မြောင်မြို့နယ်အတွက် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်က မင်းတန်းအလယ်တန်းကျောင်းကို အထက်တန်းကျောင်းခွဲအဖြစ် တိုးမြှင့်ပေးလိုက်တဲ့ အမိန့်ရခဲ့ပါတယ်။ နောက်ဆက်ပြီး မြစ်သာတွဲဖက်အထက်တန်းကျောင်းကိုလည်း အထက်တန်း ကျောင်းခွဲအဖြစ်၊ ပန်းညိုမူလွန်ယခင်တွဲဖက်အလယ်တန်းကျောင်းကိုလည်း အလယ်တန်းကျောင်းခွဲ အဖြစ် ၂၀၁၃-၂၀၁၄ မှာ ဖွင့်လှစ်ပေးမယ်လို့ ပြည်ထောင်စုဝန်ကြီးဌာနက ပြန်ကြားခဲ့ပါတယ်။ အဲ့ဒီလို ပြန်ကြားခဲ့တဲ့နေရာမှာ ကျွန်တော်ျတို့မြို့နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေအရ ဒေသရဲ့ လိုအပ်ချက်တွေအရ ကျောင်းတွေအဆင့်တိုးမြှင့်တာကို မဲဆန္ဒနယ်ရှင်တွေက ဝမ်းသာအဲလဲ စောင့်စား ပြီးတော့ လာမယ့်ပညာသင်နှစ်မှာ နီးရာကျောင်းတွေကို ကျောင်းအပ်ကြမယ်လို့ စောင့်နေကြတာရှိပါ တယ်။ ဒီမေးခွန်းကိုလည်း ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က မေးခဲ့တာဖြစ်ပါတယ်။ လာမယ့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အစမှာ တိုးမြှင့်လိုက်တဲ့ကျောင်းတွေအတွက် ဆရာ ဆရာမတွေကို တစ်ပါတည်းခန့်ထားနိုင်အောင်ရည်ရွယ်ပြီးတော့ မေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မင်းတန်း အထက်တန်းကျောင်းခွဲ၊ မြစ်သာအထက်တန်းကျောင်းခွဲနှင့် အလယ်တန်းကျောင်းခွဲတွေအတွက် စာသင်နှစ်အမီ ဖွင့်လှစ်ရန်နှင့်သတ်မှတ်ချက်နှင့်အညီ ကျောင်းဆရာများ ခန့်ထားပေးရန် အစီအစဉ်ရှိ။ မရှိဆိုပြီးတော့ မေးခွန်းနံပါတ်(၁)ကို မေးခဲ့ပါတယ်။ နောက်တစ်ခါ မြို့နယ်ထဲမှာ ကျန်နေတဲ့ အဆင့်တိုးမြှင့်ဖို့လိုအပ်တဲ့ ရွာပုလဲတွဲဖက်အထက်တန်းကျောင်း၊ ဇရပ်ကုန်းမူလွန်ယခင်တွဲဖက် အလယ်တန်းကျောင်း၊ အုတ်နှဲဘုတ်မူလွန်၊ ကျောက်ဖူးကုန်းမူလွန် ယခင်တွဲဖက်အလယ် တန်းကျောင်းနှင့် ခေါင်းခွဲမူလွန်ကျောင်းတို့ကို အဆင့်တိုးမြှင့်ပေးရန်အစီအစဉ်ရှိ။မရှိဆိုပြီး ကျွန်တော် မေးခွန်း အမှတ်(၂)အနေဖြင့် မေးခဲ့ပါတယ်။ အဲ့ဒီမှာလည်း ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်း သုံးကျောင်း အဆင့်တိုးမြှင့်ပေးပြီးဖြစ်ပါတယ်။ တိုးမြှင့်လိုက်တဲ့ကျောင်းတွေအတွက် စောစောကပြော သလို သက်ဆိုင်ရာကျောင်းအလိုက် ဆရာ ဆရာမဝန်ထမ်းတွေ ခန့်ထားပေးဖို့ အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်း မင်းတန်းအွခေခံပညာ အထက်တန်းကျောင်းခွဲနှင့် မြစ်သာအွခေခံပညာအထက်တန်းကျောင်းခွဲ အတွက် အထက်တန်းပြ ၄ ဦး ခန့်ထားပြီးဖြစ်ကြောင်း ဦးစွာတင်ပြအပ်ပါတယ်။ ၃ ယောက်က အထက်တန်းပြဖြစ်ပြီးတော့ တစ်ယောက်ကတော့ B.