(ဂ)-တောင်တွင်းကြီးမြို့နယ်အတွင်း ပဲခူးရိုးမပေါ်ရှိ ဝံအော်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းကို အခြေခံပညာမူလတန်းလွန်ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၁၁.၃.၂၀၁၉)

 

ဝံအော်ကြီးမူလတန်းကျောင်း တည်ရှိသည် ဝံအော်ကြီးကျေးရွာသည် တောင်တွင်းကြီး-နေပြည်တော် ကားလမ်း၏  နံဘေးတွင်ရှိပါကြောင်း၊ ရွာသူရွာသားအများစုသည် ပဲခူးရိုးမကိုမှီပြီး မျှစ်ချိုး၊ ဖားရိုက်၊ ငါးနှိုက်၊ ဝါးခုတ်၊ ထင်းခုတ်တောင်ယာအလုပ်ဖြင့် အသက်မွေးကြရသူများ ဖြစ်သည့်အတွက် စီးပွာရေးကျပ်တည်းကြ ပါကြောင်း၊ ရွာတွင်အိမ်ခြေတစ်ရာကျော် ရှိသော်လည်း လျှိုမြောင်၊  တောင်ကုန်းများပေါ်တွင် ပျံ့နှံ့တည်ရှိ နေခြင်းဖြစ်ပါကြောင်း၊

 ရွာတွင်ရှိသည့် မူလတန်းကျောင်းသည် တွဲဖက်မူလတန်းကျောင်းမှ ယနေ့မူလတန်းကျောင်းအထိ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီး ဖြစ်ပါကြောင်း၊  မူလတန်းကျောင်းနှင့် အနီးဆုံးအလယ်တန်း ကျောင်းသည် ၁၀ မိုင်ကျော် ကွာဝေးသည့် သပြေပင်ကျေးရွာတွင်လည်းကောင်း၊ အထက်တန်း ကျောင်းသည် ၁၅ မိုင်ခန့်ကွာဝေးသည့် ကင်ပွန်းတောင်တွင် ရှိသည့်အတွက် ဝံအော်ကြီးကျေးရွာမှ စတုတ္ထတန်းအောင်မြင်ခဲ့သည့် ကျောင်းသား/သူ များအနေဖြင့် အဆိုပါကျောင်းများသို့ သွားရောက်ရန်သည် အင်မတန်ခက်ခဲပါကြောင်း၊ အဆိုပါ ကျေးရွာမှ ကျောင်းက ကျောင်းသား/သူ လေးများအနေဖြင့် စတုတ္ထတန်းအောင်ပြီးသည်နှင့် ဆက်လက်၍ ကျောင်းဆက်တက်နိုင်ခြင်း မရှိဘဲ ရိုးမတောင်တန်းပေါ် ရိုးမလျှိုမြောင်များအကြား မိဘများနှင့်အတူ တောင်ယာအလုပ်၊ မျှစ်ချိုး၊ ဆောင်းတွင်ဝါးခုတ်၊ ထင်းခုတ်လုပ်ကြရပါကြောင်း၊

ထို့ကြောင့် နေပြည်တော်လမ်းမကြီးနံဘေးက မူတန်းကျောင်း၏ ကျောင်းသားများ အလယ်တန်းပညာ သင်ယူခွင့်ရရန် ကျောင်းသားအရေအတွက် စံသတ်မှတ်ချက် အဓိကမထားဘဲ မူလတန်းလွန်ကျောင်းကလေး အဆင့်သာ တိုးမြှင့်ဖွင့်လှစ် ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီး ဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်အတွင်းတွင် အခြေခံပညာ မူလတန်းကျောင်းခွဲ () ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း () ကျောင်း၊ အခြေခံပညာမူလတန်း လွန်ကျောင်း () ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ () ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၁၃) ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ () ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းတစ်ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း (၃၆) ကျောင်းကို ပြီးခဲ့သည့်နှစ်အတွင်း အဆင့်တိုးမြှင့်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊

 မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဝံအော်ကြီးအခြေခံပညာ မူလတန်းကျောင်းနှင့် မူလတန်း အဆင့်သင် ကျောင်းသား/သူ စိစစ်သည့်အခါ ကျောင်းသား/သူဦးရေ ၈၃ ဦးသာရှိကြောင်း၊ သို့သော် အနီးဆုံး ပညာသင်ကျောင်းဖြစ်သည့် ကင်ချောင်းအခြေခံပညာ အထက်တန်းကျောင်း ၁၃ မိုင်ခန့် ကွာဝေးသည်ကို တွေ့ရှိရသည့်အတွက် တောင်တွင်းကြီးမြို့နယ် ဝံအော်ကြီးအခြေခံပညာ မူလတန်းကျောင်းကို ၂၀၁၉-၂၀ ပညာသင်နှစ်အတွင်း ကျောင်းအဆင့် တိုးမြှင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံပညာမူလတန်းလွန် ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။