|
အမည် |
ဦးတင်မောင်ဝင်း |
|
အခြားအမည် |
|
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/မဂဒ(နိုင်)ဝ၄၁၁၀၃ |
|
မွေးသက္ကရာဇ်/အသက် |
Sunday, May 26, 1957 |
|
မွေးဖွားရာဇာတိ |
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ |
|
ပညာအရည်အချင်း |
B.Sc (Botany) Dip in Agriculture |
|
လက်ရှိအလုပ်အကိုင် |
အငြိမ်းစား (မြန်မာ့ရေနံသဘာဝဓာတ်ငွေ့လုပ်ငန်း) မော်တော်ယာဉ်လုပ်ငန်း |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးစိန်မောင် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်နှင်း၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်စန်းစန်းဦး၊ မော်တော်ယာဉ်လုပ်ငန်း။ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်ထူးအိမ်ဝင်း၊ ကျောင်းသား၊ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၁၉)၊ ရတနာသိင်္ခလမ်း၊ ဧကရာဇ်ရပ်ကွက်၊ ထောက်ကြန့်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မင်္ဂလာဒုံ(ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အခြေခံပညာကို မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့တွင် သင်ကြားခဲ့ပြီး အမှတ်(၂) ဒေသကောလိပ်၊ ရန်ကုန်မြို့နှင့် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တို့တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး B.Sc (Botany)Dip in Agriculture ဘွဲ့ရရှိခဲ့သည်။ ၁၉၇၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံသဘာဝဓာတ်ငွေ့လုပ်ငန်းတွင် တ-စာရင်းကိုင်စာရေးဖြင့် အငြိမ်းစားယူခဲ့သည်။ ၁၉၈၂ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ အခြေခံသမဝါယမအသင်းတွင် အတွင်းရေးမှူးနှင့် ဒုဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ရပ်ကွက်ပြည်သူ့ကောင်စီတွင်လည်းကောင်း၊ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင်လည်း ကောင်း၊ ၁၉၆၈ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ မင်္ဂလာဒုံတွင်လည်းကောင်း၊ ၁၉၉၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် တိုင်းအလုပ်အမှုဆောင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ မြန်မာ့လက် ရွေးစင်ဘောလုံးသမားတစ်ဦးအဖြစ် ၁၉၈၂ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ရွေးချယ်ခံခဲ့ရသည်။ အမျိုးသားညီလာခံကိုယ်စားလှယ်အဖြစ် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ် ချီးမြှင့်ခံခဲ့ရသည်။ |
