|
အမည် |
သူရဦးအေးမြင့် |
|
အခြားအမည် |
မောင်အေးသိန်း (ငယ်နာမည်) |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၀/မလမ(နိုင်)၀၃၀၀၅၉ |
|
မွေးသက္ကရာဇ်/အသက် |
၁၄-၇-၁၉၄၆/(၆၄)နှစ် |
|
မွေးဖွားရာဇာတိ |
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန်ရွာ |
|
ပညာအရည်အချင်း |
B.Sc (D.S.A) |
|
လက်ရှိအလုပ်အကိုင် |
ဝန်ကြီး၊ အားကစားဝန်ကြီးဌာန |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးသာဟန် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မြတင် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အေးအေး၊ ၁၀/မလမ(နိုင်)၀၃၀၄၄၆၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ဦးဝေလင်း၊ ၇/ရတရ(နိုင်) ၀၀၀၀၄၆၊ လ/ထအထွေထွေမန်နေဂျာ၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း (၂) ဦးနေလင်း၊ ၇/ ရတရ(နိုင်) ၀၀၀၀၁၈၊ M.D, Grand Glory Co.,Ltd ၊ (၃) ဒေါ်ယုယုထွေး၊ ၇/ရတရ (နိုင်) ၀၀၁၆၂၆၊ မှီခို |
|
အမြဲတမ်းနေရပ်လိပ်စာ |
၁၁၀၄၊ ပုဗ္ဗသီရိမြို့၊ နေပြည်တော်၊ ဖုန်း ၀၆၇-၄၁၈၀၂၂ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အခြေခံပညာကို အမျိုးသားတန်းမြင့်ကျောင်း ယခု အ-ထ-က (၃) ပဲခူးမြို့တွင် သင်ယူခဲ့သည်။ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဥ် (၉) တွင် ပညာသင်ကြားခဲ့ပြီး B.Sc (D.S.A) ဘွဲ့ ရရှိခဲ့သည်။ အမှတ်(၁) ချင်းသနတ်ကိုင်တပ်ရင်း ပဲနွယ်ကုန်းမြို့ (ယခု ခမရ ၃၀၇)တွင် ဒုတိယဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်အဆင့်မှ ဗိုလ်ကြီးအဆင့်သို့ တိုးမြှင့်ခံရသည်။ အမှတ်(၈၃) ခြေလျင်တပ်ရင်း မိကျောင်းရဲမြို့တွင် တပ်ရေးဗိုလ်ကြီးအဖြစ်ပြောင်းရွှေ့ပြီး အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ် မိတ္ထီလာမြို့တွင် ဦးစီးအရာရှိ (ရေး/ထောက်) အဖြစ်လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေမြို့တွင် တိုင်းမှူး၏ ကိုယ်ရေးအရာရှိအဖြစ်လည်းကောင်း၊ အမှတ်(၄) ကချင်သနတ်ကိုင်တပ်ရင်း မိတ္ထီလာမြို့ (ယခု ခမရ ၃၁၅) တွင် တပ်မှူးခွဲ (ဗိုလ်မှူး)အဖြစ်လည်းကောင်း၊ စစ်တက္ကသိုလ် ပြင်ဦးလွင်မြို့တွင် နည်းပြအရာရှိ (ဗိုလ်မှူး) အဖြစ်လည်းကောင်း၊ အမှတ်(၈၄) ခြေလျင်တပ်ရင်း ဆွာမြို့တွင် ဒု-တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ အမှတ်(၁၀၄) ခြေမြန်တပ်ရင်း မော်လမြိုင်မြို့တွင် ယာယီတပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ဒုတိယဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ခြင်းခံရပြီး အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်တွင် ယာယီနည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ခြင်းခံရပြီး အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ် စစ်ကိုင်းမြို့တွင် ဒုတိယတပ်မမှူးအဖြစ် လည်းကောင်း၊ ဗိုလ်မှူးချုပ်အဆင့်သို့ တိုးမြှင့်ခံရပြီး အမှတ်(၃၃) ခြေမြန် တပ်မဌာနချုပ်တွင်ပင် တပ်မမှူးအဖြစ်လည်းကောင်း ခန့်အပ်ခံရသည်။ ဆောင်လုပ်ရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ အားကစားဝန်ကြီးဌာနတွင် ဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ပေးအပ်ခြင်းခံရသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီတွင် ပါတီဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်မှချီးမြှင့်သော နမ့်ခမ်းမြို့နယ် ရွှေလီမြစ်တစ်ဖက်ကမ်း ကွန်ဟိုင်း(မန်ဟီးရိုး) တိုက်ပွဲအတွက် “သူရ” ဘွဲ့တံဆိပ် ရရှိခဲ့သည်။ |
