(က)-ဗဟိုဘဏ်သည် Deposit Auction Market အကောင်အထည် ဖော်နိုင်ရန်၊ စီးပွားရေး အဖွဲ့ အစည်းများ၏ ရန်ပုံငွေများကို ပုဂ္ဂလိကဘဏ်များ သို့ခွဲဝေပေးနိုင်ခြင်းရှိ/မရှိနှင့် နိုင်ငံတော်ဘဏ်များ မှအရှုံးပေါ်နေမှုများလျှော့ချနိုင်ခြင်းရှိ/မရှိနှင့် စပ် လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၈၇)ရက်မြောက်နေ့ (၂၅.၈.၂၀၁၅)

ဗဟိုဘဏ်သည် Deposit Auction Market အကောင်အထည် ဖော်နိုင်ရန် နိုင်ငံတော် အစိုးရနှင့် ပတ်သက်သော စီးပွားရေး အဖွဲ့အစည်းများ၏ ရန်ပုံငွေများကို ပုဂ္ဂလိကဘဏ်များသို့ ခွဲဝေအပ်နှံရန် စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် နိုင်ငံတော်ဘဏ်များမှ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်သဖြင့် ဖြစ်ပေါ်နေသည့် အရှုံးပေါ်နေမှုများ လျှော့ချနိုင်ရန် စီမံဆောင်ရွက်ထားရှိမှု အခြေအနေ မည်သို့ရှိသည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

ယနေ့အချိန်တွင် ဗဟိုဘဏ်သည် Deposit Auction Market ကို စတင်ဆောင်ရွက်နေသည်ဟု သိရပါကြောင်း၊ ထို့ပြင် အောင်မြင်သည့် Auction Market ဖြစ်ပေါ်လာခြင်းမရှိသေးခြင်းကြောင့် နိုင်ငံတော်ဘဏ်များ၏ အပ်နှံငွေများနှင့် ပုဂ္ဂလိကဘဏ်များ၏ အပ်နှံငွေများ ကွာဟနေသည်ကိုလည်း သိရှိရပါကြောင်း၊ Deposit Auction ပေါ်ပေါက်ရန် နိုင်ငံတော်ဘဏ်များအနေဖြင့် အစိုးရ အဖွဲ့အစည်းများနှင့် စီးပွားရေးအဖွဲ့အစည်းများက အတိုးမပေးရသည့် Current Account များကို အများအပြားလက်ခံ ထားခြင်းကြောင့် Cost of Fund သက်သာခြင်းရှိသည်ဟု သိရှိရပါကြောင်း၊ ပုဂ္ဂလိကဘဏ်များ၏ အနေအထားသည် အများပြည်သူထံမှ ငွေများကို အတိုး ၈ ရာခိုင်နှုန်းဖြင့် လက်ခံထားရခြင်းဖြစ်သည့်အတွက် ပုဂ္ဂလိကဘဏ်များ၏ Cost of Fund သည် များပြားနေခြင်း ဖြစ်သည့်အတွက် ပုဂ္ဂလိက ဘဏ်များအနေဖြင့် ငွေများကို ဗဟိုဘဏ်သို့ ရောင်းချနိုင်ခြင်းမရှိဘဲ နိုင်ငံတော် ဘဏ်က ဘဏ်များကသာလျှင် ရောင်းချထားသည်ကိုတွေ့ရှိရပါကြောင်း၊ သို့ပါ၍ Deposit Auction Market အပြည့်အဝအကောင်အထည်ဖော်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပတ်သက်သော စီးပွားရေး အဖွဲ့အစည်းများ၏ ရန်ပုံငွေများကို ပုဂ္ဂလိကဘဏ်များသို့ ခွဲဝေအပ်နှံရန် စီမံဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကိုလည်းကောင်း၊ နိုင်ငံတော်ဘဏ်များက ရင်းနှီးမှုမပြု လုပ်နိုင်ခြင်း ကြောင့် ဖြစ်ပေါ်နေသည့် အရှုံးများကို လျော့ချနိုင်ရန် မည်သို့ စီမံဆောင်ရွက်ထားသည်ကို လည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယဝန်ကြီး ဦးဆက်အောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဖြေကြားချက် 

ယခုမေးမြန်းခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး၏ မေးခွန်းတွင်  နိုင်ငံတော်အစိုးရနှင့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရန်ပုံငွေကို ပုဂ္ဂလိကဘဏ်များတွင် ခွဲဝေအပ်နှံနိုင်ခြင်းရှိ/မရှိ၊ နိုင်ငံပိုင်ဘဏ်များက ရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်သဖြင့် ဖြစ်ပေါ်နေသည့် အရှုံးပေါ်နေမှုများ လျှော့ချနိုင်ရန် စီမံဆောင်ရွက်ထားမှုအခြေအနေ၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရန်ပုံငွေ များကို ပုဂ္ဂလိကဘဏ်များအား ခွဲဝေအပ်နှံနိုင်ခြင်းမရှိဘဲ နိုင်ငံပိုင်ဘဏ်များတွင်သာ အပ်နှံနိုင်သည့် အတွက် ယင်းဘဏ်များ၌ Liquidity အများအပြားရှိနေပြီး  Deposit Auction တွင် အနိမ့်ဈေးနှင့် ဝင်ရောက်လျက်ရသည့်အတွက်  Deposit Auction ကို အပြည့်အဝအကောင်အထည်မဖော်နိုင်ခြင်း စသည့် မေးခွန်း (၃)မျိုးကိုတွေ့ရှိရပါကြောင်း၊  
