ဒေါ်ခင်စန်းလှိုင်( ပုလဲ မဲဆန္ဒနယ်)

အမည်

ဒေါ်ခင်စန်းလှိုင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/ဝလန(နိုင်)၀၇၈၄၆၁

မွေးသက္ကရာဇ်/အသက်

၁၆-၁၀-၁၉၅၆/ (၅၉) နှစ်

မွေးဖွားရာဇာတိ

ဝက်လက်မြို့နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး

ပညာအရည်အချင်း

B.A (Law) LL.B

လက်ရှိအလုပ်အကိုင်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမွှေး (ရဟန်းဝတ်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အေး (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကျော်မြင့်ထွန်း ၊ ၁၂/မဂတ(နိုင်) ၀၀၀၆၅၆၊ ပရိဘောဂအလုပ်ရုံ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၁) ၊ အနောက်မြင်းပြိုင်ကွင်းလမ်း ၊ ဗဟန်းမြို့နယ် ၊ ဆရာစံတောင် စံပြရပ်ကွက်၊ ရန်ကုန်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပုလဲ မြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

  ဝက်လက်မြို့ အထက်တန်းကျောင်းတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်း အထိ ပညာသင်ကြားခဲ့ပါသည်။ ၁၉၇၅ ခုနှစ်တွင် အခြေခံပညာအထက်တန်း အောင်မြင်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိခဲ့ပါသည်။
 ၁၉၈၃ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တရားရုံးချုပ်ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်မှ စတင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီး ဝက်လက်မြို့နယ်အလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၀ ခုနှစ် နှင့် ၂၀၁၂ ခုနှစ်တွင် ရွေးချယ်ခံကိုယ်စားလှယ် ဖြစ်ခဲ့ပါသည်။

  ၁၉၉၀ ပြည့်နှစ်တွင် စင်ပြိုင်အစိုးရဖွဲ့စည်းမှုတွင် ပါဝင်ခဲ့သောကြောင့် ပုဒ်မ ၁၂၂(၁) ဖြင့် ပြစ်ဒဏ် (၂၅)နှစ် ကျခံခဲ့ရပါသည်။