သံလွင်မြစ်သည် ဆည်ပိတ်ခြင်းမခံရသေးသော ကမ္ဘာ့ရှည်လျားသောမြစ်များထဲမှ တစ်ခုဖြစ်ပါကြောင်း၊ သံလွင်မြစ်တစ်လျှောက်တွင် တာတမံပေါင်း ၃၃ခုနှင့် မြန်မာနိုင်ငံတွင် ငါးခုရှိသည်ဟု သိရှိရပါကြောင်း၊ ထို့ပြင် တရုတ်-မြန်မာနှင့် နိုင်ငံတကာပညာရှင်မျာ ထောက်ပြဝေဖန်ချက်များကို ပြီးခဲ့သည့်နှစ်ကုန်တွင် မော်လမြိုင် တက္ကသိုလ်၊ ချင်းမိုင်တက္ကသိုလ်နှင့် ပြည်တွင်းပြည်ပ မီဒီယာများမှ ပညာရှင်များမှ ပြောဆိုနေသည်ကို သိရှိရပါကြောင်း၊ သံလွင်မြစ်ဝှမ်းဒေသကြီးတစ်ခုလုံးသည်လည်း ငလျင်ကြီးများ လှုပ်နိုင် သည့် ဒေသတစ်ခုဖြစ်သည့်အပြင် ရှမ်းကုန်းမြေမြင့်သည် မြန်မာနိုင်ငံ၏ ငလျင်အများဆုံးလှုပ်သည့် နေရာ တစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတွေရဲ့သမိုင်းတစ်လျှောက်မှာ စက်ကိရိယာမှတ်တမ်းအရ ပမာဏအကြီး ဆုံးဖြစ်သည့် မေမြို့ငလျင် ကြီးသည်လည်း ဒုဋ္ဌဝတီမြစ်အနီး ကျောက်တန်းပြယုဒ်ပေါ်တွင်လည်းကောင်း၊ ၁၉၉၅ ခုနှစ်က ကျိုင်းတုံဒေသတွင် ၇.၅ ပမာဏခန့်ရှိ ငလျင်သည်လည်းကောင်း၊ ၂၀၀၄ ဆူမားဒရား၊ ဆူနာမီရေကြီးစဉ်က ရှမ်းပြည်နယ်(တောင်းပိုင်း)၊ နမ့်စန်ဒေသတွင် ငလျင်ပေါင်း ၁၀၀ ကျော်သည် လည်းကောင်း၊ ၂၀၁၁ ခုနှစ်တွင် လူအသေအပျောက်များသော တာလျင်ငလျင်သည်လည်းကောင်း ရှမ်းကုန်း မြေမြင့်မှာပင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါကြောင်း။
သက်ဆိုင်ရာစီမံကိန်းအကောင်အထည်ဖော်သူများအနေဖြင့် တာတမံကြီးများ မပျက်စီးစေရန် တတ်နိုင်သမျှ စဉ်းစားတွက် ချက်မည်ဖြစ်သော်လည်း မည်မျှထိ အသေးစိတ်လေ့လာသည်ကို မေးခွန်းထုတ်စရာ ဖြစ်နေပါ ကြောင်း၊ လေ့လာမှုအားနည်း၍ ငလျင်ကြီးတစ်ခုဖြစ်ပြီး အင်မတန်ကြီးမားသော ဆည်ကြီးတစ်ခု ကျိုးပြတ်မည် ဆိုပါက အဆိုပါဒေသရှိ တိုင်းရင်းသား ဒေသခံများသည် အင်မတန်ဆိုးရွားသော သေကြေ ပျက်စီးမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ကြုံတွေ့ရမည်ဖြစ်ပါကြောင်း၊ ငလျင်ဒဏ်ကို ခံရခြင်းမရှိလျှင်တောင် မြင့်မားသော တောင်တန်းများ ကာရံထားသည့်ဒေသများတွင် မြေပြိုတောင်ပြိုမှုများ ဖြစ်ပေါ်နိုင်ပါကြောင်း။ တရုတ်ပြည် ငလျင်လှုပ်ခတ်စဉ်က တောင်များပြိုခြင်း၊ ဆည်ပျက်ခြင်းများ ရှိခဲ့သည့်အတွက် အဆိုပါကိစ္စများအတွက်ပါ ပြင်ဆင်ထားခြင်းရှိမရှိကိုလည်း သိရှိလိုပါကြောင်း။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းများထက် ငလျင်နှင့် ဆက်နွယ်သော သဘာဝဘေးအန္တရာယ်များ၊ စီမံကိန်းတစ်ခုက တစ်ခုအပေါ် ဆင့်ကဲ သက်ရောက်နိုင်သည့် အန္တရာယ်များ၊ အိမ်နီးချင်းနိုင်ငံ၏ ယခုနှစ်တွင် တည်ဆောက်မည့် စီမံကိန်းများမှ မိမိနိုင်ငံသားများအပေါ် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်မျးအပေါ် ဒါတွေအပေါ် နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဌာနများမှ လုံလောက်သော လေ့လာပြင်ဆင်မှုများ ထားရှိခြင်း ရှိ/မရှိ၊ အများပြည်သူလက်ခံနိုင်အောင် ရှင်းလင်းတင်ပြ ဆွေးနွေးမှုများနှင့် သက်ဆိုင်ရာပညာရှင်များ၏ လက်ခံမှုများ ရရှိအောင် မည်သို့ဆောင်ရွက်ထားသည့်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိအနေဖြင့် ငလျင်လှုပ်ခတ်နိုင်မှုကို လေ့လာရာတွင် အကြိုလေ့လာ၍ ဖြစ်နိုင်ချေရှိနေရာများကို ထပ်မံ၍ အသေးစိတ် စူးစမ်းကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ရပါကြောင်း၊ မြန်မာနိုင်ငံတွင် မြေလျင်ကော်မတီကို ဖွဲ့စည်းထားရှိပြီး အဆိုပါမြေလျင်ကော်မတီများ လေ့လာတွေ့ရှိချက်များအရ သံလွင်မြစ်ပေါ်တွင်ရှိသော စီမံကိန်း များထက် ပဲခူးရိုး၏ အရှေ့ဘက်နှင့် အနောက်ဘက်အခြမ်းများတွင်ရှိသော စီမံကိန်းများ၏ အခက်အခဲသည် ပိုမို ကြီးမားမည်ဖြစ်ပါကြောင်း၊ ထိုအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည့်အတွက် ယနေ့အထိ ကောင်း မွန်စွာ တည်ရှိနေခြင်းဘဲဖြစ်ပါကြောင်း။
ကွမ်းလုံနှင့် နောင်ဖစီမံကိန်းကို ကြည့်မည်ဆိုပါက အမြင့်ဆုံးသက်ရောက်နိုင်သော တစ်ကျော့ပြန်ငလျင် ကိုနှစ်ပေါင်း တစ်သောင်းအထိ စဉ်စားထားခြင်းပါကြောင်းနှင့် အသေးစိတ်အချက်များ များစွာပါဝင်နေသည့် အတွက် အဆင့်မြင့်မားစွာဖြင့် ဆောင်ရွက်ထားခြင်းဖြစ်သည်ကို တင်ပြလိုပါကြောင်း။
မြန်မာနိုင်ငံ မြေလျင်ကော်မတီနှင့် မြန်မာနိုင်ငံ အင်ဂျင် နီယာအသင်းတို့ ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပလျက်ရှိပါကြောင်း။
မိမိတို့လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနတစ်ခုက Civil ညွှန်ကြားရေးမှူးချုပ်ဦးဆောင်ပြီး ဆည်မြောင်းဦးစီး ဌာန၏ ညွှန်ကြားရေးမှူချုပ်နှင့် တန်းတူ လုပ်ငန်းများကို ဖွဲ့စည်းပုံနှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့ဝန်ကြီးဌာနတွင် လုပ်ငန်းဆိုင်ရာများကို ညှိနှိုင်းဆောင်ရွက်ပေးရန် Consultant အဖွဲ့ကို ထားရှိထားပါကြောင်း။
