(င)-တောင်တွင်းကြီးမြို့၊ အစိုးရမြို့မ မူကြိုကျောင်းကို အဆောက်အဦသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ကိုယ့်အားကိုယ်ကိုးမြို့မ မူကြိုကျောင်းကို ၁၉၉၂ ခုနှစ် တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အဆောက်အအ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ (၁.၆.၂၀၁၈)

 

နံရံ၊ သွပ်မိုး၊ ဝါးထရံမျက်နှာကြက် အမျိုးအစားဖြစ်ပါ ကြောင်း၊ ၁-၅-၂၀၁၆ ရက်နေ့ တွင် ၎င်းကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းကို အစိုးရမူကြိုကျောင်း အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ အဆောက်အအုံမှ ယခင်အဆောက်အအုံသာဖြစ်ပြီး အစိုးရမှ အသစ်ဆောက်လုပ်ပေးခဲ့ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် လက်ရှိ ကိုယ်ထူကိုယ်ထအဆောက် အအုံသည် နှစ်ပေါင်း ၂၆ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသောကြောင့် ရာသီဥတုဒဏ်နှင့် ပြင်းထန် သောမြေငလျင်ဒဏ်များကို အကြိမ်ကြိမ်ခံခဲ့ရပါကြောင်း၊ ၂၀၀၃ ခုနှစ်တွင် တောင်တွင်းကြီးမြို့အနီး အရှေ့တောင်ဘက် ၁၀ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် အင်အား ရစ်ခ်ျတာစကေး ၆.၉ အဆင့်ရှိသည့် အင်အားပြင်းငလျင်ကြီးကြောင့် တောင်တွင်းကြီးမြို့အနီး၊ တောင်တွင်းကြီးမြို့အတွင်း ရှေးဟောင်းဘုရားစေတီအများအပြား ပြိုကျပျက်စီးခဲ့သည့်အပြင် အဆိုပါမြို့မမူကြိုကျောင်း၏ နံရံများ ကွဲခြင်း၊ ယိုင်နဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊  သို့သော် ကိုယ့်အားကိုယ်ကိုးပြီး ပြန်လည်ပြင်ဆင် ဖာထေးအသုံးပြုခဲ့ပါကြောင်း၊ ထို့ပြင် အခြားအင်အားအသင့်အတင့်ရှိသည့် ငလျင်များ၏ဒဏ်ကိုလည်း ခံခဲ့ရပါကြောင်း၊၂၂-၈-၂၀၁၆ ရက်နေ့ ချောက်မြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့်လည်းကောင်း၊  ၂၀၁၈ ခုနှစ်က ဖြူးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားအသင့်အတင့်ရှိသည့် ငလျင်ဒဏ်၊ မကြာသေးမီက နေပြည်တော်၏ အနောက်ဘက် မိုင် ၂၀ အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့်အင်အားအသင့်အတင့်ငလျင်များကြောင့် ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့ရသညိ့ မူကြိုကျောင်းအဆောက်အအုံ ကြီးသည် အက်ကွဲကြောင်းကြီးနှင့်  နံရံများ ယိမ်းယိုင်နေပါကြောင်း၊ ထို့ပြင် တောင်တွင်းကြီးမြို့သည် လူဦးရေသိပ်သည်းသည့် မြို့ဖြစ်ပါကြောင်း၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းစတင်ဖွင့်လှစ်စဉ်ကာလကတွင် ကျောင်းသားဦးရေ ၅၀ ကျော်သာရှိ သော်လည်း ယခုအခါ ၁၇၀ ကျော် ရှိနေပြီဖြစ်ပါကြောင်း၊  ကျောင်းအဆောက်အအုံတွင် ရုံးခန်း၊ ကပြစင်မြင့်၊ စာသင်ခန်းနှစ်ခန်း၊ ချက်ပြုတ်ခန်း၊ ပစ္စည်းသိုလှောင်ခန်း စသည့် အခန်းများ ဖွဲ့စည်းထား သည့်အတွက် ကလေးသူငယ်များသည် ကျဉ်းကြပ်စွာ နေထိုင်စာသင်နေရပါကြောင်း၊  ၁၀-၃-၂၀၁၆ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်တွင် အဆိုပါမြို့မမူကြိုကျောင်း၏ လက်ရှိအနေအထားများကို သက်ဆိုင် ရာ ကျောင်းအုပ်ကြီးနှင့် ကျောင်းကော်မတီဝင်များက ဝန်ကြီးထံသို့ တင်ပြခဲ့သဖြင့် ဒုတိယဝန်ကြီး ကိုယ်တိုင်ဝင်ရောက်စစ်ဆေးကြည့်ရှုခဲ့ပါကြောင်း၊ ထို့ကြောင့် ငလျင်အကြိမ်ကြိမ်ခံခဲ့ရသည့် ၂၆ နှစ် သက်တမ်းရှိ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းအဆောက်အအုံကိုဖျက်သိမ်းပြီးအစိုးရမှ အဆောက် အအုံသစ်တစ်ခုတည်ဆောက်‌ပေးပါရန် အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ်ရှိပါ မည်သည့်ဘဏ္ဍာနှစ်တွင် စီစဉ်ထားရှိသည်ကိုသိလိုပါကြောင်း ဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးစိုးအောင်
အဖြေ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် အသက်သုံးနှစ်မှ အသက်ငါးနှစ်အရွယ် ကလေးသူငယ်များအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာနည်းလမ်းများနှင့်အညီ ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် မူလတန်း ကြိုကျောင်းများ၊ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို အသိ အမှတ်ပြုထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးတွင် လူမှုဝန်ထမ်းဦးစီး ဌာနမှ တည်ထောင်ဖွင့်လှစ်ပေးထားသော မူလတန်းကြိုကျောင်း ၁၀၄ ကျောင်းရှိပြီး ကိုယ့်အားကိုယ် ကိုး မူလတန်းကြိုကျောင်း ၉၈၆ ကျောင်းကို အသိအမှတ်ပြုပြီး ဆရာမလစာနှင့် သင်ထောက်ကူ ပစ္စည်းများအတွက် နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မူကြိုကျောင်းအသစ်များ တည် ဆောက်ခြင်း၊ အဟောင်းများပြုပြင်ခြင်း၊ လိုအပ်သောအဆောက်အဦများကို အသစ်ပြန်လည်တည် ဆောက်ခြင်းများကို ဘဏ္ဍာရန်ပုံငွေခွဲဝေရရှိမှုပေါ် မူတည်ပြီး နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများအနက် လူမှု ဝန်ထမ်းဦးစီးဌာနသို့ ဌာနပိုင်မူလတန်းကြိုကျောင်းအဖြစ် လွှဲပြောင်းပေးအပ်သော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီလက်ခံပြီး ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထောက်ပံ့ကြေး ပေးလျက်ရှိသော ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၆၀ကျော် ရှိပါကြောင်း၊ အဆိုပါ ထောက်ပံ့ကြေးပေးလျက်ရှိ သော ကျောင်းများအနက် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ မြို့မကိုယ့်အားကိုယ်ကိုးမူလ တန်းကြိုကျောင်းကို ၁၉၉၂ ခုနှစ်တွင် အုတ်ညှပ်ကျောင်းဆောင်အဖြစ် ကိုယ့်အား ကိုယ်ကိုးမူလ တန်း ကြိုကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၆-၂-၂၀၁၅ ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနကို လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ရှိ ကိုယ့်အားကိုယ်ကိုး မြို့မ မူလတန်းကြိုကျောင်းကို ၁-၅-၂၀၁၆ ရက်နေ့တွင် တောင်မြေ(၂) မူလတန်းကြိုကျောင်းအဖြစ် အမည် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ၁၀၀ ဆံ့မူလတန်းကြို ကျောင်းအဖြစ် မူကြိုအရွယ် ကလေးငယ် များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးစေရန်အတွက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အဆိုပါ မူလတန်းကြိုကျောင်းအဆောက်အဦသည် နှစ်ကာလကြာရှည်ပြီဖြစ်ခြင်း၊ အုတ်နံရံများ ကွဲအက်ခြင်း များကြောင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ထိန်းသိမ်းစရိတ် ငွေကျပ် ၂၃ သိန်းကို ခွင့်ပြုခဲ့ပြီး ပြန်လည်ပြင်ဆင်၍ အသုံးပြုလျက်ရှိပါကြောင်း၊ သို့သော် အဆောက်အဦကြံ့ခိုင်မှုအားနည်းခြင်း၊ ငလျင်ဒဏ်ခံရခြင်း၊ ကလေးဦးရေနှင့် အခန်းလုံလောက်မှု မရှိခြင်းတို့ကြောင့် ယခင်ကျောင်းဆောင် ဟောင်း ကို ဖျက်သိမ်းပြီး နှစ်ထပ် RC ကျောင်းဆောင် တစ်လုံး၊ ရေ၊ မီး၊ မိလ္လာ၊ ပေါ်တီကို အပါအဝင် အသစ်တည်ဆောက်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေတွင် ထည့်သွင်း တောင်းခံ၍ ပထမဦးစားပေးဖြင့် လျာထားပြီးဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။