး သောက်သုံးရေးသုံးစွဲမှုပြဿ ာများကို နေစဉ်နှင့်အမျှ ဒေသခံပြည်သူများ ရင်ဆိုင်နေရပါကြောင်း၊ ထိုပြဿနာကို ဖြေရှင်းရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရေသံဃာစဉ်များ၊ အလှူရှင်များက ရေသန့်ဘူးများ လှူဒါန်းမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော်လည်း လူဦးရေ များပြားသည့် အတွက် ထိုပြဿနာကို ထိရောက်ဖြေရှင်းနိုင်မှုမရှိပါကြောင်း၊ မိမိတို့ ၅ လမ်း ၂၅၀၀ ဆံ့ တံမန်ရေနှင့် သောက်သုံးရေများကို ပေးဝေပေးခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ရွာတစ်ဖက်ကမ်း တံမန်များမှ လှောင်ကန်ကနေတဆင်‌့ စုစည်းပေးပြီး ရပ်ကွက်လူထုကို မိမိတို့က အလှည့်ကျစနစ်ဖြင့် ပေးဝေပါကြောင်း၊ အလှည်‌့ကျတန်းစီနေသည့် ရှည်လျားသောသောက်သုံးရေရရှိရန် အတွက်ကိုသာ ပင်ပန်းဆင်းရဲစွာဖြင့် တန်းစီနေရပြီး ပင်ပင်ပန်းပန်းနှင့် ရေလေးတစ်ပုံးရရန်အတွက် အိမ်ရောက်သည်အထိ သယ်ယူနေရပါကြောင်း၊ ကြည်‌့မြင်တိုင်တစ်ဖက်ကမ်း သောက်သုံးရေ လုံလောက်မှုရရှိစေရန် သက်ဆိုင်ရာပြည်ထောင်စု အစိုးရအဖွဲ့မှ မည်သို့စီမံဆောင်ရွက်ထားခြင်းရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန(၁)၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း