လျှပ်စစ်စွမ်အားဝန်ကြီးဌာနက ဆောင်ရွက်ခဲ့သော ရဲရွာ၊ အထက်ပေါင်းလောင်း၊ ရွှေကျင် စသည့် ရေလှောင်တမံကြီးများတွင် Monitoring Systemsများ၊ Instruments များ တပ်ဆင်ထားရှိ၍ ပုံစံမျိုးစုံဖြင့် လှုပ်ရှားခြင်းများကို သိရှိရန် အချိန်ပြည့် တမံများကို စောင့်ကြည့် စိစစ်လျက်ရှိပါကြောင်း။
သန်လျင်မြစ်ပေါ်တွင် လုပ်သောစီမံကိန်းများသည် တစ်ခုထက်ပိုလာပါက Castrate Control Center ထူထောင်ရန်လိုအပ်ပြီး ထိုသို့ထူထောင်ရန်အတွက်ကိုလည်းကောင်း စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရန် အတွက်လည်း ကော်မရှင် ဖွဲ့စည်းပြီးဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် လျှပ်စစ်မီး မရရှိသေးသော ပြည်သူ ၆၇ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိရန် နည်းမျိုးစုံ အသုံးပြု ဆောင်ရွက်ရန်သည် အလွန်အရေးကြီးပါကြောင်း၊ အရှေ့တောင် အာရှမှာဆိုရင် မိမိတို့က ဒုတိယ အနိမ့်ဆုံး ဖြစ်သည့်အတွက် ထိုအခြေအနေမျိုးမှာရုန်းထွက်ရန်၊ အရှေ့တောင်အာရှမှာဖုံးလွှမ်းနေသော ရေအားလျှပ်စစ် ပေါများသောနိုင်ငံများတွင် ဈေးနှုန်းအသက်သာဆုံးလည်းဖြစ်သည့်လုပ်ငန်းကို နည်းလမ်းပေါင်းစုံနှင့် ရှာဖွေပြီး အန္တရာယ်အကင်းဆုံးဖြစ်အောင် ကြိုးစား ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့ရရှိသော Result များကိုလည်း သက်ဆိုင်ရာ ပညာရှင်များကို ဖိတ်ခေါ်ပြသခြင်း၊ မေးမြန်းခြင်းပြုလုပ်၍ ဆောင်ရွက်နေပါကြောင်း ပြန်လည်မေးမြန်းပါသည်။
ဒေါ်ခင်စန်းလှိုင် (ပုလဲ) က ထပ်ဆင့်မေးခွန်းကို မေးမြန်းပါသည်။
ယခုဖြေကြားချက်များအရ သံလွင်မြစ်၏ အထက်က တည်ဆောက်လာမည့့််ဆည်များနှင့် အာလုံးကို ရေတွက်မည်ဆိုပါက ဆည်ပေါင်း ၄၀ လောက်ရှိလာပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်စုံတစ်ဦး၏ အားနည်းချက်ကြောင့် ငလျင်ဒဏ်၊ မြေပြိုဒဏ်ကိုမခံနိုင်သော ဆည်တစ်ခုသည် ကျိုးပြတ်ခဲ့မည်ဆိုပါက ကျန်သည် ယင်းဆည်အောက်ပိုင်းက ဆည်များပါ ဆင့်ကဲ့ဆင့်ကဲပျက်စီးကြမည်မှ အသေအချာပင် ဖြစ်ပါကြောင်း၊ ထိုသို့ဆင့်ကဲ ဖြစ်စဉ်မျိုး၏ အကျိုးသက်ရောက်မှုကို လုပ်ငန်းရှင်ကုမ္ပဏီတွေအတွက် တစ်ခုတည်းဖြင့် မစီမံနိုင်ပါကြောင်း၊ တရုတ်-မြန်မာအစိုးရနှစ်ရပ်လုံး၏ အစိုးရများနှင့် ပညာရှင်များစုပေါင်းပြီး အသေးစိတ် နှစ်ရှည်လများ လေ့လာထားမှသာ သိနိုင်မည့်အချက်များဖြစ်သည့်အပြင် စီမံခန့်ခွဲနိုင်ခြင်းမျိုးလည်း ဖြစ်သည့်အတွက် မည်မျှ လေ့လာတိုင်ပင်ထားသည်ကိုလည်း