ဝက်လက်မြို့နယ်၊ ရွှေပန်းကုံး စံပြကျေးရွာ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ခွင့်ရရှိရေးနှင့် တိုက်နယ်ဆေးရုံအဆောက်အဦဆောက်လုပ် ပေးရန် အစီအစဉ်ရှိ/မရှိဆိုတဲ့မေးခွန်းကို မေးမြန်းသွားမှာွဖစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို ခရိုင်၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးစံပြကျေးရွာဟာ ရွှေဘို-မုံရွာဖြတ်လမ်းပေါ်မှာတည်ရှိပြီး အခြေခံ ပညာအထက်တန်းကျောင်း၊ ရဲတပ်ဖွဲ့စခန်း၊ စည်ပင်ဈေးတို့တည်ရှိတဲ့ အလွန်စည်ကားတဲ့ကျေးရွာ တစ်ရွာဖြစ်ပါတယ်။ ရွှေပန်းကုံးကျေးရွာအုပ်စုမှာ ကျေးရွာ ၄ ရွာ၊ သမရိုးကျေးရွာအုပ်စုမှာ ကျေးရွာ ၂ ရွာ၊ ကမ်းရွာကျေးရွာအုပ်စုမှာ ကျေးရွာ ၅ ရွာ၊ လှထွေကျေးရွာအုပ်စုမှာ ကျေးရွာ ၉ ရွာ၊ သမန်ဇာ ကျေးရွာအုပ်စုမှာ ကျေးရွာ ၆ ရွာရှိပြီး အိမ်ခြေ ၅၀၉ အိမ်၊ အိမ်ထောင်စု ၅၇၁၃ စု၊ လူဦးရေစုစုပေါင်း ၂၇၇၅၄ ဦးနေထိုင်တဲ့ တိုက်နယ်တစ်ခုဖြစ်ပါတယ်။ ကျေးရွာအုပ်စု ၅ အုပ်စုအတွင်းမှာ ကျန်းမာရေး ဌာနတစ်ခုနဲ့ ကျန်းမာရေးဌာနခွဲ ၄ ခုတို့ကိုသာ မှီခိုအားထားနေရတဲ့အတွက် လူဦးရေနှင့်ကျန်းမာရေး စောင့်ရှောက်မှုမမျှမတဖြစ်နေကြောင်း တွေ့ရှိရပါတယ်။ မြို့နယ်ဆေးရုံတည်ရှိရာ ဝက်လက်မြို့နှင့် လည်း ၁၀ မိုင်ခန့်ဝေးကွာတဲ့အတွက်ကြောင့် အရေးပေါ်ကုသမှုများအတွက်များစွာ အခက်အခဲဖြစ် လျက်ရှိကြောင်း သိရှိရပါတယ်။ ရွှေပန်းကုံးကျေးရွာမှာရှိတဲ့ ပြည်သူများအနေနဲ့ လယ်ယာလုပ်ငန်း ကိုသာ မှီခိုအားထားလုပ်ကိုင်နေကြရတဲ့ တောင်သူလယ်သမား မိသားစုဝင်များသာဖြစ်ကြတဲ့အတွက် တိုက်နယ်ဆေးရုံအတွက်လိုအပ်တဲ့ ရွာပိုင်မြေကိုသာ လှူဒါန်းနိုင်ကြတဲ့အတွက် တိုက်နယ်ဆေးရုံ အဆောက်အဦဆောက်လုပ်ပေးရန်နှင့် ဆေးရုံဖွင့်လှစ်ခွင့်ရရှိရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဦးစားပေးဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် ရွှေပန်းကုံး စံပြကျေးရွာမှာ တိုက်နယ်ဆေးရုံဖွင့်လှစ်ခွင့်ရရှိရေးအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း စီစဉ်ဆောင်ရွက် ပေးပါမည်ဖြစ်ကြောင်းနှင့် တိုက်နယ်ဆေးရုံဆောက်လုပ်ခြင်းလုပ်ငန်းကို ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိပါက အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေအဆိုပြုလျာထားပြီးတော့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
