မန္တလေးပြည်သူ့ဆေးရုံကြီးဟာ အထက်မြန်မာပြည် မှာရှိတဲ့ ခုတင် ၁၀၀၀ ဆံ့ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတစ်ရုံဖြစ်ပြီး ပြည်သူတို့ အားကိုးအားထားပြုနေရသော ဆေးရုံကြီးတစ်ရုံလည်းဖြစ်ပါတယ်။ မန္တလေးဆေးရုံကြီးမှာရောဂါ အမျိုးအစားအလိုက် ကုသပေးလျက်ရှိရာ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသဆောင်ဟာ လူနာခုတင်နှင့် လူနာခုတင်များအကြား ခုံတန်းလျားများနှှင့် တက်ရောက်ကုသခံယူသူအများ စုစုပေါင်း လူနာ ၇၈ ဦးမှ ၈၀ ဦးအထိ တစ်ပြိုင်တည်းတက်ရောက်ကုသမှုခံယူနိုင်ပါတယ်။ အဆိုပါ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဆောင်မှာ အများပြည်သူသွားလာမှုများတဲ့ မြန်မာတို့ရဲ့ နေ့ကြီးရက်ကြီးများဖြစ်တဲ့ မဟာသြင်္ကန်ရက်၊ သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့်လို နေ့ရက်ကြီးများမှာ မတော်တဆ ထိခိုက်မှုများကြောင့် တစ်ရက်တည်းနဲ့ လူနာ ၁၀၀ ကနေပြီး ၁၅၀ အထိရှိကြောင်းလည်း လေ့လာ တွေ့ရှိရပါတယ်။ ဒါ့အပြင် မော်တော်ဆိုင်ကယ်၊ မော်တော်ကားများဟာ မြန်မာနိုင်ငံရဲ့ ဒေသအနှံ့ အပြား တိုးတက်သွားလာမှုများပြားလာခြင်းတို့ကြောင့်လည်း နေ့စဉ် မတော်တဆထိခိုက်မှုများ ပိုမိုများပြားလျက်ရှိပါတယ်။ ထိုသို့သော လူနာများထဲမှ အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်သည့်လူနာ များရှိသည့်အခါ ခွဲစိတ်သမားတော်ကြီးများ၊ ဆရာဝန်အင်အားနှင့် ကျန်းမာရေးဝန်ထမ်းအဆင့်ဆင့် တို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော်လည်း လုံလောက်မှုမရှိကြောင်း တွေ့ရှိရပါတယ်။ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်ကုသရာတွင် လူနာတစ်ဦးလျှင် အနည်းဆုံး ၂ နာရီခန့်ကြာတဲ့အတွက် ခွဲစိတ်ခန်းတစ်ခန်းမှာ ညပိုင်းမှသာ ခွဲစိတ်တဲ့အတွက် လူနာ ၄ ဦးကနေ ၅ ဦးအထိသာ ခွဲစိတ်ကုသ နိုင်ကြောင်းလည်း လေ့လာတွေ့ရှိရပါတယ်။
ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံတက်ရောက်ကုသရန် နေ့အလိုက် ဖျားနာဆောင်၊ ကုသဆောင်များ သက်ဆိုင်ရာရောဂါကုသဆောင်များကို နေ့ရက်အလိုက် အလှည့်ကျတက်ရောက်ခွင့်ပြုထားသည့် စနစ်ဟာလည်း လူနာအင်အားနှင့် နေစရာထိုင်စရာမရှိ။ နေရာမရှိအဆောင်များသို့ အလှည့်ကျစနစ်ဖြစ်သည့်အားလျော်စွာ နေရာရှိရှိ၊ မရှိရှိ တက်ရောက် စေခိုင်းခြင်းကြောင့် ရောဂါရှင်ပြည်သူတို့မှာ စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ကြုံနေရကြောင်း ကြားသိနေရ ပါတယ်။ ဖြစ်ပေါ်နေသော တင်ပြပါအကြောင်းအရာတို့အား မန္တလေးပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း ယခုအသစ်တည်ဆောက်လျက်ရှိသော အဆောက်အဦပြီးစီးပါကလည်း အထိုက်အလျောက်သာ ပြေလည်နိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် လူနာ နှင့်ဆရာဝန်မမျှတမှု၊ လူနာနှင့်ဆေးရုံနေရာမမျှတမှု၊ လူနာနှင့်ခွဲစိတ်ခန်းမမျှတမှု လူနာတို့ တက်ရောက် ကုသနေတဲ့ ဆေးရုံကြီးသန့်ရှင်းရေးမလုံလောက်မှုနှင့် အခြားအထွေထွေအခက်အခဲတို့အား ပြည်ထောင်စုအစိုးရအဖွဲ့မှသိရှိပါသလား။ သိရှိပါလျှင် မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံ ကြီးအား အထွေထွေပြုပြင်ပြောင်းလဲရန် မည်ကဲ့သို့စီမံဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်းနှင့် စီမံဆောင်ရွက်မည်ဆိုပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပြီး မည်သည့်အချိန်တွင် လုံလောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း လေးစားစွာမေးမြန်း ပါသည်။
မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသဆောင်သည် နေ့စဉ်ပျမ်းမျှ အတွင်းလူနာ ၁၀၀ ခန့် တက်ရောက်ကုသမှုခံယူနေ၍ လက်ရှိကုသဆောင်အကျယ်အဝန်းနှင့် လူနာ အရေအတွက်မမျှဖြစ်နေပါသောကြောင့် ဦးနှောက်နှင့်အာရုံကြောဆေးကုဌာနကို ယခု အသစ် ဆောက်လုပ်နေတဲ့ ၉ ထပ်ဆောင်သစ် ပြီးစီးတဲ့အချိန်မှာ အဆောင်သစ်ကို ပြောင်းရွှေ့နေရာချထားပေး တဲ့အခါမှာ လွတ်သွားမယ့် ဦးနှောက်နှင့်အာရုံကြောဆေးကုဌာနနေရာကို လက်ရှိ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုဌာနကို ပေါင်းစပ်ပြီးတော့ တိုးချဲ့အသုံးပြုသွားမှာဖြစ်ပါတယ်။ လက်ရှိအခြေ အနေမှာ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသဆောင်မှာ ပါမောက္ခ။ဌာနမှူး ဆရာဝန်ကြီး ၁ ဦး၊ အထူးကုဆရာဝန်ကြီး ၁ ဦး၊ အထူးကုဆရာဝန် ၁ ဦး၊ လက်ထောက်ဆရာဝန် ၉ ဦး၊ အလုပ်သင်ဆရာဝန် ၁၂ ဦး၊ သူနာပြုဆရာမကြီး ၂ ဦး၊ အထက်တန်းသူနာပြုဆရာမကြီး ၁၂ ဦး၊ သူနာပြုဆရာမ ၈ ဦး၊ အလုပ်သမား ၁၁ ဦးတို့နှင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။
ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသဆောင်တွင် လူနာများကို ခွဲစိတ်ရာ၌ ယခင်က ခွဲစိတ်ချိန် ၂ နာရီခန့်ကြာခဲ့သော်လည်းပဲ ၁-၃-၂၀၁၃ ရက်နေ့မှစပြီး ကျပ်သိန်း ၂၀၀ တန်ဖိုးရှိတဲ့ Skကူ ဩညန ဖောက်စက် Sအမပုနမ ဝယ်ယူအသုံးပြုပြီးတော့ ယခင်လက်နှင့်ဖောက်လျှင် ၁ နာရီခန့်ကြာသော်လည်း ယခုအခါ ၁၅ မိနစ်သာကြာတဲ့အတွက် ခွဲစိတ်ကုသချိန် ၄၅ မိနစ်ခန့် လျော့နည်းသက်သာအောင် စီစဉ် ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသဆောင်သည် ၂၀၁၂ ခုနှစ်မှာ အတွင်း လူနာစုစုပေါင်း ၈၂၀၇ ဦး၊ ပြင်ပလူနာစုစုပေါင်း ၂၉၇၆ ဦးနှင့် ခွဲစိတ်ကုသမှုပေါင်း ၈၁၈ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။ ဆေးရုံကြီးဝင်းအတွင်းမှာ ယခုဆောက်လုပ်နေတဲ့ ၉ ထပ်ဆောင်အသစ် ကြီးပြီးစီးမယ်ဆိုရင် အတွင်းလူနာ ၄၀၀ ခန့်တက်ရောက်ကုသနိုင်မှာဖြစ်ပါတယ်။ ၅ ထပ် နှလုံးဆေး ကုသဆောင်ကြီးကလည်း အခုဖွင့်လှစ်ပြီးဖြစ်တဲ့အတွက် နှလုံးဖျားနာလူနာဆောင်များကို တိုးချဲ့လက်ခံ ကုသပေးနိုင်တော့မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မြေဧရိယာအကျယ်အဝန်းမချဲ့နိုင်သေးတဲ့ မန္တလေး မြို့အထွေထွေရောဂါကုဆေးရုံကြီးဟာ မန္တလေးတိုင်းဒေသကြီးအစိုးရရဲ့ လမ်းညွှန်မှု၊ ဆရာဝန်ကြီးများ ရဲ့ ကြိုးပမ်းမှု၊ အလှူရှင်များရဲ့ လှူဒါန်းမှုများဖြင့် အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်ပြီးတော့ ကုသဆောင်များကို ပြောင်းရွှေ့ခြင်း၊ တိုးချဲ့ခြင်းများကို တတ်နိုင်သရွေ့ဆောင်ရွက်လျက်ရှိပါတယ်။ မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံကြီးမှာ သန့်ရှင်းရေးဝန်ထမ်း ခွင့်ပြု ၃၇၉ ဦးမှာ လက်ရှိ ၂၃၈ ဦးသာခန့်ထားပြီးဖြစ်တဲ့အတွက် လက်ရှိအခြေအနေမှာ သန့်ရှင်းရေးဝန်ထမ်း ၃ ပုံ ၂ ပုံ မပြည့်မီ သေးပါသဖြင့် လုပ်ငန်းလိုအပ်ချက်အရ နောက်ထပ် သန့်ရှင်းရေးဝန်ထမ်း ၁၀၀ ဦး ဖွဲ့စည်းပုံရဲ့ ၈၉ ရာခိုင်နှုန်း ထပ်မံခန့်ထားရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှာ လူနာများလိုက်နာရန် စည်းကမ်းချက် ၉ ချက်၊ လူနာစောင့်များလိုက်နာရန် စည်းကမ်းချက် ၈ ချက်နှင့် ဧည့်သည်များလိုက်နာရန် စည်းကမ်းချက် ၈ ချက်တို့ကို အသိပေးထုတ်ပြန်ထားပြီးတော့ ဧည့်သည်များ လူနာကြည့်ချိန်အဖြစ် နေ့စဉ် ညနေ ၄ နာရီမှ ၆ နာရီအထိ သတ်မှတ်ထားပါကြောင်းနှင့် ဆေးရုံစည်းကမ်းကို လိုက်နာစေရေးအတွက် ဆေးရုံကြီးဝင်းအတွင်း အသံချဲ့စြက်ဖင့် တစ်နေ့လျှင် ၆ ကြိမ်ခန့် လှည့်လည်ကြေညာခြင်းကို ဆောင်ရွက်လျက်ရှိပါတယ်။ ကုသရေးလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် လူနာများအတွက် လိုအပ်သော လုံလောက်သည့်ရေကောင်းရေသန့်များကို အဝီစိရေတွင်း ၈ တွင်းမှ နေ့စဉ်ဖြန့်ဝေပေး လျက်ရှိပါတယ်။ သန့်ရှင်းရေးပစ္စည်းများပြည့်စုံစွာထားရှိခြင်း၊ ရေစီးရေလာကောင်းအောင် မြောင်းများ စနစ်တကျပြုလုပ်ခြင်း၊ မြောင်းဖုံးများထားရှိခြင်း၊ အများသုံး အိမ်သာများထားရှိခြင်းများအပြင် စွန့်ပစ် အမှိုက်များကိုလည်း နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် အမှိုက်သိမ်းချိန်အဖြစ် စနစ်တကျသိမ်းဆည်း ခြင်း၊ စွန့်ပစ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ အရေးပေါ်ဌာနတွင် လူနာများအား နေ့ရက် အလိုက် လူနာဆောင်များသို့ အလှည့်ကျတက်ရောက်ခွင့်ပြုသည့်မူမှာ မူလကတည်းက ချမှတ်ဆောင် ရွက်လျက်ရှိပြီး လက်ရှိအခြေအနေတွေမှာလည်း အကောင်းဆုံးစနစ်ဖြစ်ပါတယ်။ မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၏ညွှန်ကြားမှု၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ကျန်းမာရေးဝန်ထမ်းများအားလုံးတို့၏ တာဝန်ကျေပွန်စွာ ကြိုးပမ်းဆောင်ရွက်မှု၊ လူမှုရေးအဖွဲ့အစည်းများနှင့် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဝိုးဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ လူနာနှင့်ဆေးရုံနေရာမမျှတမှုအတွက် ထိခိုက်ဒဏ်ရာရရှိလူနာများအား လျော့နည်းကျဆင်းစေရန် သက်ဆိုင်ရာ နှီးနွယ်ဌာနများနှင့်ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများ စနစ်တကျလိုက်နာစေရေး ပညာပေးခြင်း၊ စနစ်တကျကြပ်မတ်ထိန်းသိမ်းခြင်းများဆောင် ရွက်လျက်ရှိပြီး ဆေးရုံတက်ရောက်ကုသလူနာများနှင့် လူနာစောင့်များ၊ ဧည့်သည်များမှလည်း ဆေးရုံ ဝန်းကျင်သန့်ရှင်းရေးသပ်ရပ်လှပစေရေးအတွက် ဆေးရုံစည်းကမ်းများကို လေးစားလိုက်နာခြင်းဖြင့် ကူညီပေးကြပါရန် လိုအပ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။
