ရိုသေလေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ကိုယ်စိတ်နှစ်ပါးကျန်းမာ၊ ချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်၊ မိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကြည်ဖြစ်ပါတယ်။ ကျွန်တော်မှ မေးမြန်းလိုသောမေးခွန်းမှာ ယခင်က ကျွန်တော်တို့ မိုင်းတုံမြို့နှင့် နယ်နိမိတ်ချင်းထိစပ် လျက်ရှိသော တစ်ဖက်ထိုင်းနိုင်ငံနှင့် ဆက်သွယ်ထားသည့် မိုင်းတုံ-ပုံပါကျင်-ဘီပီ(၁) လမ်းကြောင်း ပေါ်မှ ဘီပီ (၁) ဂိတ်ဖွင့်လှစ်၍ ကုန်စည်များသယ်ယူခဲ့ဖူးပါတယ်။ သို့ရာတွင် အြခေအနေအမျိုးမျိုး ကြောင့် မိုင်းတုံ-ပုံပါကျင်-ဘီပီ(၁)လမ်းကြောင်းပေါ်ရှိ ဘီပီ(၁)ဂိတ်သည် ပိတ်ထားခဲ့ပါသည်။ လက်ရှိ အြခေအနေတွင် မိုင်းတုံမြို့၏ကုန်သွယ်မှုမှာ မိုင်းတုံ-တောင်ကြီးလမ်း၊ မိုင်းတုံ-မိုင်းဆတ်-တာချီလိတ် လမ်းကြောင်းကို အသုံးပြုနေရသဖြင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ အချိန်ကြန့်ကြာမှုများ ရှိနေပါသည်။ ထို့ကြောင့် ယခုအခါတွင် နယ်ြမေဒေသသည် အေးချမ်းလာပြီဖြစ်တဲ့အတွက် မိုင်းတုံမြို့ နှင့်ထိုင်းနိုင်ငံ ကျိန်းလောမြို့တို့ ဆက်သွယ်လျက်ရှိတဲ့ မိုင်းတုံ-ပုံပါကျင်-ဘီပီ(၁)လမ်းကြောင်းပေါ်ရှိ ဘီပီ(၁)ဂိတ်အား ဖွင့်လှစ်ပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိ သိလိုပါသည်။ အစီအစဉ်ရှိပါက မည်သည့် အချိန်တွင်ဆောင်ရွက်ပေးမည်။ အစီအစဉ်မရှိပါက အဘယ့်ကြောင့် မဆောင်ရွက်ပေးနိုင်သည်ကို မေးမြန်းတင်ပြလိုပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။ (သြဘာသံများ)
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တက်ရောက်လာကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ဧည့်သည်တော်များခင်ဗျား။ ကျွန်တော့်အနေနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကြည်မှ မေးမြန်းတင်ပြထားတဲ့ မိုင်းတုံ မြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တစ်ဖက်ထိုင်းနိုင်ငံနှင့်ဆက်သွယ်ထားသည့် မိုင်းတုံ-ပုံပါကျင်- ဘီပီ(၁) လမ်းကြောင်းပေါ်မှ ဘီပီ(၁)ဂိတ်ဖွင့်လှစ်ပြီး ကုန်စည်များသယ်ယူခဲ့ဖူးပါကြောင်း၊ သို့ရာတွင် အြခေအနေအမျိုးမျိုးကြောင့် မိုင်းတုံ-ပုံပါကျင်-ဘီပီ(၁) လမ်းကြောင်းပေါ်ရှိ ဘီပီ(၁)ဂိတ်သည် ပိတ်ထားခဲ့ပါကြောင်း၊ လက်ရှိအြခေအနေတွင် မိုင်းတုံမြို့၏ ကုန်သွယ်မှုမှာ မိုင်းတုံ-တောင်ကြီးလမ်း နှင့် မိုင်းတုံ-မိုင်းဆတ်-တာချီလိတ်လမ်းကြောင်းကို အသုံးပြုနေရတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ အချိန်ကြန့်ကြာမှုများရှိပါကြောင်း၊ ယခုအခါမှာ နယ်ြမေဒေသအေးချမ်းလာမှုအပေါ် မူတည်ပြီး မိုင်းတုံမြို့နှင့် ထိုင်းနိုင်ငံ ကျိန်းလောင်မြို့တို့ ဆက်သွယ်လျက်ရှိတဲ့ မိုင်းတုံ-ပုံပါကျင်-ဘီပီ(၁)လမ်းကြောင်းပေါ်ရှိ ဘီပီ(၁)ဂိတ်အား ဖွင့်လှစ်ပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း နဲ့ အစီအစဉ်ရှိပါက မည်သည့်အချိန်မှာ ဆောင်ရွက်ပေးမည်။ အစီအစဉ်မရှိက အဘယ်ကြောင့် မဆောင်ရွက်ပေးနိုင်သည်တို့ကို မေးမြန်းထားတဲ့ မေးခွန်းနဲ့စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါ တယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကြည်ရဲ့ မေးမြန်းချက်အရဒေသရဲ့ လုံခြုံရေး အခြေအနေ၊ လမ်းပန်းဆက်သွယ်မှုအခြေအနေ၊ ဒေသတွင်းကုန်သွယ်မှုအြခေအနေ၊ နှစ်နိုင်ငံသဘော တူညီမှုအြခေအနေများအပါအဝင် ကုန်သွယ်မှုစခန်းဖွင့်လှစ်ရန် လိုအပ်ချက်များနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းခဲ့ပါတယ်။ ညှိနှိုင်းချက်အပေါ်မှာ ထပ်ဆင့်ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ မိုင်းတုံ-ပုံပါကျင်-ဘီပီ(၁)လမ်းကြောင်းပေါ်မှာရှိတဲ့ ဘီပီ(၁)ဂိတ်အား ဖွင့်လှစ်ပေးနိုင်မယ့် အစီအစဉ် ရှိ၊ မရှိနဲ့ပတ်သက်ပြီး မိုင်းတုံမြို့နယ်၊ ပုံပါကျင်ဒေသမှာ ဒေသခံတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရှိကြောင်း၊ ပုံပါကျင်-ဘီပီ(၁)လမ်းကိုလမ်းကြောင်းနှစ်ကြောင်းမှ သွားလာနိုင်ကြောင်း၊ ပထမလမ်းကြောင်းဖြစ်တဲ့ တောင်ကြီး-လွိုင်လင်-နမ့်စန်-မိုးနဲ-မိုင်းပန်-တာဆန်း-မိုင်းတုံ-ပုံပါကျင်လမ်း ကြောင်းမှာ ၂၉၈ မိုင် ဝေးကွာကြောင်း၊ ဒုတိယလမ်းကြောင်းဖြစ်တဲ့ တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်- မိုင်းဆတ်-မိုင်းတုံ-ပုံပါကျင်လမ်းကြောင်းဟာ ၃၆၄ မိုင် ကွာဝေးကြောင်း၊ ပထမလမ်းကြောင်းသည် ခရီးမိုင် ၆၆ မိုင် လျော့နည်းသွားသော်လည်းပဲ လမ်းကြောင်းနှစ်ခုလုံးရှိတဲ့ အချို့နေရာတွေမှာ ကုန်တင် ယာဉ်ကြီးများသွားရန် လမ်းများအား အကြီးစားပြင်ဆင်ပေးရန် လိုအပ်ကြောင်း၊ အချို့လမ်းဟာ ြမေသားလမ်းများဖြစ်နေပါကြောင်း၊ မိုးတွင်းမှာ လမ်းပျက်စီးမှုများဖြစ်ပေါ်ပြီးတော့ တံတားများရဲ့ ခံနိုင် ဝန်များမှာလည်း ယာဉ်နှင့်ကုန်အလေးချိန် ၁၃ တန်သာရှိပြီးတော့ လမ်းတံတားများ ပိုမိုကောင်းမွန် မှသာ ကုန်စည်စီးဆင်းမှုအဆင်ပြေမှာဖြစ်ကြောင်း၊ ယခုအချိန်မှာ ကုန်သွယ်မှုချောမွေ့စွာ ဆောင်ရွက် နိုင်မည့် အခြေအနေမရှိသေးကြောင်းနှင့် လောလောဆယ် ဘီပီ(၁)ဂိတ်မှ ဒေသတွင်း ရွာသားများ ကျန်းမာရေးအတွက် တစ်ဖက်နိုင်ငံသို့ ဆေးဝါးကုသမှုအတွက် သွားလာခြင်းသာရှိပြီး ကုန်သွယ်မှု မရှိပါကြောင်းနှင့် ဘီပီ(၁)မှာ နှစ်နိုင်ငံ နယ်စပ် ဝင်/ထွက်ဂိတ်များ ဖွင့်လှစ်မည်ဆိုပါက နှစ်နိုင်ငံ သဘောတူညီမှုရှိရန် လိုအပ်ပါကြောင်းနဲ့ လောလောဆယ်မှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပြုလုပ်ရန်၊ ဂိတ်ဖွင့်လှစ်ရန် နှစ်နိုင်ငံသဘောတူညီထားမှုမရှိပါကြောင်းလည်း သိရှိရပါတယ်။
အလျဉ်းသင့်လို့ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ အရေးပါဆုံးဖြစ်တဲ့ မြဝတီ ကုန်သွယ်ရေးစခန်းကိုဒေသအြခေအနေအရ တစ်နှစ်ခွဲကျော်ကျော် ပိတ်ထားခဲ့တာကိုလည်း ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကျွန်တော်ကိုယ်တိုင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့အတူပြန်လည် ဖွင့်လှစ် ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး အကြံပြုချက်များအရ နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းပေါ်မှာရှိတဲ့ ရှမ်းပြည်နယ်၊ သိန္နီမြို့မှာရှိတဲ့ ရေပူကုန်ပစ္စည်းစစ်ဆေးရေးစခန်း နဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာရှိတဲ့ မရမ်းချောင်းကုန်ပစ္စည်း စစ်ဆေးရေးစခန်းများကိုလည်းပဲ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှစပြီးတော့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များကို ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်နက်ခဲယမ်းမီးကျောက်နဲ့ မူးယစ်ဆေးဝါးများ တားဆီးရေးနဲ့လူကုန်ကူးမှု ပပျောက်ရေးအတွက် ၎င်းရုပ်သိမ်းခဲ့တဲ့ ကုန်စစ်ဆေးရေးစခန်းများကို ပြည်ထဲရေးဝန်ကြီးဌာနမှသာ ဆက်လက်တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဆက်တည်းမှာပဲ ယခင်ကနယ်စပ်ကုန်သွယ်ရေး အပါအဝင် တင်သွင်းခွင့်ပိတ်ပင်ထားတဲ့ ကုန်ပစ္စည်းငါးမျိုးကိုလည်းပဲ ယခုတရားမဝင် ကုန်သွယ်မှု လမ်းကြောင်းမှ တရားဝင်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ကို ရောက်ရှိလာစေရေးအတွက် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်ပြီး အကန့်အသတ်နဲ့ စိစစ်တင်သွင်းခွင့်ပြုနေပြီ ဖြစ်ပါတယ်။ ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှသာတင်ပို့ခွင့်ပြုထားတဲ့ ဆန်တင်ပို့မှုကိုလည်းပဲ နယ်စပ်ကုန်သွယ်ရေး နည်းလမ်းဖြင့် တင်ပို့ခွင့်ပြုတဲ့နေရာမှာ စောစောက ြဖေကြားတဲ့အတိုင်းပဲ ဆန်တန်ချိန် ၁၆၀၀၀ ကျော် တင်ပို့ခဲ့ပြီးတော့ ပင်လယ်ရေကြောင်းမှတင်ပို့တဲ့ ဈေးထက်ပိုမိုရရှိနေပြီ ဖြစ်ပါတယ်။ သစ်သီးအစိုများ ဖြစ်တဲ့ တည်သီးနှင့်သလဲသီးအစိုများအား ရာသီမရွေးတရားဝင် တင်သွင်းခွင့်ပြုထားခဲ့ပြီးတော့ နဂါးမောက်သီးနှင့်ဆန်းကစ်သီးများအား နိုင်ငံတွင်းစိုက်ပျိုးထွက်ရှိ ကာလများဖြစ်တဲ့ အောက်တိုဘာလ မှ ဇန်နဝါရီလအထိ တင်သွင်းခွင့်မပြုဘဲ ကျန်ကာလများမှာသာ တရားဝင်တင်သွင်းခွင့်ပြုပေးခဲ့ပါ တယ်။ ဒါကြောင့် နယ်စပ်ကုန်သွယ်မှု ပမာဏဟာ ယခုဘဏ္ဍာနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ဒေါ်လာသန်း ၂၆၁၈ သန်း ကုန်သွယ်နိုင်ခဲ့တဲ့အတွက် ယခင်ကာလထက် ဒေါ်လာ ၉၉၈ သန်းကျော် ပိုမိုဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အရေးကြီးတဲ့ ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မြဝတီ၊ မူဆယ်ကုန်သွယ်ရေးစခန်းများကိုလည်းပဲ ယခင် Must of Serviceနဲ့ ဆောင်ရွက်ခဲ့ပြီးတော့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်ဆောင်ရွက်ခဲ့ပါတယ်။ ယခုတော့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ လိုင်စင်ပေးတဲ့အလုပ်နဲ့ ကုန်သွယ်မှုမြှင့်တင် ပေးတဲ့အလုပ်သာလုပ်ပြီးတော့ ကျန်တဲ့ဌာနများလည်း မိမိနဲ့သက်ဆိုင်တဲ့အလုပ်များလုပ်ဖို့ အစီအစဉ် များလည်း စီမံဆောင်ရွက်နေပြီဖြစ်ကြောင်း တင်ပြလိုပါတယ်။ ဒါ့အပြင် ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ထန်တလန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာတလဲမ်း မေးမြန်းခဲ့တဲ့ ထန်တလန်မြို့နယ်မှာ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ကွင်းဆင်းစိစစ်လေ့လာခဲ့ပြီးလည်းဖြစ်ပါတယ်။ ဖွင့်လှစ်နိုင် တဲ့ အြခေခံအချက်များလည်း ပြည့်စုံနေပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှုပြုနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ထားပြီးဖြစ်ကြောင်း တင်ပြလိုပါတယ်။ မိုင်းတုံမြို့နယ်၊ ပုံပါကျင် မြို့နယ်ခွဲ ဘီပီ(၁)လမ်းမှာလည်းပဲ ၁၉၈၉ မှ ၁၉၉၉ ထိ အကောက်ခွန်ကင်းရုံး ဖွင့်လှစ်ခဲ့ပါတယ်။ ဒေသတွင်းသစ်များတင်ပို့မှုကို အဓိကစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းနဲ့ နယ်စပ်ဝင်/ထွက်ဂိတ်များ ဖွင့်လှစ်နိုင်ရေးအတွက် အြခေခံလိုအပ်ချက်များဖြစ်တဲ့ လုံခြုံရေးကောင်းမွန်အောင် ဆောင်ရွက် ပေးခြင်းများ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းများနဲ့ ဆက်စပ်ဌာန ဆိုင်ရာရုံးများ ဖွင့်လှစ်ပေးခြင်းများစတဲ့ အချက်များ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ယခုအခါ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း ခေါင်းဆောင်သောအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ပြီး ထာဝရငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေသော တစ်ဖက်ထိုင်းနိုင်ငံတို့နဲ့ ဆက်သွယ်ထားတဲ့ မိုင်းတုံ-ပုံပါကျင်-ဘီပီ(၁)လမ်းကြောင်းပေါ်မှာရှိတဲ့ဘီပီ(၁)ဂိတ်ကို နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ် နိုင်ဖို့အတွက် အခြေခံလိုအပ်ချက်များပြီးပြည့်စုံအောင် အမြန်ဆောင်ရွက်ပြီးပါက ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းဖြေကြားထားပါသည်။
