ဦးမျိုးဆွေ(တနိုင်း မဲဆန္ဒနယ်)
|
အမည်
|
ဦးမျိုးဆွေ
|
|
အခြားအမည်
|
မရှိပါ
|
|
လူမျိုး/ဘာသာ
|
ဗမာ/ဗုဒ္ဓ
|
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်
|
၄/ဟခန(နိုင်) ၀၀၉၅၇၈
|
|
မွေးသက္ကရာဇ်/အသက်
|
၁၂-၁-၁၉၅၁/ (၅၉) နှစ်
|
|
မွေးဖွားရာဇာတိ
|
မင်းကုန်းရပ်၊ ဗန်းမော်မြို့
|
|
ပညာအရည်အချင်း
|
B.Sc (Phys:)
|
|
လက်ရှိအလုပ်အကိုင်
|
ဒုတိယဗိုလ်မှူးကြီး (ငြိမ်း)၊ အုပ်ချုပ်မှုဒါရိုက်တာ၊ ဆုရွှေနန်းသယံဇာတထုတ်လုပ် ရောင်းဝယ်ရေး၊ ကုမ္ပဏီလီမိတက်
|
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်
|
ဦးကျော်လှ
|
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်
|
ဒေါ်အေးရင်၊ ၁/မကန(နိုင်) ၀၁၆၉၃၇၊ မှီခို
|
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်
|
ဒေါ်နန်းစိန်အေး၊ ၄/ဟခန(နိုင်) ၀၀၉၅၇၉၊ မှီခို
|
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်
|
(၁) ဗိုလ်ကြီး သန့်ဇော်လင်း၊ ၄/ဟခန(နိုင်) ၀၂၁၉၀၅၊ စစ်မှုထမ်း
(၂) မနန်းဆွေမွန်အေး၊ ၁/ဗမန(နိုင်) ၀၆၁၀၄၄၊ အလုပ်သင်ဆရာဝန်
(၃) မောင်ကျော်မင်းထင်၊ ၁/ဗမန(နိုင်) ၀၆၈၀၉၈၊ (တ) နှစ် တက္ကသိုလ်ကျောင်းသား
(၄) မဆုကေခိုင်မျိုး၊ ကျောင်းသူ
|
|
အမြဲတမ်းနေရပ်လိပ်စာ
|
အမှတ် (D)၊ သစ်စက်ဝင်း၊ ယုဇနရပ်ကွက်၊မြစ်ကြီးနားမြို့
|
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ
|
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
|
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်
|
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တနိုင်းမြို့နယ် (ပထမအကြိမ်)
|
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)
|
ငယ်စဉ်က အခြေခံပညာကို ရွှေကူမြို့ရှိ အစိုးရအထက်တန်းကျောင်း၊ အ-မ-က မြို့မ ပြည်တော်သားကျောင်း၊ အ-လ-က အောင်နန်းရိပ်သာ၊ အ-ထ-က (၁) မြစ်ကြီးနားမြို့တွင် အောင်မြင်ခဲ့သည်။ မြစ်ကြီးနား ကောလိပ်နှင့် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး B.Sc (Phys:) သိပ္ပံ (ရူပဗေဒ) ဘွဲ့ကို ရရှိခဲ့သည်။
မိုးညှင်းမြို့ရှိ သမဝါယမဦးစီးဌာနတွင် အစမ်းခန့် (၄) လဖြင့် (ပ) အသင်းစုမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
ဗိုလ်သင်တန်းကျောင်းကို မှော်ဘီမြို့တွင် တက်ရောက်ခဲ့ပြီး ဒုဗိုလ်အဖြစ် ခန့်အပ်ခြင်း ခံရပြီး၊ ခလရ (၈၈) မင်းဘူးမြို့တွင် ဒုဗိုလ်မှ ဗိုလ်အဆင့်ထိလည်းကောင်း၊ ခလရ (၈၃) မိချောင်းရဲမြို့တွင် ဗိုလ်အဆင့်နှင့် ဗိုလ်ကြီးအဆင့်ထိလည်းကောင်း၊ ခမရ (၁၂) ကျောက်မြောင်းမြို့နယ်တွင် ဗိုလ်ကြီးအဆင့်ဖြင့်လည်းကောင်း၊ ဆ-သ-ရ (၄၁၄) ပုသိမ်မြို့တွင် ဗိုလ်ကြီးအဆင့်၊ ဆက်သွယ်ရေး အရာရှိအဖြစ်လည်းကောင်း၊ ဆ-သ-ရ ခွဲ တ-မ-ခ (၅၅) ကလော မြို့တွင်ဗိုလ်ကြီးအဆင့်ဖြင့်လည်းကောင်း၊ ခလရ (၄၀)၊ ဟိုပင်မြို့တွင် ဗိုလ်ကြီးအဖြစ် လည်းကောင်း၊ ခလရ (၁၃) ချောက်မြို့တွင် ယာယီတပ်ခွဲမှူး ဗိုလ်မှူးအဖြစ်လည်းကောင်း၊ ခလရ (၆၀) ကျောက်ကြီးမြို့တွင် ဒုတိယတပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ခမရ (၃၄၈) မိုးမိတ်မြို့တွင် တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ဗန်းမော်ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် ဥက္ကဋ္ဌ နှင့် မြစ်ကြီးနားခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ရင်း တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။
ဘုတလင်မြို့နယ် ကန်တော်သာကျေးရွာ အသုံးလုံးကျေသင်တန်း၊ ဘိုကလေးမြို့နယ် ဒေါင့်ကြီးဒိုင်နယ်၊ ကံစုကျေးရွာတွင် ပညာရေးကောလိပ် စာမတတ်သူ ပပျောက်ရေး လှုပ်ရှားမှု အသုံးလုံးသင်တန်းတွင်လည်းကောင်း၊ မြစ်ကြီးနားမြို့ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ပညာရေးကောလိပ် လေ့ကျင့်ရေး အထက်တန်းကျောင်းတွင် ကျောင်းအကျိုးတော်ဆောင် နာယကအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ကချင်ပြည်နယ် အသင်းခွဲတွင် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ကချင်ပြည်နယ် တိုင်းရင်းဆေးရုံကြီးကြပ်ရေး အဖွဲ့ဝင်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ဖြစ်သည်။
နိုင်ငံတော် စစ်မှုထမ်း တံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်၊ မိုင်းယမ်း-မဲသဝေါ တံဆိပ်၊ စစ်မှုထမ်းသက် တံဆိပ်နှင့် ရန်ငြိမ်းအေး တံဆိပ်များကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။
|