မေးခွန်းနံပါတ်(၃)အထက်တန်းကျောင်းအုပ်ကြီး များအား ခန့်အပ်ရာတွင် အခြားဌာနများကဲ့သို့ ပြန်တမ်းဝင်ခန့်အပ်သည့်နေ့မှစ၍ ပြန်တမ်းဝင်လစာ ချက်ချင်းမရရှိဘဲ အတည်ပြုသည့်နေ့မှသာ ပြန်တမ်းဝင်လစာစတင်ရရှိကြောင်း သိရှိရပါသဖြင့် မှန်ကန်မှု ရှိ၊ မရှိနဲ့ မှန်ကန်ပါက နောင်တွင် ရာထူးခန့်ထားသည့်နေ့မှစ၍ ပြန်တမ်းဝင်လစာ ပေးနိုင်ရန် ရှိ၊မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်းနံပါတ်(၃)ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနမှ အထက်တန်းကျောင်းအုပ်များ စတင် ခန့်ထားရာ၌ အထက်တန်းကျောင်းအုပ်ရာထူးသည် အရာရှိ ပြန်တမ်းဝင်ဝင်ပေါက်တစ်ခုဖြစ်တဲ့ အတွက် စတင်ခန့်ထားတာဝန်ပေးရာမှာ တာဝန်ခံကျောင်းအုပ်များအဖြစ် ခန့်ထားရပါတယ်။ ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီက အတည်ပြုခန့်ထားပြီးမှသာလျှင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရဲ့သဘောတူ အတည်ပြုချက်ရရှိတဲ့နေ့မှစပြီး ပြန်တမ်းဝင်လစာ ရရှိမည်ဖြစ်ပါကြောင်း ပြန်လည် တင်ပြဖြေကြားပါသည်။
