(ခ)-ရွှေဘို၊ ဝက်လက်နှင့် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရှိ စပါးဂိုဒေါင်များကို မည်သည့်အချိန်တွင် တာဝန်ယူ ဖျက်သိမ်းမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ စပါးအဝယ်ဒိုင်ဝင်းမြေပေါ်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် သက်တမ်းနှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်သော အသုံးမပြုတော့သည့် စပါးဂိုဒေါင် လေးလုံးနှင့် ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်အတွင်းရှိ စပါးဂိုဒေါင်များကို ဝန်ကြီးဌာန အနေဖြင့် တာဝန်ယူဖျက်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိသိလိုပါသောကြောင့်

မိမိတို့နိုင်ငံတွင် မကြာမီနိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက် လာမည်ဖြစ်သောကြောင့် SME များနှင့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ Supermarketကြီးများ၊ ကုန်သည်ပွဲစားများ၊ ကုန်စည်ဒိုင်များနှင့