ဦးမောင်မောင် (သာယာဝတီ မဲဆန္ဒနယ်)

အမည်

ဦးမောင်မောင်

အခြားအမည်

ဦးခင်မောင်ဝင်း

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/သဝတ (နိုင်) ဝ၅၇၃၈၉

မွေးသက္ကရာဇ်/အသက်

၂၇-၇-၁၉၅၃/ (၄၇) နှစ်

မွေးဖွားရာဇာတိ

သာယာဝတီမြို့

ပညာအရည်အချင်း

သိပ္ပံဘွဲ့၊ ဓါတုဗေဒဘွဲ့

လက်ရှိအလုပ်အကိုင်

ဆီစက်၊ ကုန်သည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစိန်ဟုန် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်လှရွှေ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၉) ၊ ဈေးလမ်း၊ သာယာဝတီမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သာယာဝတီမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က အခြေခံပညာကို သာယာတီမြို့အ-လ-က ကွက်သစ်နှင့် အ-ထ-က (၁)တွင်သင်ယူခဲ့သည်။ ပုသိမ်ကောလိပ်တွင် တက်ရောက်သင်ကြားခဲ့ပြီး B.Sc(Chem:) ဘွဲ့ရရှိခဲ့သည်။

ဆန်စပါးကြိတ်ခွဲရောင်းဝယ်ခြင်း၊ ဆီထွက်သီးနှံကြိတ်ခွဲရောင်းဝယ်ခြင်းနှင့် ပွဲရုံလုပ်ငန်းများကို လုပ်ကိုင် ခဲ့သည်။ မြို့သာယာလှပရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ခရိုင်ဆန်စပါးရောင်းဝယ်‌ရေးအသင်း တွင်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ခရိုင်မီးဘေးကြိုတင်ကာကွယ်တားဆီးရေးနှင့် မြို့နယ်သဘာဝ အန္တရာယ်ကယ်ဆယ်ရေးနှင့် ကူညီရေးဆပ်ကော်မတီတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ အခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် တိုင်းကေကော်မရှင်အဖြစ်လည်း ကောင်း၊ မြို့နယ်လျှပ်စစ်ဓာတ်အားစနစ်တကျဖြန့်ဖြူးသုံးစွဲရေးနှင့် မြို့နယ်နိုင်ငံသားပြုခွင့်ရသူများဆိုင်ရာ စုံစမ်းရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။