(ဇ)-သာယာဝတီမြို့နယ်၊ကျွဲသတ်ကျေးရွာတွင်ကျေး လက်ကျန်းမာရေးဌာနချထားပေးနိုင်ခြင်းရှိ၊မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ (၁၇.၇.၂၀၁၄)

ကျွဲသတ်ကျေးရွာ ကျန်းမာရေးဌာန မြေနေရာရှိ သာယာဝတီမြို့၏ မြောက်ဘက်တွင်တည်ရှိပြီး ရန်ကုန်-ပြည်လမ်းနှင့် ၃ ဖာလုံအကွာ အင်းရွာပန်းကန်စက်နှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ ကျွဲသတ်ကျေးရွာအုပ်စုသည် အသရော်ကျေးလက် ကျန်းမာရေး ဌာနနှင့် ၉ မိုင် အကွာအဝေးတွင်ရှိပြီး သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် ၈ မိုင် အကွာတွင် တည်ရှိပါကြောင်း၊ ကျွဲသတ်ကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းရှိပြီး အလွှာစုံနေထိုင်သော ဒေသဖြစ်ပါကြောင်း၊ ကျေးလက်ကျန်းမာရေး ဌာနဆေးခန်းမြေအဖြစ် မြေနေရာ အကျယ်အဝန်းသည် ၁.၅ ဧကကို ကျေးရွာမှ စုပေါင်းဝယ်ယူ ထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနသို့ ကျွဲသတ်ကျေးရွာ ကျန်းမာရေးဌာနပိုင်မြေအဖြစ် လှူဒါန်းပြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျွဲသတ်ကျေးရွာ ကျန်းမာရေးဌာနအဖြစ် ခွင့်ပြုမည်ဆိုပါက နီးစပ်ရာ အုပ်စု ၁၂ စုမှ ကျေးရွာ ၄၆ ရွာ အိမ်ခြေ ၄၄၆၇ ရှိ လူဦးရေ ၁၇၈၂၁ ဦးအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူနိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍) ကျွဲသတ်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိနှင့် (၂) ဖွင့်လှစ်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဖွင့်လှစ်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


အဖြေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် ကျွဲသတ်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ရန် ရနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနသည် ၁၂-၆-၂၀၁၄ ရက်စွဲပါစာအမှတ်၊ ကမရ/(က) ၁၂၀၄/၉၉ ဖြင့် ဖွဲ့စည်းပုံခွင့်ပြုမိန့် ထုတ်ပြန်ခဲ့ပေးပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။