ဦးသန်းစိန် (ကြည့်မြင်တိုင် မဲဆန္ဒနယ်)

အမည်

ဦးသန်းစိန်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ဗဟန(နိုင်)ဝ၁၅၃၄၅

မွေးသက္ကရာဇ်/အသက်

၂၄-၈-၁၉၆၂

မွေးဖွားရာဇာတိ

ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ပညာအရည်အချင်း

B.Sc (Maths), M.Sc (Q)

လက်ရှိအလုပ်အကိုင်

ကိုယ်ပိုင်သင်တန်းနည်းပြဆရာ (သင်္ချာ/ရူပ)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးခင်သောင်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြကြည်၊ ၁၂/ဗဟန(နိုင်)၀၁၅၀၉၈၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဇင်နီမြင့်၊ ၁၂/အလန(နိုင်)၀၄၀၉၆၈၊ ကိုယ်ပိုင်သင်တန်းနည်းပြ (အင်္ဂလိပ်စာ)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်သန့်ဇင်၊ ၄ တန်း။၊
(၂)
မောင်သုတအောင်၊ မူကြို။

အမြဲတမ်းနေရပ်လိပ်စာ

၇၄/ဗိုလ်ဥတ္တမလမ်း၊ ဘောဂရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကြည့်မြင်တိုင် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က အ-ထ-က(၁)ကြည့်မြင်တိုင်နှင့် အ-ထ-က(၁)ဗဟန်းတို့တွင် ပညာသင်ကြားခဲ့ပြီး B.Sc (Maths), M.Sc(Q) ဘွဲ့ရရှိခဲ့သည်။ ကိုယ်ပိုင်သင်တန်းနည်းပြဆရာအဖြစ် ဗဟန်းမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့တွင် လုပ်ကိုင်ခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ရပ်ကွက်စည်းရုံးရေးမှူး၊ ၁၉၉၇ ခုနှစ်မှ ယနေ့အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း မြို့နယ်အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ကြည့်မြင်တိုင်၊ ရန်ကင်း၊ တွံ့တေး၊ တောင်ဥက္ကလာပမြို့နယ်နှင့် အင်းစိန်မြို့နယ်များတွင် နှစ်စဥ်ကျောင်းသား ၁၀၀၀ ကျော်တို့အား ပညာဒါနအခမဲ့ သင်ကြားပေးခဲ့သည်။ ကြည့်မြင်တိုင်မြို့နယ် အမျိုးသားညီလာခံ တိုင်းရင်းသားကိုယ်စားလှယ်တာဝန်ထမ်းဆောင်ခဲ့သည်။