ရခိုင်ပြည်နယ်၊ စစ်တွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညို ဖြစ်ပါတယ်။ ကလောင်အမည်ကတော့ ပန်းချီမင်းညို။ ရခိုင်ပြည်နယ် ဒေသခံရခိုင်တိုင်းရင်းသားများနဲ့ ဧည့်သည်တစ်ဖက်နိုင်ငံမှ ကုလား(ခေါ်)ဘင်္ဂါလီ မျိုးနွယ်စုပဋိပက္ခ ဖြစ်ကြပါတယ်။ နှစ်ဖက်စလုံးမှ အသေအပျောက်များ၍ ပစ္စည်းဥစ္စာများ ဆုံးရှုံးနစ်နာခဲ့ကြပါတယ်။ ၁၉၄၂ ခုနှစ်ကပင် ရန်စခဲ့သော ပဋိပက္ခသည် အကြိမ်များစွာ ပျောက်လိုက်ပေါ်လိုက် ဖြစ်ခဲ့သည်မှာ ၂၀၁၂ ခုနှစ်အထိ သက်တမ်းရှည်ခဲ့ပါတယ်။ သမိုင်းတွင် မရှိခဲ့သည့် တရားမဝင်သော လိုအင်ဆန္ဒ ကြောင့် သူများပစ္စည်းကို မတရားယူလိုသောတောင်းဆိုမှု၊ လုယက်တိုက်ခိုက်မှု၊ အကြမ်းဖက်မှုများ ကြောင့် အေးချမ်းစွာနေလိုသော ဒေသခံရခိုင်တိုင်းရင်းသားများမှာ မိမိတို့ပိုင်ဆိုင်သောပိုင်နက်ကို ကာကွယ်သည့်အနေဖြင့်လည်းကောင်း၊ ပြည်ထောင်စုကိုကာကွယ်သည့်အနေဖြင့် လည်းကောင်း ကျူးကျော်ရန်စမှုကို မခံလိုဘဲ ဆန္ဒအရကာကွယ်ခဲ့ကြပါတယ်။ အကြောင်းအရင်းမှာ လုတဲ့သူနဲ့ အလုခံရသူများက ဘယ်သူလွန်သည်ကို သိကြမည်ဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်တွင် လူဝင်မှု ကြီးကြပ်ရေးဌာနမရှိဘဲ အင်္ဂလိပ်များမှာ ကူလီလုပ်ရန် လည်းကောင်း၊ ဝန်ထမ်းလုပ်ရန်လည်းကောင်း ဧည့်သည်စစ်တကောင်း နယ်သား ကုလား(ခေါ်) ဘင်္ဂါလီများကို မြန်မာနိုင်ငံအတွင်းသို့ ခေါ်ယူသွင်း လာခဲ့တယ်။ လွတ်လပ်ရေးရပြီးနောက် ကုလား ဆူပူမူဂျာဟစ် ရခိုင်ရွာပေါင်း ၃၀၀ ကျော်ကို မိမိတို့ ပိုင်နက်နေရာဒေသမှ ရခိုင်များကို အကြမ်းဖက်၍ နည်းမျိုးစုံဖြင့် မောင်းထုတ်ခဲ့ပါတယ်။ ရခိုင်လူမျိုး များ ပိုင်ဆိုင်သော ဘိုးဘွားပိုင်မြေ၊ နေရပ်ပစ္စည်းများကို ရယူသိမ်းဆည်းပြီး နယ်ချဲ့ခဲ့သော အဲဒီဘင်္ဂါလီ များ ဖြစ်ကြပါတယ်။ ရခိုင်များက ဘင်္ဂါလီများကို မျိုးသုဉ်းသတ်ဖြတ်သည်ဟု အယ်ဂျီးရီးယား ရုပ်မြင်သံကြားမှ ပုံကြီးချဲ့ပြီးလွှင့်သည်မှာ လုံးဝမမှန်ကန်ပါ။ ဘင်္ဂါလီများကို ရာဂဏန်းမှ ထောင်ဂဏန်း၊ ထောင်ဂဏန်းမှ သောင်းဂဏန်း၊ သောင်းဂဏန်းမှ သိန်းဂဏန်းသို့ တိုးပွားလာခြင်းမှာ မျိုးသုဉ်းသတ်ဖြတ်ခြင်း မဟုတ်ပါဘူး။ မှန်သည် မှားသည်ကို လွှတ်တော်ကိုယ်စားလှယ်များ စဉ်းစား ကြည့်လျှင် သိရှိနိုင်ပါတယ်။ ကုလားဝေါဟာရနဲ့ ဘင်္ဂါလီဝေါဟာရနှစ်ခု ပျောက်စေရန် နည်းမျိုးစုံကြံပြီး ကြိုးစားနေခြင်းသာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံမှ ဘာသာတူများကိုစုစည်း၍ ဘာသာရေးပဋိပက္ခ အသွင် ဖန်တီးနေခြင်းသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကုလားဟူသော ဝေါဟာရကို နည်းမျိုးစုံနဲ့ ခြောက်လှန့် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ သို့သော် ဥပမာ ဦးကုလားရာဇဝင်ကြီး၊ ဇင်းမယ်ကုလား၊ သွေးသောက် ကြီးကန်ကုလား၊ ကုလားမနိုင် ရခိုင်မဲ၊ ကုလားဖြူ၊ ကုလားမဲ၊ ကုလားထိုင်၊ ကုလားကာ၊ ကုလားပဲ၊ ဖဲထုတ်တို့တွင်ပါသော ကုလားတို့မှာ ကုလားဝေါဟာရများ ဖြစ်ကြပါတယ်။ ကုလားသည် လူ၏ ဥပဓိရုပ်ကို မြင်လျှင် ပါးစပ်မှ လွှတ်ခနဲ အလိုလိုကုလားဟုထွက်သော ကုလားဟူသော ဝေါဟာရကို ဖျောက်၍မရပါဘူး။ လွတ်လပ်ရေးရပြီးနောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ ယာယီမှတ်ပုံတင်ပေး သည့်အခါ စာရင်းသွင်းပုံစံတွင် ပုံစံ(၁)၌ ကိုးကွယ်သည့်ဘာသာမှာ အစ္စလာမ်ဘာသာ၊ လူမျိုးက ဘင်္ဂါလီဟု အစစ်ခံထားပါတယ်။ သူတို့က အစစ်ခံထားတာပါ။ ကုလား သို့မဟုတ် ဘင်္ဂါလီများက အတိအကျမြန်မာနိုင်ငံက သမိုင်းဝင်ဝေါဟာရဖြစ်ပါတယ်။ ရခိုင်လူမျိုးကို ရခိုင် သို့မဟုတ် ရ-ခိုင် ဟုခေါ်ပါတယ်။ မြန်မာလူမျိုးကို မြန်မာ သို့မဟုတ် ဗမာဟုခေါ်ပါတယ်။ ဂျပန်လူမျိုးကို ဂျပန် သို့မဟုတ် နီပွန်ဟုခေါ်ထားပါတယ်။ ကုလားလူမျိုးကိုလည်း ကုလား သို့မဟုတ် ဘင်္ဂါလီဟု ခေါ်ပါ သည်။ ဤဝေါဟာရများကို မည်သည့်အာဏာနဲ့မျှ ဖယ်ရှား၍မရပါ။ နယ်မြေသစ်တစ်ခုရှာပြီး ပြောင်းရွှေ့ပစ်ရင်တော့ ကောင်းမှာပါ။ မြန်မာနိုင်ငံ၏ဥပဒေကို လိုက်နာမည်ဟုပြောလျှင် ပြည်ထောင်စု မြန်မာနိုင်ငံကို သစ္စာရှိရပါမည်။ ၁၉၈၂ ခုနှစ် တည်ဆဲဥပဒေသည် နိုင်ငံခြားသားများ မြန်မာနိုင်ငံကို ဝါးမျိုရန် စိတ်ကူးယဉ်နေခြင်းကို ဥပဒေနှင့် တားမြစ်ထားခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါ မေးခွန်းနှစ်ခုကို ဖြေကြားပေးပါရန် လေးစားစွာမေတ္တာရပ်ခံ အပ်ပါတယ်။ (၁) မြန်မာနိုင်ငံတွင်သမိုင်းဝင် ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ဟု အသိအမှတ်ပြု ပါသလား။ (၂) ကုလားဘင်္ဂါလီ ရှိပါလျက်နှင့် တီထွင်ထားသောအမည်ကို တားမြစ်ပေးပါမည်လား ဟု မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုရဲ့ မြန်မာနိုင်ငံတွင် သမိုင်းဝင်ကုလား သို့မဟုတ် ဘင်္ဂါလီရှိ သည်ကို အသိအမှတ်ပြုပါသလားနှင့် ကုလား၊ ဘင်္ဂါလီရှိပါလျက်နှင့် တီထွင်ထားသောအမည်ကို တားမြစ်ပေးပါရန် မေးမြန်းချက်နဲ့ ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျွန်တော် ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းမှ ပြန်လည်ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ ခွင့်ပြုပါရန် ဥက္ကဋ္ဌကြီးထံ ပန်ကြားအပ်ပါတယ်ခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးမြန်းချက် ဖြစ်သည့် မြန်မာနိုင်ငံတွင် သမိုင်းဝင်ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ကို အသိအမှတ်ပြုပါ သလားဟူသည့် မေးမြန်းချက်နှင့်ပတ်သက်၍ ဦးစွာဖြေကြားရလျှင် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ များဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်လျက်ရှိသဖြင့် ရှေးပဝေသဏီကာလမှပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးသွားလာဆက်ဆံမှုများရှိခဲ့ရာ အိန္ဒိယနိုင်ငံ ဘက်မှ ကူးလာသူများကို ကုလားလူမျိုးဟူ၍ လည်းကောင်း၊ ဥရောပတိုက်မှ ပြောင်းရွှေ့လာကြသည့် အင်္ဂလိပ်လူမျိုးများအား ကုလားဖြူဟူ၍လည်းကောင်း ခေါ်ဆိုခဲ့ကြကြောင်းသိရပါတယ်။ ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမအကြိမ် စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံ ၏ ပိုင်နက်ဖြစ်သော ရခိုင်ပြည်နယ်နှင့် တနင်္သာရီဒေသတို့အား အင်္ဂလိပ်ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့သည်မှစကာ ရခိုင်နှင့်တနင်္သာရီဒေသများကို အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းအုပ်ချုပ်ခြင်းခံခဲ့ရပြီး ဆက်လက်၍ ရခိုင်ဒေသအား အနောက်ဘင်္ဂလားသို့ သွတ်သွင်းခဲ့ကာ ရခိုင်ပြည်နယ်ထဲသို့ ဘင်္ဂလားနယ်မှ မူဆလင်အများအပြားဝင်ရောက် အခြေချလာခဲ့ကြကြောင်းနှင့် ဘင်္ဂလားနယ်မှ လာကြသူများဖြစ်၍ ၎င်းတို့အား ဘင်္ဂါလီဟု ခေါ်ဆိုခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေ၍ ရာသီအလိုက် လယ်ယာလုပ်သားများ ဝင်ရောက် လာကြပြီး နောက်ပိုင်းကာလများတွင် ၎င်းတို့သည် ရခိုင်ပြည်နယ်တွင် အွခေချနေထိုင်လာခဲ့ကြသည် များလည်း ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြောင်းရွှေ့ရောက်ရှိနေထိုင်လာကြသူများအား ၎င်းတို့၏ မိဘဘိုးဘွားအစဉ်အဆက် နေထိုင်လာခဲ့သည့် မူရင်းနိုင်ငံအပေါ် အွခေခံလျက်ခေါ်ဆို ခဲ့ကြရာ အင်္ဂလိပ်စစ်တပ်တွင် အမှုထမ်းကာ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြသည့် နီပေါနိုင်ငံမှ လူမျိုးများအား နီပေါလ် ခေါ် ဂေါ်ရခါးဟု ခေါ်ဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင် ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းမှတ်တမ်းများအရ တိုင်းရင်းသားမဟုတ်သည့် နိုင်ငံခြားသားလူမျိုးအမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလူမျိုးများဖြင့် မှတ်တမ်းတင်ထားခဲ့ပါတယ်။ ထို့အပြင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းမှတ်တမ်းများတွင်လည်း တိုင်းရင်းသား မဟုတ်သည့် နိုင်ငံခြားလူမျိုး အမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလူမျိုးများဟူ၍ တရားဝင်မှတ်တမ်း ထားရှိခဲ့ပါတယ်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် အမျိုးသားမှတ်ပုံတင် သက်သေခံ ကတ်ပြားထုတ်ပေးရေးဆောင်ရွက်ရာတွင် ရုံးလက်ခံပုံစံ(၁)မှတ်တမ်းများတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခေတ်အဆက်ဆက်ရောက်ရှိနေထိုင်ခဲ့ကြသူများအား မူဆလင်လူမျိုးများဟု ရေးသွင်းခဲ့ပြီး ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်းတွင် မူဆလင်သည် ဘာသာ ဖြစ်၍ ပုံစံ(၁)များတွင် ဘင်္ဂါလီလူမျိုးများဖြင့်သာ မှတ်တမ်းတင်ခဲ့ကြောင်း တွေ့ရပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့်အတိုင်း မိမိဌာနအနေဖြင့် ဘင်္ဂါလီလူမျိုး များဖြင့်သာ မှတ်တမ်းတင်ထားရှိကြောင်း ဖြေကြားအပ်ပါတယ်။ ယနေ့အချိန်အထိ စာရင်းဇယား ကောက်ယူခြင်း၊ စိစစ်ခြင်းများဆောင်ရွက်ရာတွင်လည်း နောက်ကြောင်းမရှိ တီထွင်ပြောဆိုနေသော လူမျိုးအမည်သစ်စာရင်းများကို ထည့်သွင်းဖော်ပြခြင်းမရှိဘဲ ရှေးနှစ်ပေါင်းများစွာကတည်းကပင် အတည်ပြုထားသော အမည်နာမအခေါ်အဝေါ်အတိုင်းပင် အသိအမှတ်ပြုခေါ်ဝေါ် အသုံးပြုဆဲ ဖြစ်ပါကြောင်း ဖြေကြားပါသည်။
