(ခ)-တစ်ရာ၊ နှစ်ရာကျပ်တန်များလဲလှယ်ခွင့်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၇-၉-၂၀၁၁)

ယခုအခါမှာ မြန်မာ့စီးပွားရေးဘဏ်များက ငွေအကြွေစက္ကူအဟောင်း၊ အသစ်လဲလှယ်ပေးခြင်း၊ ငွေစက္ကူအသစ်များထုတ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ တယ်။ ကျယ်ကျယ်ပြန့်ပြန့်လည်း ဆောင်ရွက်ပေးမယ့်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်တဲ့အတွက် ကျွန်တော့်ရဲ့ မေးခွန်းကိုမေးမြန်းခြင်း မပြုတော့ပါကြောင်းနှင့် ပြန်လည်ရုပ်သိမ်းပါကြောင်း တင်ပြပါသည်။