|
အမည် |
ဦးစိုင်းသီဟကျော် |
|
အခြားအမည် |
စိုင်းဟပ် |
|
လူမျိုး/ဘာသာ |
ရှမ်း/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၃/မရတ(နိုင်)၀၀၀၀၃၄ |
|
မွေးသက္ကရာဇ်/အသက် |
၁၇-၁-၁၉၇၅/(၄၀)နှစ် |
|
မွေးဖွားရာဇာတိ |
လားရှိုးမြို့ |
|
ပညာအရည်အချင်း |
B.Com |
|
လက်ရှိအလုပ်အကိုင် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးစိုင်းကျော်ကျော်၊ AV-၀၆၅၅၂၇၊ မှီခို |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်နန်းစန်းညွန့်၊ ၁၃/မရတ(နိုင်)၀၀၂၃၃၇၊ ပညာရေးဝန်ထမ်း(ငြိမ်း) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်နန်းယဉ်ယဉ်ဦး၊ ၁၃/လရန(နိုင်)၀၈၆၃၂၈၊ အရောင်းအဝယ် |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) စိုင်းနေထွဋ်ကျော်၊ ၁၃/မရတ(နိုင်)၀၃၄၈၃၇၊ ကျောင်းသား (၂) စိုင်းနေလင်းဦး၊ ကျောင်းသား |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၀၃၃)၊ စကားဝါလမ်း၊ ရပ်ကွက်(၃)၊ မိုင်းရယ်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ၊ (SNLD)ပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊ မိုင်းရယ်မြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က အခြေခံပညာကို ၁၉၈၀ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ အ.ထ.က မိုင်းရယ်မြို့နယ်နှင့် အ.ထ.က(၁) လားရှိုးမြို့နယ်တို့တွင် သင်ကြားခဲ့ပါသည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် B.Com ဘွဲ့ကို ရရှိခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အထိ ကမ္ဘောဇဘဏ်၊ လားရှိုးဘဏ်ခွဲတွင် အငယ်တန်းလက်ထောက်မှ လက်ထောက်ကြီးကြပ်ရေးမှူးအထိ လုပ်ကိုင်ခဲ့ပါသည်။ကြက်ခြေနီတပ်ဖွဲ့ဝင်၊ လူငယ်ဘင်ခရာတပ်ဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီတွင် ပြန်ကြားရေး၊ တွဲဖက်အတွင်းရေးမှူး၊ စည်းရုံးရေးမှူးအဖြစ်လည်းကောင်း၊ မိုင်းရယ်မြို့နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ မိုင်းရယ်မြို့နယ် တယ်လီဖုန်းဖြစ်မြောက်ရေးကော်မတီတွင် စာရင်းစစ်အဖြစ်လည်း ကောင်း၊ မိုင်းရယ်မြို့နယ် လျှပ်စစ်မီးလင်းရေးကော်မတီ၏ အတွင်းရေးမှူးအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ် မေလမှ ၂၀၁၅ ခုနှစ် မတ်လအထိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)ပါတီ၊ မိုင်းရယ်မြို့နယ် အလုပ်အမှုဆောင်အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်မှ ယနေ့အထိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း၊ မိုင်းရယ်မြို့နယ် (SNLD)ပါတီ၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့၊ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ |
