ဦးမင်းသိန်း ( တောင်တွင်းကြီးမဲဆန္ဒနယ်)

အမည်

ဦးမင်းသိန်း

အခြားအမည်

ဦးမြင့်ထွန်း

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၈/တတက(နိုင်)၀၀၈၁၆၅

မွေးသက္ကရာဇ်/အသက်

၅-၇-၁၉၅၆ /(၆၀)နှစ်

မွေးဖွားရာဇာတိ

တောင်တွင်းကြီးမြို့

ပညာအရည်အချင်း

B.Ed,H.G.P Part(1)

လက်ရှိအလုပ်အကိုင်

ကိုယ်ပိုင်သင်တန်းကျောင်းဆရာ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမိုးတုန်၊ ကျောင်းဆရာ၊ (ကွယ်လွန် )

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သိန်းညွန့်၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မိုင်သန်းရီ၊ ၈/တတက(နိုင်)၀၀၈၁၆၆၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်စွမ်းအောင်၊ ၈/တတက(နိုင်) ၁၄၅၂၉၅၊ အထက်တန်းပြဆရာ

(၂) မောင်ပိုင်စိုး၊ ၈/တတက(နိုင်)၁၆၁၈၁၃၊ စာရေး-ကမ္ဘောဇဘဏ်၊ မြေနီကုန်း၊ ရန်ကုန်

(၃) မောင်ချမ်းမြေ့၊ ၈/တတက(နိုင်)၁၈၂၇၆၈၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

ဥပုသ်ဈေးအနီး၊ တောင်ပြင်(၁)ရပ်ကွက်၊ တောင်တွင်းကြီးမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်အလုပ်အမှုဆောင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တောင်တွင်းကြီးမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို တောင်တွင်းကြီးမြို့၊ အ.ထ.က(၂)တွင် ၁၉၇၃ ခုနှစ်အထိ ပညာသင်ယူခဲ့သည်။ ၁၉၇၃ ခုနှစ်မှ ၁၉၇၄ ခုနှစ်တွင် ပညာရေးတက္ကသိုလ် (ရန်ကုန်)၌ တက်ရောက်ပညာသင်ယူခဲ့ပြီး ၁၉၈၀ ခုနှစ်တွင် B.Edဘွဲ့ ရခဲ့သည်။ ၁၉၈၁ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့၊ အ.ထ.ကတွင် အထက်တန်းပြဆရာအဖြစ်လည်းကောင်း ၁၉၈၇ ခုနှစ်မှ ၁၉၈၉ ခုနှစ်ထိ တောင်တွင်းကြီးမြို့ အ.ထ.က(၂)တွင် အထက်တန်းပြဆရာအဖြစ် လည်းကောင်း ရာထူးတာဝန်များ ထမ်းဆောင်ခဲ့သည်။
တောင်တွင်းကြီးမြို့၊ လောကအလင်း စာကြည့်တိုက်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲတော် မကွေးခရိုင် ကိုယ်စားပြုသံချပ်အဖွဲ့နှင့် တောင်တွင်းကြီးမြို့ မဟာသင်္ကြန်များတွင် သံချပ်စာသားများ ရေးပေးခဲ့သည်။