မြန်မာ့ဒီမိုကရေစီအရေးအတွက် အထောက်အကူဖြစ်စေရန် မေးခွန်းတစ်ခုကို ဒုတိယဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းသွားမှာ ဖြစ်ပါတယ်ခင်ဗျား။ ရိုသေလေးစား အပ်ပါသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါမှာ အကြမ်းဖက်မှုများ၊ အဓိကရုဏ်းများဟာ မြန်မာနိုင်ငံရဲ့ အချို့နေရာတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ် လျက်ရှိနေပါတယ်ခင်ဗျား။ အဲ့ဒီဖြစ်ရပ်များဟာ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို သွားတဲ့အခါမှာ လွန်စွာအနှောင့်အယှက် ဖြစ်စေပါတယ်။ ဤကိစ္စရပ်တွေကို နိုင်ငံတကာစံနှုန်းနဲ့အညီ ဖြေရှင်းနိုင် ရန်လည်း လိုအပ်တယ်လို့ ထင်မြင်ယူဆမိပါတယ်။ ဒါကြောင့် ဒီမိုကရေစီဝါရင့်နိုင်ငံများမှာ အကြမ်းဖက်မှုနဲ့ အဓိကရုဏ်းနှိမ်နင်းရေးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတာကို လေ့လာပြီး ပြုလုပ်ဖို့ လိုအပ်မယ်လို့ ယူဆပါတယ်ခင်ဗျား။ အကြမ်းဖက်မှုနဲ့ အဓိကရုဏ်းများ နှိမ်နင်းရေးကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်မှသာလျှင် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ အောက်ခြေမှာ မြို့နယ်၊ ခရိုင် အဆင့်အထိ အကြမ်းဖက်မှုနဲ့ အဓိကရုဏ်းနှိမ်နင်းရေးအဖွဲ့များကို အင်အားလုံလောက်စွာ တိုးချဲ့ ဖွဲ့စည်းထားရှိပြီး နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက် တတ်စေရန် သင်တန်းပေးခြင်းများပြုလုပ်ပါက ယနေ့ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းဖြောင့်ဖြူးရေးကို အထောက်အကူပြုနိုင်မယ်လို့ ထင်မြင်ယူဆပါသဖြင့် အချိန်နဲ့တစ်ပြေးညီ အများပြည်သူများကို ကာကွယ်ရေးအတွက် လုံလောက်ထိမိသော ဥပဒေများ ပြဋ္ဌာန်းရေးနှင့် လုံလောက်သော လူအင်အား ထပ်မံတိုးချဲ့ ဖွဲ့စည်းစီမံဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်မှုနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ဆောင်ရွက်နိုင်ဖို့အတွက်ကို သက်ဆိုင်ရာနေပြည်တော်၊ တိုင်းဒေသကြီး။ ပြည်နယ်များမှာ ရဲတပ်ရင်းများ ကွပ်ကဲမှုအဖွဲ့မှူးရုံး ၃ ရုံး၊ ရဲတပ်ရင်းစုကွပ်ကဲမှူးရုံး ၉ ရုံးနဲ့ ရဲတပ်ရင်း ၃၄ ရင်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှာလည်း ရဲတပ်ရင်းတစ်ရင်း ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် နေပြည်တော်၊ တိုင်းဒေသကြီး။ပြည်နယ်ရဲတပ်ဖွဲ့များမှာရှိတဲ့ အကူတပ်ဖွဲ့ခွဲများမှာ လုံခြုံရေးတပ်ခွဲ ၃ ခွဲစီ ထည့်သွင်း ဖွဲ့စည်းထားရှိပြီး ခရိုင်အဆင့်မှာပါ လုံခြုံရေးတပ်ခွဲတစ်ခွဲ ထပ်မံထည့်သွင်းဖွဲ့စည်းရန် ဆောင်ရွက် လျက်ရှိတဲ့အပြင် အကြမ်းဖက်မှုနှင့် အဓိကရုဏ်းနှိမ်နင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အကြမ်းဖက်မှုနဲ့ အဓိကရုဏ်းနှိမ်နင်းရေးအတွက် တပ်ဖွဲ့၊ တပ်ရင်းများဖွဲ့စည်းဆောင်ရွက်လျက်ရှိသကဲ့သို့ လက်ရှိကိုင်တွယ်ကျင့်သုံးလျက်ရှိတဲ့ အဓိကရုဏ်း နှိမ်နင်းရေးလက်စွဲစာစောင်ကို နေပြည်တော်နဲ့ တိုင်းဒေသကြီး။ပြည်နယ်ရဲတပ်ဖွဲ့မှူးများကို ဖြန့်ဝေ ပြီးတော့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို အောက်ခြေအဆင့်အထိ သိရှိနားလည်တတ်ကျွမ်းအောင် လေ့လာစေခြင်းနဲ့ လေ့ကျင့်ခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖွင့်လှစ်တဲ့ ရဲအရာရှိ မွမ်းမံသင်တန်းများ၊ ဒု-ရဲအုပ်လောင်းသင်တန်းများနဲ့ ရဲတပ်သားသစ်သင်တန်း များမှာလည်း ဘာသာရပ်တစ်ရပ်အဖြစ် ထည့်သွင်းပို့ချလျက်ရှိပါတယ်။
ယခုအခါ အဓိကရုဏ်းနှိမ်နင်းရေးလက်စွဲစာစောင်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး ဗကျအမalငa Fနိနမal ဏသူငခန(င်္ဗဏ) အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံများမှာရှိတဲ့ ရဲတပ်ဖွဲ့များက ကျင့်သုံးလျက်ရှိတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်း များကို Uြဦဃယ န့ယ ဥရောပသမဂ္ဂတရားဥပဒေစိုးမိုးရေးလုပ်ငန်းအဖွဲ့တို့မှတစ်ဆင့် တောင်းခံ ရယူပြီးတော့ နှိုင်းယှဉ်လေ့လာသုံးသပ်ကာ အဓိကရုဏ်းနှိမ်နင်းရေးလက်စွဲ စာစောင်များကို ပြန်လည်ပြင်ဆင်ရေးဆွဲရေးကော်မတီဖွဲ့စည်းပြီး ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ လက်ရှိကိုင်တွယ်ကျင့်သုံးလျက်ရှိတဲ့ အဓိကရုဏ်းနှိမ်နင်းရေးစာစောင်ပါ လုပ်ထုံးလုပ်နည်းများနဲ့အညီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးလျက်ရှိသကဲ့သို့ အဓိကရုဏ်းနှိမ်နင်းရေး လက်စွဲစာစောင်ကို ပြန်လည်ပြင်ဆင်ရေးဆွဲပြီးပါကလည်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့များသို့ ထပ်မံဖြန့်ဝေပြီး ယင်းစာစောင်ပါအတိုင်း လေ့ကျင့်စေခြင်းနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ ဖွင့်လှစ်တဲ့သင်တန်းများမှာလည်း ပြင်ဆင်ထားတဲ့စာစောင်ပါအတိုင်း ဆက်လက် လေ့ကျင့်ပေးသွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။
