(စ)-မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၂၇) နှင့် အမှတ်(၃၂) အခြေခံပညာ မူလတန်းလွန်ကျောင်းများအား ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အမီ အခြေခံပညာအလယ်တန်းကျောင်းအဆင့် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ (၅.၁၁.၂၀၁၂)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်းသည် မင်္ဂလာဒုံ မြို့နယ် (၁၄)ရပ်ကွက်နှင့် ထိစပ်မြို့နယ်များဖြစ်တဲ့ မှော်ဘီမြို့နယ် ရဲစုကြီးကျေးရွာနှင့် ဝက်ကြီးကျေးရွာ တို့မှ ကျောင်းသူ ကျောင်းသားများ အားကိုးအားထား ပညာသင်ကြားနေရသော ကျောင်းဖြစ်ပါတယ်။ အမှတ်() အခြေခံပညာအထက်တန်းကျောင်းသည် ကျောင်းသား ကျောင်းသူများ များပြားသဖြင့် နှစ်ချိန်ကျောင်းအဖြစ် သင်ကြားပို့ချနေရတာ ကျွန်တော်ငယ်စဉ်ဘဝကတည်းကနေ ယနေ့တိုင် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အမှတ်(၂၇)နှင့် အမှတ်(၃၂) အခြေခံပညာမူလတန်းလွန်ကျောင်းများ သည် မြေနေရာ ကျယ်ဝန်းခြင်း၊ အဆောက်အဦများရှိခြင်းတို့ကြောင့် အခြေခံပညာအလယ်တန်း အဆင့်သို့ တိုးမြှင့်ပေးမည်ဆိုပါက အမှတ်()အခြေခံပညာအထက်တန်းကျောင်းသည် စာသင်ကြား မှုနှင့် နေရာအခက်အခဲအား ထိုက်သင့်သလောက် အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အမှတ်(၂၇)နှင့် အမှတ်(၃၂) အခြေခံပညာမူလတန်းလွန်ကျောင်းများအား ၂၀၁၃-၂၀၁၄ ပညာ သင်နှစ်အမီ အခြေခံပညာအလယ်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပေးပါရန်နှင့် တိုးမြှင့်ပေးရန်အစီ အစဉ်ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ အမှတ် (၂၇) အခြေခံ ပညာမူလတန်းလွန်ကျောင်းမှာ  အလယ်တန်းအဆင့် ကျောင်းသား ၆၂ ဦးသာ ရှိသေးတဲ့အတွက် လောလောဆယ် အခြေခံပညာ အလယ်တန်းကျောင်းအဆင့် တိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် အမှတ်(၃၂) အခြေခံ ပညာမူလတန်းလွန်ကျောင်းမှာ အလယ်တန်းအဆင့် ကျောင်းသား ၂၇၀ ဦး ရှိတဲ့အတွက် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ၂၀၁၃ ခုနှစ်၊ ဇွန်လ ရက်မှာ အခြေခံပညာအလယ်တန်းကျောင်းခွဲအဆင့်သို့ တိုးမြှင့်ပေးရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ မင်္ဂလာဒုံမြို့နယ်တစ်ခုလုံး နှင့် လွှမ်းခြုံပြီးတော့ ဆောင်ရွက်ထားမှုအခြေအနေကို ကျွန်တော် အကျဉ်းမျှတင်ပြခွင့်ပြုပါခင်ဗျား။ လာမည့်  ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ မင်္ဂလာဒုံမြို့နယ်အတွင်းမှာ အခြေခံပညာအထက်တန်း ကျောင်းခွဲအဖြစ် ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းအဖြစ် ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲအဖြစ် ကျောင်းနှင့် အခြေခံပညာမူလတန်းလွန်ကျောင်းအဖြစ် ၁၂ ကျောင်း ကို တိုးမြှင့်ပေးရန် စီစဉ်လျာထားပေးပြီးဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ဆက်လက်ပြီးလည်း တစ်နှစ်ခွဲကာလအတွင်း ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းအသစ်ဖွင့်လှစ်ခြင်း၊ အဆင့်တိုးမြှင့်ခြင်း နှင့် ပတ်သက်ပြီးတော့ Slide ထိုး၍ အကျဉ်းမျှတင်ပြခွင့်ပြုပါ။  တစ်နှစ်ခွဲကာလအတွင်းမှာ             ၃၀--၂၀၁၁ ရက်နေ့မှစပြီး ယနေ့ကာလအထိ ..