ဦးသိန်းထွန်းဦး(အမရပူရမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဒီဆေးခန်းဆေးရုံမှာ လူနာပြည့်နေသော်လည်းပဲ ဥပမာ တနင်္လာနေ့ဆိုရင် Ward(၁) ကိုပေးတယ်ဆိုရင် အဲဒီနေ့မှာ လူနာကပြည့်နေပါတယ်။ ဒီနေ့မျိုးမှာ Ward(၁) ကို ချထားပေးလိုက်တယ်ဆိုလို့ရှိရင် လူနာက အိမ်သာဘေး၊ ပလက်ဖောင်း ဒီလိုစောင့်ဆိုင်းနေ ရတာတွေလည်း လေ့လာသွားတဲ့အခါမှာဒီလိုကိုတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီစနစ်ကလေးကိုလည်းပဲ ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲစေလိုကြောင်းနှင့် ဘယ်လိုများ ပြုပြင်ပြောင်းလဲဖို့ အစီအစဉ်ရှိမလဲဆိုတာလေးလည်း သိရှိလိုပါကြောင်း ကျွန်တော့် အနေနဲ့ လေးစားစွာ မေးမြန်း ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာဝင်းမြင့်
ကျွန်တော်တို့ လက်ရှိ ဗဟိုအဆင့်ဆေးရုံကြီးတွေမှာ ကျွန်တော်တို့ဒီလို သက်ဆိုင်ရာနေ့ရက်များအလိုက် သက်ဆိုင်ရာ Ward(၁) များကို ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ သက်ဆိုင်ရာ Ward တွေမှာ တာဝန်ခံဆရာဝန်ကြီးတွေ သီးခြား ကျွန်တော်တို့ထားရှိတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ Ward များကို တင်တဲ့အခါ မှာ လူနာတွေကို မျှအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နေ့အလိုက်သတ်မှတ်ထားတာရှိပါတယ်။ ဒီစနစ်နဲ့ပဲ ကျင့်သုံးနေပါတယ်။ သို့သော်လည်းပဲ လွှတ်တော်ကိုယ်စားလှယ်ကြီး ခုနက တင်ပြသွားတဲ့ အချို့အချိန် တွေမှာ အချို့နေ့ရက်တွေမှာ အဲဒီလို ကျပ်တဲ့အချိန်မျိုးရှိတယ်ဆိုလို့ရှိရင်တော့ သက်ဆိုင်ရာ ဆေးရုံ အုပ်ကြီးရဲ့ အစီအစဉ်နဲ့ သီးခြားစီစဉ်ဆောင်ရွက်ပေးသွားရန်လည်း ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိ သလို တချို့နေရာတွေမှာ ဆောင်ရွက်ဖို့လိုမယ်ဆိုရင်လည်း ကျွန်တော်တို့ သီးခြားညွှန်ကြားပြီးဆောင် ရွက်ပေးသွားမှာဖြစ်ပါတယ်။ စနစ်ကတော့ ခုနက ကျွန်တော်တို့ တောက်လျှောက်ကျင့်သုံးခဲ့တဲ့ နှစ်ပေါင်း ၂၀၊ ၃၀ မှာ ကျွန်တော်ျတို့ မျိုးစုံကျင့်သုံးခဲ့ဖူးပါတယ်။ သို့သော် ဒီစနစ်သည် လူနာအတွက် ကော သက်ဆိုင်ရာကုတဲ့ဆရာဝန်တွေအတွက်ကော Wမေိ နဲ့ရောအထွေထွေယေဘုယျပုံစံအရ အကောင်းဆုံးစနစ် ဖြစ်ပါတယ်။ သို့သော် နေရာဒေသအလိုက် အခက်အခဲရှိလာတဲ့အခါမှာ သက်ဆိုင်ရာဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်များရဲ့ စီမံခန့်ခွဲမှုနှင့် သီးခြားစီမံခန့်ခွဲလို့ ဆောင်ရွက် သွားမယ့်ရတဲ့အကြောင်းနှင့် ရလာအောင်လည်း ကျွန်တော်တို့ ညွှန်ကြားဆောင်ရွက်သွားမှာ ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။
