ဦးမောင်ညို ( စစ်တွေ မဲဆန္ဒနယ်)

အမည်

ဦးမောင်ညို

အခြားအမည်

ပန်းချီမင်းညို

လူမျိုး/ဘာသာ

ရခိုင်/ ဗုဒ္ဓဘာသာ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၀/စတန(နိုင်)ဝဝ၆၈၄၄

မွေးသက္ကရာဇ်/အသက်

၉.၁၀.၁၉၃၂/(၇၈) နှစ်

မွေးဖွားရာဇာတိ

ရသေ့တောင်မြို့၊ ချောင်းဝရပ်ကွက်

ပညာအရည်အချင်း

High School Final တန်းမြင့်ကျောင်းထွက်အောင်။

လက်ရှိအလုပ်အကိုင်

ဓါတ်ပုံ၊ ဗီဒီယိုလုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးနီထွန်းအောင် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်လှမြညို (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်လှမြင့်၊ ၁၁/ စတန(နိုင်) ၀၄၁၈၆၄၊ ဓါတ်ပုံနှင့်ဗီဒီယိုလုပ်ငန်းဒါရိုက်တာ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်‌ကျော်ဇံမောင်၊ ၁၁/ စတန(နိုင်) ၀၀၂၀၆၆၊ ဆိုင်သည်

(၂) သိန်းရွှေမိုး၊ ၁၁/ စတန(နိုင်) ၀၀၂၀၆၇၊ လျှပ်စစ်အင်ဂျင်နီယာ

(၃) အောင်သစ်စိုး၊ ၁၁/ စတန(နိုင်) ၀၆၁၆၆၄၊ ဗီဒီယိုအင်ဂျင်နီယာ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၄၇) ဈေးလမ်း၊ မောလိပ်၊ စစ်တွေမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ရခိုင်တိုင်းရင်းများသားတိုးတက်ရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ စစ်တွေမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က မောင်တောမြို့ အ.မ.ကကျောင်း၊ အိန္ဒိယပြည်(နာဆီပူစစ်ပြေးစခန်း)၊ ၁၉၂၆ ခုနှစ်တွင် ရသေ့တောင်မြို့ အ.မ.ကကျောင်းနှင့် ၁၉၄၈ ခုနှစ်တွင် စစ်တွေဟိုက်စကူးကျောင်းတို့တွင် ပညာဆည်းပူးခဲ့သည်။

၁၉၅၃ ခုနှစ်တွင် မြောက်ဦး အ.ထ.ကတွင် အလယ်တန်းပြဆရာအဖြစ် လည်းကောင်း၊ အ.ထ.က(၁)၊ အ.ထ.က(၄)နှင့် အ.လ.က နာဇီစစ်တွေတို့တွင် အလယ်တန်းပြပန်းချီဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။

ရတည တိုင်းရင်းလူငယ်၊ မဆလနှင့် ရတညဌာနချုပ်တွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ရခိုင် ရိုးရာ စစ်တွေမြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲ၊ အာစရိယပူဇော်ပွဲနှင့် အလင်းတံခါးစာကြည့်တိုက်တို့တွင် နာယက အဖြစ်လည်းကောင်း လူမှုရေးဆောင်ရွက်ခဲ့သည်။

၁၉၇၃ ခုနှစ်တွင် ရန်ကုန်ဆရာအတတ်သင်သိပ္ပံ၌ ပန်းချီထူးချွန်ဆုရရှိခဲ့သည်။