(စ)-နိုင်ငံတော်အရအသုံးခန့်မှန်းြခေငွေစာရင်းများစစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၂-၉-၂၀၁၁)

ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်ခဲ့သည်မှာ ခြောက်လခန့် ကြာမြင့်ပြီဖြစ်ပါသည်။ ထိုကာလအတွင်း ပြည်ထောင်စုစာရင်းစစ်ချုပ်အနေဖြင့် နိုင်ငံတော်၏ အရအသုံးခန့်မှန်းြခေငွေစာရင်း များကို မည်ကဲ့သို့စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိမှုများ မည်သို့ရှိသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 ၂၀၁၁ ခုနှစ်၊ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရဲ့ ဥပဒေ အမှတ် /၂၀၁၁ ဖြင့် ၂၇--၂၀၁၁ ရက်နေ့က ပြဋ္ဌာန်းခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးနဲ့သက်ဆိုင်တဲ့ နိုင်ငံတော်ရဲ့အရအသုံးခန့်မှန်းြခေစာရင်းကိုလည်းပြဋ္ဌာန်းခဲ့ပါတယ်။ --၂၀၁၁ ရက်နေ့မှာ ကျင်းပ ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင်ရဲ့ /၂၀၁၁ ကြိမ်မြောက်အစည်းအဝေးမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ် ပထမခြောက်လမှာ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး -၁၀-၂၀၁၁ ရက်နေ့မှ စပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနဲ့ ပြည်နယ်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ ဒါကြောင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနဲ့ ဒေသစာရင်း စစ်ရုံးများဟာ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းခဲ့တဲ့        ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ပထမ ခြောက်လ နိုင်ငံတော်အရအသုံးခန့်မှန်းြခေစာရင်း များကိုစစ်ဆေးပြီး ထူးခြားတဲ့အြခေအနေများကို လွှတ်တော်အဆင့်ဆင့်ကို တင်ပြသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်နောင်မှာလည်းပဲ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနဲ့ ပြည်နယ်တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ အသုံးစာရင်းများကိုစစ်ဆေးပြီး လွှတ်တော်အဆင့်ဆင့်ကိုလည်း ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။ မေးခွန်းပါကာလအတွင်း လချုပ်စာရင်းများ လက်ခံရရှိခြင်းမရှိသေးတဲ့အတွက်ကြောင့်   စစ်ဆေးခြင်း မပြုနိုင်ခဲ့ကြောင်း  ဖြေကြားပါသည်။