|
အမည် |
ဦးသန်းဦး |
|
အခြားအမည် |
မောင်ဦး |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၃/မဝတ(နိုင်)၀၀၀၉၄၂ |
|
မွေးသက္ကရာဇ်/အသက် |
၅-၄-၁၉၅၉ / (၅၁) နှစ် |
|
မွေးဖွားရာဇာတိ |
မြဝတီမြို့ |
|
ပညာအရည်အချင်း |
B.Sc (ဘူမိဗေဒ) |
|
လက်ရှိအလုပ်အကိုင် |
ဈေးသည် |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးကျော်သန်း၊ ၃/မဝတ(နိုင်) ၀၀၀၉၉၇၊ စစ်မှု(ငြိမ်း) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မြင့်ရီ (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်နီလာ၊ ၃/မဝတ(နိုင်) ၀၀၉၇၄၄ ၊ အ.ထ.ပြ (ငြိမ်း) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်ထက်အာကာကျော်၊ ၃/မဝတ(နိုင်) ၀၂၃၁၃၈၊ ကွန်ပျူတာဆရာ၊ (ILBC) ကျောင်း (၂) မောင်ကျော်ပြည့်ထက်၊ ၃/မဝတ(နိုင်) ၀၂၆၄၃၃၊ Final (Che) |
|
အမြဲတမ်းနေရပ်လိပ်စာ |
ဌ/၅၀၊ ဂန္ဓမာလမ်း၊ အမှတ်(၁)ရပ်ကွက်၊ မြဝတီမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြဝတီမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို အ.လ.က(၁) မော်လမြိုင်၊ အမှတ်(၄) အ.လ.က ကြည့်မြင်တိုင်၊ ရန်ကုန်၊ အမှတ်(၁) အ.ထ.က မော်လမြိုင်၊ အ.ထ.က(၁)မြဝတီနှင့် အ.ထ.က(၁) ဘားအံတို့တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သည်အထိ ပညာသင်ကြားခဲ့သည်။ ဘားအံ ဒေသကောလိပ်သို့ တက်ရောက်ခဲ့၍ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဘူမိဗေဒပညာ အဓိကဖြင့် သိပ္ပံဘွဲ့ကို ရရှိခဲ့သည်။ မြဝတီမြို့တွင် လက်ဖက်ရည်ဆိုင် လုပ်ငန်း လုပ်ကိုင်ခဲ့သည်။ ၁၉၈၉ မှ ၂၀၀၂ ခုနှစ်ထိ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ မြဝတီမြို့တွင် အဖွဲ့ဝင်(၁) အဖြစ်လည်းကောင်း၊ အမျိုးသားညီလာခံ ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ ၂၀၀၈ ခုနှစ်တွင် ခရိုင်ကော်မရှင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ တွင်လည်းကောင်း၊ မြဝတီခရိုင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းတွင် ခရိုင်ကော်မတီဝင် အဖြစ်လည်းကောင်း၊ မြဝတီမြို့နယ် စာပေနှင့် စာနယ်ဇင်း အဖွဲ့တွင် ဘဏ္ဍာရေးမှူးအဖြစ် လည်းကောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရပ်ကွက်အမှုဆောင်အဖြစ် (၁၉၉၅-၉၈)အထိ လည်းကောင်း၊ မြို့နယ်(EC) အဖြစ် ၁၉၉၈ မှ ၂၀၀၂ ခုနှစ်အထိလည်းကောင်း၊ ၂၀၀၂ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ခရိုင်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှ ယနေ့အချိန်အထိ ပြည်နယ်(EC)အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ |
