ဦးမောင်တိုး (မင်းလှ မဲဆန္ဒနယ်)

အမည်

ဦးမောင်တိုး

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၃/ဘအန (နိုင်) ဝ၁၃၁၃၃

မွေးသက္ကရာဇ်/အသက်

၁၂-၁၁-၁၉၅၀/(၆၀) နှစ်

မွေးဖွားရာဇာတိ

မင်းလှမြို့၊ ပဲခူးတိုင်းဒေသကြီး

ပညာအရည်အချင်း

B.Sc (စစ်တက္ကသိုလ်)၊ ဒီပလိုမာ (နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်)၊ ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ (စီးပွားရေးတက္ကသိုလ်)

လက်ရှိအလုပ်အကိုင်

ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း)၊ မြန်မာ့ပုလဲလုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဘိုးဦး (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အေးတင် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ခင်ကြီး၊ ၃/ဘအန (နိုင်)၀၁၃၅၃၆၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ကိုကို၊ ၁၀/မဒန (နိုင်) ၀၀၃၃၂၆၊ မန်နေဂျာ (မြင့်ကုမ္ပဏီ)
(၂) မသက်သက်၊ ၁၀/မဒန
(နိုင်) ၀၀၃၃၂၅၊ သရုပ်ပြ (ရေကြောင်းတက္ကသိုလ်)
(၃) မသက်စုထွေး၊ ၁၃/ကခန(နိုင်) ၀၅၀၈၉၄၊ ကုန်သည်

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၇၂) ၊ ပတ္တမြားလမ်းသွယ် (၂) လမ်း၊ ရတနာအိမ်ရာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မင်းလှမြို့နယ် (ပဲခူးတိုင်း) (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က အခြေခံပညာကို အ-မ-က (ဌာနကွက်သစ်)နှင့် အ-ထ-က(မင်းလှမြို့)တို့တွင် တက်ရောက် အောင်မြင်ခဲ့သည်။ စစ်တက္ကသိုလ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တွင်လည်း ပညာသင်ကြားခဲ့သည်။ B.Sc(D.S.A),Dip (နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်)နှင့် ဖွံ့ဖြိုးရေးပညာမဟာဘွဲ့တို့ ရရှိခဲ့သည်။

မော်လမြိုင်မြို့တွင် ဗိုလ်မှူးကြီး (စစ်ဗျူဟာမှူး)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ပုလဲလုပ်ငန်းတွင်လည်း ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် အသင်းဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။