စိုးရိမ်သံသယဖြစ်ပေါ်နေကြပါကြောင်း၊ သံလွင်မြစ်ပေါ်တွင် ဆောက်မည့် ဆည် ခြောက်ခုက ထွက်လာမည့့်် လျှပ်စစ်အားသည် တစ်နိုင်ငံလုံးသုံးရန် လိုအပ်ချက်သာမက အခြားနိုင်ငံများကိုရောင်းရန်အတွက်ဆောင်ရွက်ခြင်းဟုတ်/မဟုတ် သို့မဟုတ် ပြည်တွင်းအတွက် သုံးစွဲရန်ပင် ဤမျှလောက်ထိ လိုအပ်နေပြီလားဆိုသည်ကို သိရှိလိုပါကြောင်း၊ ထို့ကြောင့် (၁) ဆည်တစ်ခုချင်းစီအတွက် ငလျင်ဒဏ်ခံနိုင်မှု စံသတ် မှတ်မှုများရှိနေပြီလား။ (၂) အကယ်၍ ငလျင်ဒဏ်ကြုံလာပါက ဆည်ကျိုးပေါက်မှုကိုရော အာမခံချက်ပေးနိုင်မည်လား။ (၃) တရုတ်နိုင်ငံနှင့် ပြည်တွင်း ဘူမိပညာရှင်များထံမှ မည်သည့်အချက်အလက်များ ရရှိထားသည်နှင့် (၄) တရုတ်ကုမ္ပဏီများ အနေနှင့် ဆည်ကျိုးပေါက်ပျက်စီးခဲ့သော် မည်ကဲ့သို့တာဝန်ယူမည်လည်းဆိုတာကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးမော်သာထွေး
တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်း ကော်မရှင်ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ရမည့်အချက်များနှင့် ကိုယ်စားလှယ် တော်ကြီးတင်ပြသွားခဲ့သည့် အချက်များကိုလည်း မိမိတို့ဆွေးနွေးခဲ့ပါကြောင်း၊ မိမိတို့၏ တရားဝင်ပြောကြားချက်များအရ ယင်းတို့အနေဖြင့် ဆည် ၁၃ ခုထက်မပိုရှိကြောင့်နှင့် ၎င်းတို့အနက်မှ ၄၊ ၅ခန့်သာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆွေးနွေးစရာ ကိစ္စများကိုလည်း ဆက်လက်ဆွေးနွေးချင်ပါကြောင်း၊ ပြည်သူများကို ပွင့်လင်းစွာသိ ရှိစေရန်အတွက်လည်း EIA၊ STA စသည့် ကိစ္စရပ်များ၊ အခြားစိတ်ပူစရာကိစ္စရပ်များကိုလည်း မည်သို့ဖြေရှင်းထားသည်ဆိုသည်ကို ထည့်သွင်းဖော်ပြခြင်း၊ ဒေသများသို့ရောက်ရှိသည့်အခါတွင်လည်း မီဒီယာများ၊ ကျွမ်းကျင်သူများကို ဖိတ်ကြား ရှင်းလင်းပါကြောင်း၊ ဆည်တစ်ခုချင်းစီတွင် စံသတ်မှတ်ချက်များ မရှိဘဲ ဆောင်ရွက်ရန် မဖြစ်ပါ ကြောင်း၊ အကြိုစူးစမ်း လေ့လာမှု၊ အသေးစိတ် စူးစမ်းလေ့လာမှုများဆောင်ရွက်ရသည့်အပြင် ကာလဒေသ အခြေအနေ အရ စံများကို ပြုပြင်ပြောင်းလဲ သတ်မှတ်ရခြင်းများရှိပါကြောင်း၊ ထို့ပြင် ငလျင်ဒဏ်စံခံရန်အတွက် မည်သို့ ပစ္စည်းမျိုးများသုံး၍ ခံနိုင်ရည်ရှိအောင်ဆောင်ရွက်ရန် စံသတ်မှတ်ထားရှိပါကြောင်း၊ အာမခံချက်ဆိုသည်မှာ Safety Fester ပေါ်မှာ မူတည်ပါကြောင်း၊ မိမိတို့အနေဖြင့် တရုတ်-မြန်မာ ကော်မရှင် ထူထောင်လိုက်ခြင်း ကြောင့် တရုတ်ဖက်က အချက်အလက်ကို မိမိတို့ရရှိပါကြောင်း၊ မည်သို့ တာဝန်ယူရခြင်းနှင့် ပတ်သက်၍ စီမံကိန်းလုပ်သည်ဆိုသည်မှာ နိုင်ငံတော်ကလည်း ရေမြေပါဝင်ပတ်သက်ပြီး ရှယ်ယာလည်း မိမိတို့နိုင်ငံ အတွက် ရရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က တာဝန်ရှိသော စီမံကိန်းတစ်ခုလည်း ဖြစ်သည့်အတွက် ကုမ္ပဏီများကို လွဲထားခြင်းမဟုတ်ပါကြောင်း၊ မည်သို့ပင်ဆောင်ရွက်သည်ဖြစ်စေ မိမိတို့က Joint Puncture အနေဖြင့် ဆောင်ရွက်နေခြင်းမဟုတ်ပါဘူး၊ ထို့ပြင် Consultant နှင့် ပတ်သက်၍လည်း နှစ်ဖက်လုံးက International အတွေ့ အကြုံဖြင့် ဆောင်ရွက်ထားရခြင်းဖြစ်ပါကြောင်း။
ထို့ပြင် အခြားနိုင်ငံများမှ အတွေ့အကြုံရှိသော ပညာရှင်များအနေဖြင့် ဆက်ဆံ ဆောင်ရွက်ပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသော မြေငလျင်ကော် မတီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းများက ပုဂ္ဂိုလ်များဖြင့် ပုံမှန်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ထူးခြားချက်များရှိပါက မိမိတို့က တင်ပြသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မေးခွန်းနှင့် စပ်လျဉ်း၍ ပြောကြားပါသည်။
မေးခွန်း ဖြေကြားရာတွင် တစ်ခုကျန်ရှိသည်ဟု ထင်မြင်မိပါကြောင်း၊ ထွက်ရှိလာသော လျှပ်စစ်များကိုလည်း မည်ကဲ့သို့ အသုံးပြုမည် ဆိုသည်ကို ရှင်းလင်းအောင် ဖြည့်စွက်ဖြေကြားပေးရန် ရှင်းပြပေးပါ။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေး
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် ၂၀၃၀ ခုနှစ်တွင် မဂ္ဂါဝပ် ၂၃၈၅၀ လိုအပ်မည်ဖြစ်ပါကြောင်း၊ သန်လျင်မြစ်ပေါ်ကရသည့် စီမံကိန်းသည် ၁၄၉၀၀ ပတ်ဝန်းကျင် ၁၄၉၆၀ ရှိပါကြောင်း၊ မဂ္ဂါဝပ်တွေ အများကြီး ဖြစ်သော်ငြားလည်း ၎င်းတို့၏ Proposal သာဖြစ်ပါကြောင်း၊ သံလျင်၊ မိုင်းတုံ၊ ဟပ်ကြီး၊ ရွာသစ်တို့ ဆိုသည်မှာလည်း အစီရင်ခံစာရေးသည့် အဆင့်သာရှိသေးပါကြောင်း၊ အထက်သံလျင်၊ ကွမ်းလုံနှင့် နောင်ဖား သံလျင်မြစ်ပေါ်ကဆိုရင် ၂၆၀၀ ပဲရှိပါကြောင်း၊ ၂၃၈၅၀ လောက်လိုအပ်သည့် ဓာတ်အားကို ၂၆၀၀ သာရရှိဦးမည်ဖြစ်သည့်အတွက် ကျန်သည့်စီမံကိန်းများကိုလည်း ဆက်လက်စိစစ်သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းတစ်ခုသည် ရှစ်နှစ်မှ ဆယ်နှစ်အထိ ကြာမြှင့်တတ်သည့် သဘောရှိသည်အတွက် ယခုအချိန်ကတည်းက Plan လေးများဖြင့် ဆောင်ရွက်ထားရခြင်းဖြစ် ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