နိ ကျောင်းဆင်းဖြစ်ပါတယ်။ အထက်တန်းပြ အရည်အချင်းရှိတဲ့လူ ၄ ဦးစီ ခန့်ထားပြီးဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ပန်းညိုအွခေခံပညာ အလယ်တန်းကျောင်းခွဲကို စိစစ်တဲ့အခါမှာ အလယ်တန်းပြ ၆ ဦးနှင့်မူလတန်းပြ ၃ ဦး၊ ပေါင်း ၉ ဦး ရှိပါတယ်။ ဆရာ၊ ကျောင်းသား၊ စာသင်ခန်းအချိုးက ဆရာလိုအပ်မှုမရှိတဲ့အတွက် ထပ်မံခွဲပေးရန်မရှိ ကြောင်း တင်ပြအပ်ပါတယ်။ ကျောင်းအသစ်ဖွင့်လှစ်ခြင်း အဆင့်တိုးမြှင့်ရန်နှင့် ပတ်သက်လို့ ရွာပုလဲ တွဲဖက်အွခေခံပညာ အထက်တန်းကျောင်းအား အွခေခံပညာအထက်တန်းကျောင်းခွဲအဖြစ် လည်းကောင်း၊ ဇရပ်ကုန်း အွခေခံပညာမူလတန်းလွန်ကျောင်းအား အွခေခံပညာအလယ်တန်း ကျောင်းခွဲအဖြစ်လည်းကောင်း၊ ကျောင်းခွဲ(၁)အွခေခံပညာမူလတန်းလွန်ကျောင်းအား အွခေခံပညာ အလယ်တန်းကျောင်းခွဲအဖြစ်လည်းကောင်း ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့မှာ အဆင့်တိုးမြှင့် ပေးပြီးဖြစ်ပါတယ်။ အဆင့်တိုးမြှင့်ပေးတဲ့ကျောင်းများကိုလည်း သက်ဆိုင်ရာဦးစီးဌာနနှင့် ပြည်နယ်။ တိုင်းပညာရေးရုံးက လိုအပ်တဲ့ ဆရာ ဆရာမများခန့်ထားရေးအတွက် စီစဉ်ဆောင်ရွက်ပြီးဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ အုတ်နှဲဘုတ်အွခေခံပညာမူလတန်း လွန်ကျောင်းနှင့် ကျောက်ဖူးကုန်း အခြေခံ ပညာမူလတန်းလွန်ကျောင်းတို့အား လက်ရှိနှစ်မှာ တိုးမြှင့်ရန် အစီအစဉ်မရှိသေးပါကြောင်း တင်ပြ အပ်ပါတယ်။ ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ ဒီကျောင်းအဆင့်တိုးမြှင့်ခြင်း၊ အသစ်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍လည်း ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြည်ထောင်စုတစ်ဝန်းလုံး အပေါ်ဆောင်ရွက်မှု အခြေအနေအကျဉ်းလေးကို Slငိန ထိုး၍ တင်ပြခွင့်ပြုပါ။ လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် အတွက် ကျောင်းအားလုံး စုစုပေါင်းပတ်ကားအထက ပြည်ထောင်စုတစ်ဝန်းလုံးအနေနဲ့ ၂၀၂ ကျောင်း ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ တစ်ပြိုင်တည်း အဆင့်တိုးမြှင့်ပေးပြီးဖြစ်ပါတယ်။ ပြည်နယ်နှင့် တိုင်းအလိုက် ခွဲခြားတင်ပြထားပါတယ်။ အလယ်တန်းကျောင်းပတ်ကား ၂၀၈ ကျောင်း၊ အမက မူလတန်းမသင်မနေရ မူလတန်းပညာရေးအကောင်အထည်ဖော် အထောက်အကူဖြစ်ရေးအတွက် အမက Sနခအငသည ၁၄၂၈၊ ပတ်ကားကျောင်း ၁၈၂၁၊ ထခွဲ၊ မခွဲ၊ မူလွန်၊ တွဲမူလတန်းကျောင်းအပါအဝင် အားလုံးဟာ ၃၁၁၂ ရှိပါတယ်။ ဧပြီလ ၁၉ ရက်နေ့ တစ်ရက်တည်းနှင့် တစ်ပြည်လုံးလွှမ်းခြုံပြီးတော့ သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းပညာရေးမှူး ၁၈ ယောက်ခေါ်ပြီးမှ လက်ကမ်းကျောင်းအဆင့်တိုးမြှင့် ခြင်း၊ ဖွင့်လှစ်ခြင်းက ၅၀၃၃ ကျောင်းရှိပါတယ်။ ဒီ ၅၀၃၃ ကျောင်းဟာ ဧပြီလ ၁၉ ရက်ပေးရခြင်းက လည်း မူလတန်းကျောင်းက မူလွန်၊ အလယ်တန်းကျောင်းက ထက်ခွဲအဆင့်တိုးမြှင့်တဲ့အခါမှာ သက်ဆိုင်ရာ မိဘကျောင်းသူ ကျောင်းသားများ မိမိနေရာဒေသတွင် ကျောင်းတက်နိုင်ရန်အတွက် စီစဉ်ပေးဖို့အတွက် ဧပြီလ ၁၉ ရက်ကတည်းက တစ်ပြည်လုံးအတိုင်းအတာကို ကျောင်းအဆင့်တိုးမြှင့် ခြင်းအမိန့်အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဆောင်ရွက်ချက်နှစ်ပိုင်းကို အကျဉ်းတင်ပြရရင်တော့ ပထမနှစ်ကတော့လိုအပ်ချက်ပြင်းထန်တဲ့အတွက်စာရင်းဇယားစုစည်းရခက်ခဲတဲ့အတွက် ကျောင်းသား အရေအတွက်ပေါ်မူတည်ပြီးတော့မှ ၃၅၀၀ ကျော် ၇၀၀ လောက်ရှိကျောင်းများကို အဆင့်တိုးပေး ပါတယ်။ လက်ရှိအောက်ခြေကတင်ပြတဲ့ ကျောင်းအားလုံးကြည့်ပြီးမှ ကျောင်းအားလုံးမှာ သက်ဆိုင်ရာ ပြည်နယ်။တိုင်းပညာရေးမှူး ၁၈ ယောက်နှင့် ဒူးတိုက်တွေ့ဆုံညှိနှိုင်းပြီးတော့မှ သက်ဆိုင်ရာအစိုးရ၊ တိုင်းဒေသဝန်ကြီးချုပ်စသည်အားဖြင့် အားလုံးပေါင်းစပ်ညှိနှိုင်းပြီးမှ ၅၀၃၃ ကျောင်းကို အသစ်ဖွင့် လှစ်ခြင်း၊ အဆင့်တိုးမြှင့်ခြင်းကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ယခင် ၃ နှစ်တာနှင့် ယခုအစိုးရ သစ်တက်တဲ့ ၃ နှစ်ကာလအနေအထားတွေကို နှိုင်းယှဉ်တင်ပြအပ်ပါတယ်။ ၂၀၀၈-၂၀၀၉ ကနေ ၂၀၁၀-၂၀၁၁ ထိ ၃ နှစ်ကာလအတွင်းမှာ ပြီးခဲ့တဲ့အချိန်မှာ ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ အနေအထား အသစ်ဖွင့်တဲ့ ကျောင်းက ၅၂၆ ကျောင်းဖြစ်ပါတယ်။ အဆင့်တိုးမြှင့်ပေးတဲ့ကျောင်းက ၁၅၅၆ ကျောင်း၊ အားလုံး ၂၀၈၂ ကျောင်းကို ပညာသင်နှစ် ၃ နှစ်ကာလမှာ အသစ်ဖွင့်လှစ်တိုးမြှင့် ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။ လက်ရှိအစိုးရသစ် ၃ နှစ်ကာလအတွင်း ဆောင်ရွက်မှုအခြေအနေ အကျဉ်းဆက်လက် တင်ပြပါမယ်။ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ စတက်ခါစမှာ မတ်လ၊ ဧပြီလဆန်းမှာ မီတဲ့အချိန်မှာ ၇၄၁ ကျောင်းပဲ တိုးမြှင့်နိုင်ပါတယ်။ ၂၀၁၂-၂၀၁၃ မှာ ကျောင်းသားအခြေပြုပြီးမှ ၂၈၃၃ ကျောင်း အဆင့်တိုးမြှင့်ခြင်း၊ အသစ်ဖွင့်လှစ်ခြင်းကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိ ၂၀၁၃-၂၀၁၄ မှာ ယနေ့အထိ ၅၀၃၃ ကျောင်းဖြစ်တဲ့အတွက် အားလုံးစုစုပေါင်းဆိုရင် ၈၆၀၇ ကျောင်း အဆင့်တိုးမြှင့် ခြင်း၊ အသစ်ဖွင့်လှစ်ခြင်းကို ယနေ့အထိဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်နဲ့ ယနေ့ ၃ နှစ် နှိုင်းယှဉ်မယ်ဆိုရင် ၆၅၂၅ ကျောင်း တိုးတက်မှုရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၄ ဆကျော်လောက် ၃ နှစ်အတွင်းမှာ အဆင့်တိုးမြှင့်ပေးခဲ့ပါတယ်။ ဒီလိုတိုးမြှင့်ပေးခဲ့သော်လည်း မြေပြင်ကွင်းဆင်း ဆောင်ရွက်တဲ့အခါမှာ မူအားဖြင့်ကျောင်းအသစ်တိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် အဆင့်တိုးမြှင့်ဆောင်ရွက်တဲ့ အခါမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ကျောင်းသားအရေအတွက်တို့ကို မြို့နယ်။ခရိုင်။ပြည်နယ်။ တိုင်းဒေသကြီးအဆင့်ဆင့်တို့က စိစစ်ခွင့်ပြုပေးခဲ့ပါတယ်။ အချို့ကျောင်းများအသစ်ဖွင့်ခြင်း၊ အဆင့် တိုးမြှင့်ခြင်းဖြစ်သင့်ဖြစ်ထိုက်တာရှိသော်လည်း ကွင်းဆင်းတဲ့အခါမှာ ကျန်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါ တယ်။ ဒါကျွန်တော်တို့ရဲ့ အားနည်းချက်ဖြစ်ပါတယ်။ ဒုတိယကတော့ ကလေးများ၊ မိဘများရဲ့ အုပ်ချုပ်မှုအဆင်ပြေဖို့အတွက် ဧပြီ ၁၉ ရက် ဝန်ကြီးဌာနအမိန့်ထုတ်တဲ့အောက်ခြေမှာ ကျောင်းဖွင့်ဖို့ ဇွန်လ ၃ ရက်ကျောင်းဖွင့်တာဖြစ်ပြီးတော့ ၂၇-၅-၂၀၁၃ မှာ ွမေပြင်ကသိရှိပြီးတော့ ကလေးများ မူလွန်ကျောင်းဖွင့်ခွင့်ရတဲ့အခါမှာ အခြားကျောင်းများကိုအပ်ပြီးဖြစ်တဲ့အတွက် အုပ်ချုပ်မှုအခက်အခဲ များ ဖြစ်နေတာတွေ့ရပါတယ်။ ဒါကတော့ ဝန်ကြီးဌာနရဲ့ ဝန်ထမ်းပိုင်းဆိုင်ရာ အဆင့်ဆင့်စိစစ် ကြပ်မတ်ကွပ်ကဲမှု ကျွန်တော်တို့ဘက်က အားနည်းချက်ဖြစ်ပါတယ်။ နောက်နှစ်အလားတူဖြစ်ဖို့ အတွက် ဒီထက်စောတဲ့ အချိန်မှာလည်း ကျောင်းများဖွင့်လှစ်ခြင်းကိုဆောင်ရွက်ဖို့နဲ့ ကျောင်းအသစ် ဖွင့်လှစ်ခြင်း၊ အဆင့်တိုးမြှင့်ခြင်းနှင့်ပတ်သက်ပြီးတော့ အောက်ခြေကအချိန်နှင့်တစ်ပြေးညီ သိရှိ အောင်လည်း အားထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတင်ပြအပ်ပါတယ်။ လောလောဆယ် ကျွန်တော်တို့ လက်ရှိရောက်တဲ့ အဆင့်အထိ ကျောင်းအသစ်ဖွင့်ဖို့၊ အဆင့်တိုးမြှင့်ဖို့ တောင်းဆိုဆဲ ဖြစ်ပါတယ်။ ဝန်ကြီးရော၊ ကျွန်တော်ရော နှစ်ပိုင်းလုံးကို လွှတ်တော်ကို တင်ပြလိုပါတယ်။ ကျောင်း Sနခအငသည များအသစ်ဖွင့်လှစ်ခြင်းဟာ ရာသီချိန်နှင့်ဆောင်ရွက်မယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေပါ တယ်။ ဒါကြောင့်လည်း ဧပြီလဆောင်ရွက်ခြင်းဖြစ်ပါတယ်။ လာမယ့်နှစ်ကတော့ ဖေဖော်ဝါရီလဆန်း လောက်မှာ ဖြစ်အောင်ကြိုးစားဖို့ အစီအစဉ်ရှိပါတယ်။ ဖေဖော်ဝါရီလဆန်းမှာ အားလုံးတစ်ပြည်လုံး အတိုင်းအတာနှင့် ကျောင်းအသစ်ဖွင့်လှစ်မယ်ဆိုရင် ကလေးများ စာမေးပွဲဖြေနေတဲ့အချိန်မှာ တစ်ပါ တည်း ကိုယ့်ကျောင်းမှာပဲ မူလတန်းက မူလွန်၊ အလယ်တန်းက ထက်ခွဲစသည့်အားဖြင့် သိရှိမယ်ဆိုရင် အုပ်ချုပ်မှုယန္တရား၊ ဆရာခန့်ထားမှု ယန္တရားအစအဆုံးပိုအဆင်ပြေမှာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ နှစ်ရဲ့ အတွေ့အကြုံများယူပြီးတော့ ဖေဖော်ဝါရီလဆန်းမှာပဲ ကျောင်းအဆင့်တိုးခြင်း ဆောင်ရွက်ပေးပါမယ်။ ကြားထဲမှာ တင်ပြတဲ့အထဲက ဖြစ်သင့်ဖြစ်ထိုက်တဲ့ကျောင်းများကျန်ခဲ့တယ်ဆိုရင်လည်း ဝန်ကြီးဌာနက ဝန်ကြီးနှင့် ပြန်လည်တင်ပြပြီးတော့ စာရင်းဇယားတော့ အသေးစိတ်ပြုစုထားပါမယ်။ တစ်လကျော်ရှိပြီ ဖြစ်တဲ့အတွက် ဒီအချိန်မှာကျောင်းဖွင့်ရင် နောက်ကအုပ်ချုပ်မှုယန္တရားများဖြစ်တဲ့ ဆရာဖြည့်ဆည်း ခန့်ထားခြင်း၊ မူလတန်းအဆင့် မူလတန်းကျောင်းသားများအားလုံး ကျောင်းအသေးသုံးစရိတ်နှင့် ရုံးသုံးကိရိယာ ဝယ်တဲ့စရိတ်က မူလတန်းကျောင်းခွဲအတွက် တစ်သိန်းထုတ်ပေးပါတယ်။ ကျောင်းသား ၁၀၀ အောက်ရှိတဲ့ မူလတန်းကျောင်းအားလုံးကို တစ်သိန်းပေးပါတယ်။ ၁၀၀ နှင့် ၃၀၀ အကြား နှစ်သိန်းခွဲ၊ ၃၀၀ အထက် သုံးသိန်းအထွေထွေအသုံးစရိတ်အတွက်ပေးတာပါ။ နောက်မှအသစ်ဖွင့်တဲ့ အတွက် နောင်က ဘတ်ဂျက်ကိစ္စ၊ အုပ်ချုပ်မှုကိစ္စ၊ ဆရာခန့်ထားရေးကိစ္စများ၊ နောင်ပိုင်းကိစ္စများ တစ်ပြည်လုံးအတိုင်းအတာနှင့်လုပ်ရတဲ့အတွက် အနည်းငယ်တော့ အုပ်ချုပ်မှုအခက်အခဲရှိပါတယ်။ သို့သော်လည်း လိုအပ်ချက်ရှိမယ်ဆိုရင် သီးခြားတင်ပြပြီး ဒုတိယအသုတ်ပေးဖို့အတွက် ကြိုးစား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ အဲ့ဒီတင်ပြတဲ့အပိုင်းမှာ ဒီလိုကျောင်းတွေ တိုးတဲ့အတွက် (၁)ကတော့ ကျောင်းဝင်နှုန်း၊ ကျောင်းအပ်နှုန်းက အတိုင်းအတာတစ်ခုအထိ မြင့်တက် လာပါတယ်။ ဒီထက်ထူးခြားမှုကတော့ လေးတန်းမှ မူလတန်းပြီးဆုံးလို့ အလယ်တန်းကူးပြောင်းနှုန်း ဟာ သိသိသာသာမြင့်မားလာပါတယ်။ ထို့အတူပဲ အလယ်တန်းအဆင့် ရှစ်တန်းအောင်ပြီး အထက် တန်းကူးပြောင်းနှုန်းကလည်း သိသိသာသာမြင့်မားလာပါတယ်။ ကျောင်းအဆင့်တိုးမြှင့်ရေးကို ဒုတိယ အကျော့အနေနဲ့ အတတ်နိုင်ဆုံးပြန်လည်ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
