(က)-လွှတ်တော်ကိုယ်စားလှယ်ရုံးများတွင် လက်စွဲအသုံးပြုနိုင်ရန် စာအမှတ်များ၊ တံဆိပ်တုံးများ တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်ရေးဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၃၀.၈.၂၀၁၃)

 ယခုအခါ ပြည်ထောင်စုလွှတ်တော်ကနေပြီး တော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေအရလည်းကောင်း၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအရလည်းကောင်း သက်ဆိုင်ရာမြို့နယ်များမှာ လွှတ်တော်ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်ပြီးတော့ လုပ်ငန်းတွေလည်းဆောင်ရွက်လျက်ရှိနေကြပြီလို့ကြားသိရပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ရုံးများအနေနဲ့ ဒေသအာဏာပိုင်များနဲ့လည်းကောင်း၊ ဌာနဆိုင်ရာများနဲ့လည်းကောင်း၊ ပါတီများ၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ရုံးလုပ်ငန်းဆောင်ရွက်ရာမှာသုံးစွဲလျက်ရှိတဲ့ ဝင်စာ/ထွက်စာအမှတ်များဟာ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းသလို မဲဆန္ဒနယ်မြေ တစ်ခုနှင့် တစ်ခုမတူညီတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ သို့ဖြစ်၍ အောက်ပါမေးခွန်းအား မေးမြန်းအပ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ရုံးများမှာ လက်စွဲအသုံးပြုနိုင်ရန် စာအမှတ်တွေ၊ တံဆိပ်တုံးတွေကို တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်ရေး ထုတ်ပြန်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


ဖြေကြားသူ
လွှတ်တော်အခွင့်အရေးကော်မတီ၊ အတွင်းရေးမှူး၊ ဒေါက်တာ စိုးရင်
အဖြေ

လွှတ်တော်ကိုယ်စားလှယ်ရုံးများတွင် လက်စွဲအသုံးပြုနိုင်ရန် စာအမှတ်များ၊ တံဆိပ်တုံးများ တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်ရေး ထုတ်ပြန်ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်ပတ်သက်၍ ယင်းကဲ့သို့ထုတ်ပြန်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာနဲ့ညှိနှိုင်း၍ အတည်ပြုဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။