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်များကို စိစစ်ကြီးကြပ်ရရသည့်အဖွဲ့ဖြစ်သော်လည်း  နိုင်ငံပိုင်ဘဏ်များသည် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်တွင် ရှိသည့်အတွက် ပထမနှင့် ဒုတိယ မေးခွန်းများသည် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်သာ သက်ဆိုင်ပြီး တတိယ မေးခွန်းသည် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်နှင့် တိုက်ရိုက်သက်ဆိုင်ပါကြောင်း၊  ထို့ကြောင့် ပထမနှင့် ဒုတိယမေးခွန်းများနှင့် ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောထား မှတ်ချက်ကို ပြန်လည် ဖြေကြားပေးမည်ဖြစ်ပါကြောင်း၊ ပထမမေးခွန်းနှင့် ပတ်သက်၍ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်သည် ဘဏ္ဍာရေးစည်းမျဉ်းအရ ဝန်ကြီးဌာန၊ ဦးစီးဌာနများ၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ အားလုံးသည် နိုင်ငံပိုင်ဘဏ်များဖြစ်သော မြန်မာ့စီးပွားရေး ဘဏ် များတွင် ဌာနဆိုင်ရာငွေထုတ်မှုစာရင်းများ ဖွင့်လှစ်၍ ရငွေများကို ထည့်သွင်းခြင်း၊ အသုံးစရိတ်များကို ထုတ်ယူသုံးစွဲခြင်းတို့ကို ပြုလုပ်ဆောင် ရွက်ရပါကြောင်း၊  ငွေစုစာရင်းများ ဖွင့်လှစ်နှင့် ပုဂ္ဂလိကဘဏ်များတွင် အပ်နှံခွင့်မရှိကြောင်း၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် စီးပွားရေး ဆန်ဆန်ဆောင်ရွက်နိုင်ရေးနှင့် မိမိတို့၏ ငွေကြေးအင်အားပေါ် မိမိတို့ ရပ်တည်နိုင်ရေးမူနှင့်အညီ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၂၀၁၂ ခုနှစ်မှစတင်ကာ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့် အညီ ဌာနဆိုင်ရာငွေထုတ်စာရင်းများ သာမက သီးခြား ငွေစာရင်း တစ်ရပ်ကို ဖွင့်လှစ်ထားရှိ ဆောင်ရွက်စေပါကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးနှစ်ကုန်ဆုံး ချိန်တွင် ၎င်းသီးခြားငွေစာရင်းရှိ လက်ကျန်များကို လာမည့်ဘဏ္ဍာရေးနှစ်သို့ ဆက်လက်သယ်ဆောင် သွားနိုင်ပါကြောင်းနှင့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရန်ပုံငွေ များကို ပုဂ္ဂလိကဘဏ်ခွဲများတွင် ခွဲဝေအပ်နှံခွင့်မရပါကြောင်း၊
ဒုတိယမေးခွန်းနှင့်ပတ်သက်၍ ဘဏ္ဍာရေးဝန်ကြီးဌာနရှိ နိုင်ငံပိုင်ဘဏ်များအနေဖြင့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှရရှိသည်အပ်ငွေများအား အကျိုးအမြတ်ရရှိရေးအတွက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း များ၊ စိုက်ပျိုးရေးကဏ္ဍများ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသို့ ချေးငွေထုတ်ချေး ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းများအား စိစစ်၍ ခိုင်မာမှသာ ထုတ်ချေးရခြင်း၊ နိုင်ငံတော်၏ မူဝါဒအရ အတိုးနှုန်းသက်သာစွာဖြင့် အချို့သော ချေးငွေများကို ထုတ်ချေးရခြင်းတို့ကြောင့် အရှုံးပေါ်ရခြင်းဖြစ်ပါကြောင်းနှင့် ထိုသို့အရှုံးပေါ်ပါက သာမန်အားဖြင့် နိုင်ငံတော်က ထောက်ပံ့ငွေထုတ်ပေးခြင်းဖြင့် ဖြည့်ဆည်းရပါကြောင်း၊  ယခုအခါ နိုင်ငံပိုင်ဘဏ်များ အနေဖြင့် ဝင်ငွေတိုးတက်မှုရရှိစေရန်၊ အသုံးစရိတ်များကာမိစေရန်အတွက် Treasury Bill Auction နှင့် Deposit Auction တို့တွင် ပါဝင်ဆောင်ရွက်စေခြင်း၊ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ခြင်း၊ အရည်အသွေးပြည့်မီသောချေးငွေများကို ထုတ်ချေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
တတိယမေးခွန်းနှင့်ပတ်သက်၍  မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ ငွေကြေးဖောင်းပွမှုဖြစ်နေချိန်တွင် တင်းကြပ်သော ငွေကြေးမူဝါဒဟုခေါ်ဆိုသည့် ကွန်ထရက်ရှင်နရီ မော်နထရီ Policy ကို ကျင့်သုံးလျက်ရှိပါကြောင်း။ ထို့ကြောင့် Deposit Auctionနှင့် အဆိုပါ စနစ်အတွင်းရှိ ငွေကြေး Liquidity ကို ဆပ်ကပ်လုပ် လုပ်ယူရပါကြောင်း၊  ထိုသို့ဆောင်ရွက်ရာတွင်လည်း Deposit Auctionသည်  နည်းလမ်းတစ်ခုဖြစ်ပါကြောင်း၊   မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Deposit Auction ကို ဆောင်ရွက်လျက်ရှိချိန်တွင်  နိုင်ငံပိုင်ဘဏ်များဖြစ်အနေဖြင့် Deposit Auction ငွေကြေးအမြောက်အမြားကို အသုံးပြုပြီး အောက်ဈေးသုံး၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ကြုံခဲ့ရမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် မြန်မာ့စီးပွားရေးဘဏ်ကို Non-Competitive Bidder အနေဖြင့်ထားရှိပြီးနောက်ပိုင်း Deposit Auction သည် ပိုမိုအောင်မြင်လာသည်ကိုတွေ့ရှိရပါကြောင်း၊ Liquidity အပိုင်းတွင်လည်း ပုဂ္ဂလိကနှင့် နိုင်ငံတော်ပိုင်ဘဏ်များရှိ ငွေကြေးများကိုလည်း Liquidity ဆောင်ရွက်နိုင်မှသာ Deposit Auction ကို အောင်မြင်စွာလုပ်နိုင်မည်ဖြစ်ပြီး Military Policy ကို အကောင်အထည်ဖော် နိုင်မှာဖြစ်ပါကြောင်း၊
ထို့ကြောင့် တင်းကြပ်သော ငွေကြေး Policy ကို အကောင်အထည်ဖော်ဆောင်နိုင်ရန် မြန်မာ့စီးပွားရေး ဘဏ်ကို Non-Competitive Bidder အဖြစ်အနေဖြင့်ထားရှိပြီး Deposit Auction ကိုလည်း ပမာဏ နှစ်ဆတိုး ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးအုန်းငွေ(မြောင်)    က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ယခု ဖြေကြားခဲ့ရာတွင် ဘဏ္ဍာရေးဝန်ကြီးဌာနအပိုင်းနှင့် ဗဟိုဘဏ်အပိုင်းဟူ၍  နှစ်ပိုင်းဟူ၍ ပါရှိ မည်ဖြစ်ပါကြောင်း၊ ယနေ့ ဒေါ်လာဈေးများ ၁၃၀၀ ဝန်းကျင်အထိဈေးတက်လာခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်ဘဏ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်၍ အရှုံးပေါ်နေသည် ကိစ္စရပ်များနှင့် ဆက်စပ်မှုရှိ/မရှိ၊ အများပြည်သူအပ်နှံငွေ စုစုပေါင်း၏ ငွေသား ၁၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်တွင် အပ်ရမည်ဟု မူလက သတ်မှတ်ထားရှိသော်လည်း ယခုအချိန်သည့် စမ်းသပ် ၅ ရာခိုင်နှုန်းသာ သတ်မှတ် ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ အဆိုပါ ငွေသား ၅ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်နေရာတွင်ပင် ငွေသား ကျပ်ဘီလီယံပေါင်း ၁၂၀၀၀ ရှိမည်ဖြစ်သည့်အတွက် ဗဟိုဘဏ် အနေဖြင့် အဆိုပါ ငွေသားများကို မည်သို့  ထိန်းသိမ်းကိုင်တွယ်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊    ဒုတိယဝန်ကြီး ဦးဆက်အောင်