က၊ ..က၊ ..က၊ ..ကခွဲ၊ ..ကခွဲ၊ ..ကခွဲ၊ မူလွန်နှင့် တွဲဖက်မူလတန်းကျောင်းပေါင်း ၃၅၇၄ ကျောင်းကို အသစ်ဖွင့်လှစ် ခြင်း၊ အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ လွှတ်တော်များမှာ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ အဆင့်တိုးမြှင့်ပေးပါမည်ဟု တင်ပြထားသော ကျောင်းများကိုလည်း အောက်တိုဘာ ရက်နေ့ ကမ္ဘာ့ဆရာများနေ့မှာ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းများ ဆောင်ရွက် ပေးခဲ့ပြီဖြစ်ကြောင်း ဆက်လက်တင်ပြအပ်ပါတယ်။ အဆိုပါကျောင်းများမှာ လိုအပ်တဲ့ဆရာများ ကိုလည်း ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ ဖြည့်ဆည်းခန့်ထားပေးသွားမည် ဖြစ်ပါတယ်။ ဇယားမှာ ဖော်ပြချက်အရဆိုရင် အားလုံး ..က Packer ဒီနေ့အထိ ၁၆၀ ကျောင်း၊ ..က Packer ၁၈၅ ကျောင်း၊ ..က Packer ၄၄၄ ကျောင်း၊ Packer ကျောင်း စုစုပေါင်း ၁၆၉၁ ကျောင်း၊ အလားတူ ကျောင်းခွဲပေါင်း ၁၆၁၀ ကျောင်း၊ တွဲဖက်ကျောင်းပေါင်း ၇၆၈ ကျောင်း၊ မူလွန်ကျောင်းပေါင်း ၄၁၆ ကျောင်း၊ အားလုံး ၃၅၇၄ ကျောင်းကို အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း၊ အသစ်ဖွင့်လှစ်ခြင်းများ ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါတယ်။ ကျောင်းအသစ်ဖွင့်လှစ်ခြင်း၊ အဆင့်တိုးမြှင့်ခြင်းတို့မှာ လေးနှစ်စီမံချက်ဖြင့် အဆင့်တိုးမြှင့်ပေးရာမှာ မပါဝင်သေးတဲ့ ကျောင်းများအား အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးလိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ခရိုင် ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဦးစားပေးလျာထားချက်စာရင်းအား ပြုစုပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှာ ပညာရေးဝန်ကြီးဌာနသို့ ဦးစားပေးအစဉ်အလိုက်တင်ပြရန် ညွှန်ကြား ထားပြီးဖြစ်ပါတယ်။ ယခု တင်ပြတဲ့ မြို့ကုန်း ..က(ခွဲ) ဖြစ်လိုသည့်ကျောင်းသည် အကယ်၍ ဆက်သွယ်မှုခက်ခဲတဲ့အတွက် ကျောင်းခွဲအဆင့်တိုးမြှင့်ပေးမယ်ဆိုရင် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ပြီးတော့ တင်ပြရင် ဦးစားပေးအစီအစဉ်အတိုင်း ကျွန်တော်တို့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဘတ်ဂျက်ကန့်သတ်ချက်၊ ဆရာခန့်ထားနိုင်မှုကန့်သတ်ချက်၊ သင်ယူမည့် ကျောင်းသားအရေအတွက် ကန့်သတ်ချက်၊ အဆောက်အဦ၊ ပရိဘောဂပြည့်စုံမှု ကန့်သတ်ချက်များပေါ်မူတည်ပြီး ကျောင်းအသစ်ဖွင့်လှစ်ခြင်း၊ ကျောင်းအဆင့်တိုးမြှင့်ခြင်း စသည် များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။