|
အမည် |
ဦးအုန်းငွေ |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၅/မမန(နိုင်)၀၃၈၉၅၂ |
|
မွေးသက္ကရာဇ်/အသက် |
၁၅-၂-၁၉၅၂/ (၅၉)နှစ် |
|
မွေးဖွားရာဇာတိ |
ဘူးကိုင်းကျေးရွာ၊ မြောင်မြို့ |
|
ပညာအရည်အချင်း |
သိပ္ပံဘွဲ့ (ရူပဗေဒ)၊ |
|
လက်ရှိအလုပ်အကိုင် |
အရောင်းအဝယ် (ပွဲရုံ) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဘထွန်း (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အေးစိန် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်စန်းစန်း၊ ၅/မမန(နိုင်) ၀၃၈၉၅၂၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်မိုးကျော်သူ၊ ၅/မမန(နိုင်)၀၅၆၄၈၈၊ အရောင်းအဝယ် (၂) မောင်အေးချမ်းသူ၊ ၅/မမန(နိုင်)၀၇၂၆၆၀၊ ဗိုလ်ကြီး တ.က.စ (၃) မအေးမြသိင်္ဂီ၊ ၅/မမန(နိုင်) ၀၇၆၂၇၄၊ ဆေးဝါးကျွမ်းကျင်(၂) FDA နေပြည်တော် |
|
အမြဲတမ်းနေရပ်လိပ်စာ |
၁၁ - လမ်း၊ မြို့သစ်ရပ်၊ မြောင်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြောင်မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အခြေခံပညာကို ဘူးကိုင်းမြို့နယ် အ-မ-က၊ မြောင်မြို့နယ် ကျောက်ရစ် အ-လ-က၊ ပန်းဘဲတန်းမြို့နယ် အ-ထ-က နှင့် လသာမြို့နယ် အ-ထ-က (၁) တို့၌ သင်ယူခဲ့သည်။ မကွေးကောလိပ်တွင် ပညာသင်ကြားခဲ့ပြီး သိပ္ပံဘွဲ့(ရုပဗေဒ)ဘွဲ့ရရှိခဲ့သည်။ ပရိမ္မမြို့နယ် တွဲဖက် အ-လ-က နှင့် ကျောက်ရစ်မြို့ တွဲဖက် အ-ထ-က တို့တွင်လည်းကောင်း၊ မြောင်မြို့နယ် သမဝါယမအသင်းနှင့် ပါတီယူနစ်စည်းရုံးရေးကော်မတီတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ လမ်းစဥ်ပါတီ၊ မြို့နယ်ပါတီတွင် ကော်မတီဝင်အဖြစ်လည်းကောင်း၊ အမျိုးသားညီလာခံကိုယ်စားလှယ် အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ လမ်းစဥ်ပါတီတွင် ပါတီယူနစ်ကော်မတီနှင့် ပါတီစည်းရုံးရေး ကော်မတီဝင် တာဝန်များ ထမ်းဆောင်ခဲ့သည်။ |