မြန်မာနိုင်ငံငွေကြေးသည် လွန်ခဲ့သည့် တစ်လခန့်က အတော်ပင် ငြိမ်သက်ခဲ့ပြီးနောက်ပိုင်း တရုတ် YBB က RMB က တရုတ်နိုင်ငံတွင် ဒီဇဲလု ပြုလုပ်ခဲ့ပါကြောင်း၊ ထို့ကြောင့်  နိုင်ငံတော်တော်များများ၏ ငွေကြေးများလည်း အတော်ပင် ကျဆင်းခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ငွေကြေး ကမောက်ကမ တစ်ကမ္ဘာလုံးပင်ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံနှင့်  အမေရိကန်နိုင်ငံများတွင် Stop Market သို့သော် မြန်မာနိုင်ငံတွင် လွန်ခဲ့သော တစ်ရက်ခန့်မှ စတင်ကာ ပြန်လည် တည်ငြိမ်လာသည့်ကို တွေ့ရှိရပါကြောင်းပြီး  ၈၃ နှင့် ၈၅ ကြား ပြန်လည် ကျဆင်းလာသည်ကိုတွေ့ရှိရပါကြောင်း၊
ဒေါ်လာငွေကြေးနှင့် မြန်မာနိုင်ငံဘဏ်များ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်း၍ ထိုကဲ့သို့ ငွေကြေး အနေအထားမျိုးဖြစ်ပေါ်နေပါက ကုမ္ပဏီများအနေဖြင့် အပြင်ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လိုခြင်း မရှိ တော့သည့်အတွက်  နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များအနေဖြင့် ငွေချေးပေးရမှု အနည်းငယ် လျော့နည်း သွားမည်ဖြစ်ပါကြောင်း၊  ငွေကြေးဖောင်းပွမှုကို ဗဟိုဘဏ်အနေဖြင့် ထိန်းသိန်းနေရခြင်း ဖြစ်သည့်အတွက် ချေးငွေတက်ခြင်းက လျော့ပါးအောင် ဆောင်ရွက်ရသည့်အနေအခြေ အနေသည်လည်း ငွေကြေးဖောင်းပွမှုကို ပိုမို ထိန်းချုပ်နိုင်ခြင်းကြောင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်သည်ကိုလည်း တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ Result အကွာမန့်ဟုခေါ်သည့် 10 Percent မှ 5 percent ချခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်သည့် အချိန်တွင် Deposit Auction အနေဖြင့် အဆိုပါ စနစ်ထဲကရှိသော ငွေကြေးများကို ဆက်ကပ်လုပ် စုပ်ယူရပါကြောင်း၊ Result အကွာမန့် သဘောအနေဖြင့် ပုဂ္ဂလိကနှင့် နိုင်ငံပိုင်ဘဏ်များက ငွေချေးနိုင်သော အင်အားကို ထိန်းချုပ်ခြင်းဖြစ်ပါကြောင်းနှင့် ထိုသို့ ထိန်းချုပ်နိုင်မှသာ ငွေကြေး ဖောင်းပွမှုကို တိုက်ရိုက် အဖက်စ် မရှိတော့မည် ဖြစ်ပါကြောင်း၊ ထိုသို့ ငွေချေးနိုင်သည့်အင်အားကို ထိန်းချုပ်နိုင်ရန်အတွက် ဘဏ်များရှိသည့် ငွေကြေး၏ 5 Percent ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် Cost အနေဖြင့် ထားရှိရန် ကြေညာထားခြင်းဖြစ်ပါကြောင်း၊  Cost Managementနှင့် ပတ်သက်၍  မြန်မာ နိုင်ငံတော်ဗဟိုဘဏ်တွင် လာထားမည့် Cost များကို အကုန် လက်ခံနေသော်လည်း ငွေသား Small Note များဖြင့် လာရောက်အပ်နှံခြင်းကို လက်ခံခြင်းမပြုပါကြောင်း၊   Date Note များကိုမူ  Result အကွာမန့် ပြည့်သည် အထိ လာထားခွင့်ရှိကြောင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာ ထားရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် Cost Management ကို သေချာစွာ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။