ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ဒေသ ကျေးရွာဒေသတချို့တွေမှာ လူထုကနေ ပြီးတော့ ပြည်သူ့စစ်ကိစ္စနှင့်ပတ်သက်ပြီးတင်ပြချက်များရှိတဲ့အတွက်ကြောင့်မို့လို့ ဒီမေးခွန်းမေးမြန်း ရခြင်းဖြစ်ကြောင်း သိရပါတယ်။ အကြောင်းအရင်းကတော့ ကျောက်မဲမြို့နယ်အတွင်းမှာရှိတဲ့ ပုံဟိုး ကျေးရွာအုပ်စု၊ မိုင်းလျော့ကျေးရွာအုပ်စုနှင့် မိုင်းတင်းကျေးရွာအုပ်စုဒေသတွေမှာ ဒေသခံပြည်သူလူထု တွေ တင်ပြချက်အရ ကျေးရွာဒေသပြည်သူ့စစ်တပ်ဖွဲ့များကို ပြည်သူ့ရဲ့ သဘောဆန္ဒမပါဘဲ ဖွဲ့စည်းခဲ့ခြင်း၊ အဲ့ဒီအဖွဲ့တွေကို ထောက်ပံ့ဖို့အတွက် အတင်းအဓမ္မငွေကြေးကောက်ခံမှုများရှိနေ ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ပြည်သူများတင်ပြချက်အရ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက ပြည်သူအား သေနတ်ဖြင့် ခြိမ်းခြောက်ကြိမ်းမောင်းဆဲဆိုစဉ် သေနတ်ကျည်ဆံထွက်သွားတဲ့ကိစ္စဖြစ်ပေါ် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီကိစ္စနှင့်ပတ်သက်ပြီး ပြည်သူကနေပြီးတော့ ရဲစခန်းသို့ အမှုဖွင့်အရေးယူ ဆောင်ရွက်ပေးနိုင်ရန် တင်ပြခဲ့သော်လည်းပဲ ရဲစခန်းမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဖြစ်နေတဲ့အတွက် တပ်မတော်ရဲ့ ညွှန်ကြားချက်ရပြီးမှ ဆက်လက်အရေးယူဆောင်ရွက်နိုင်မယ်လို့ အကြောင်းပြန်ခဲ့ ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များဟာ တရားမဝင်သယ်ယူလာတဲ့ သစ်မှောင်ခို များ၊ နွားများစသည့်ကိစ္စကို လက်နက်ပြပြီးတော့မှ ငွေကြေးကောက်ခံမှုတွေရှိနေကြောင်း၊ နောက် အရက်သေစာ မူးယစ်သောက်စားရမ်းကားပြီးတော့ ဆောင်ရွက်မှုတွေလည်း ရှိနေခဲ့ကြောင်း၊ အဲ့ဒီ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ရှမ်းပြည်နယ် နယ်စပ်ရေးရာဝန်ကြီးဌာနသို့ ဖုန်းနှင့်တင်ပြခဲ့သော်လည်း ဝန်ကြီးက ပြည်သူ့စစ်တပ်ဖွဲ့ ဝင်တွေကို ရှိတယ်ဆိုတာ မသိရှိခဲ့ရပါကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တပ်ဖွဲ့ဝင်တွေဟာ လိုင်စင်မဲ့မော်တော်ကားများ စီးနင်းနေတဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ တိုင်ကြားချက်၊ ရဲစခန်း၊ မြို့နယ်။ခရိုင်ရဲစခန်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူးသို့ တိုင်ကြားခဲ့သော်လည်း အရေးယူဖမ်းဆီးနိုင်ခဲ့ခြင်း မရှိခဲ့သောကြောင့် ယခုလို ပြည်သူလူထုကို စိတ်အနှောင့်အယှက်ဖြစ်ပြီး တော့ အထိတ်တလန့်ဖြစ်နေရတဲ့အတွက် အမြဲစိတ်မချမ်းမြေ့မှုများဖြစ်ပေါ်နေသောကြောင့် အောက်ပါ မေးခွန်းများကို မေးမြန်းလိုပါကြောင်း။ မေးမြန်းလိုတဲ့မေးခွန်းကတော့ မြန်မာနိုင်ငံတွင် တရားဝင် ပြည်သူ့စစ်အဖွဲ့ ဘယ်နှစ်ဖွဲ့ရှိပါသလဲ။ ပြည်သူ့စစ်တပ်ဖွဲ့ကို ဖွဲ့စည်းတဲ့အခါ အခြေခံရမည့်မူရှိပါ သလား။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အနေနဲ့ တည်ဆဲတရားဥပဒေများကို ကျူးလွန်ပါက ရဲစခန်းမှာ အမှုဖွင့်တဲ့အခါ ရဲစခန်းမှ အရေးယူနိုင်ရန် တပ်မတော်ရဲ့ ညွှန်ကြားချက်စောင့်ပြီးမှ အရေးယူရမယ်ဆို သည်မှာ တည်ဆဲသီးခြားဥပဒေ ပြဋ္ဌာန်းသတ်မှတ်ထားတာများရှိပါသလားဆိုတာ သိရှိလိုပါကြောင်း မေးမြန်းပါသည်
မြန်မာနိုင်ငံတွင် လက်ရှိပြည်သူ့စစ်ဌာနေ အဖွဲ့ပေါင်း ၅၀၃၅ ဖွဲ့ရှိပါတယ်။ (ခ) ပြည်သူ့ စစ်ဖွဲ့စည်းသည့် အခြေခံမူရှိပါတယ်။ အမာခံအရန်ဖွဲ့စည်းခွင့်တောင်းခံခြင်းနှင့် လက်နက်တပ်ဆင်ခွင့် တောင်းခံခြင်း၊ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်မှာ ကိုက်ညီရမယ့်အချက်များရှိပါတယ်။ ဒီအချက်တွေ ကတော့ (၁)ကျေးရွာလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးကိစ္စရပ်များကို စည်းရုံးတက်ကြွသော အသိ စိတ်ဓာတ်ဖြင့် ဆောင်ရွက်လိုသော ကျေးရွာလူထုရဲ့ တင်ပြချက်အရ ပြည်သူ့စစ်ဌာနေအဖြစ် ဖွဲ့စည်း ရန် စည်းရုံးဆောင်ရွက်ထားခြင်း၊ (၂) သောင်းကျန်းသူများအား ပြည်သူ့စစ်များဖြင့် တိုက်ခိုက်ရန် လိုအပ်ခြင်း၊ (၃) စနစ်တကျလက်နက်တပ်ဆင်နိုင်လောက်သော ယုံကြည်မှုရရှိရန် စနစ်တကျ စိစစ် ရွေးချယ်ထားပြီးဖြစ်ခြင်း၊ (၄) ပတ်ဝန်းကျင်မှ အထောက်အကူပြုမည့် တပ်။အဖွဲ့တည်ရှိခြင်းတို့ ဖြစ်ပါ တယ်။ (ဂ) ပြည်သူ့စစ်အဖွဲ့ဝင်က တည်ဆဲဥပဒေကို ကျူးလွန်၍ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားလာပါ က ရဲစခန်းမှ အရေးယူရန်အတွက် သက်ဆိုင်ရာနယ်မြေခံတိုင်းစစ်ဌာနချုပ်၊ တပ်ရင်း။တပ်ဖွဲ့များကို အသိပေး၍ နိုင်ငံတော်၏ တည်ဆဲဥပဒေနှင့်အညီ လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူဆောင်ရွက် လျက်ရှိပါတယ်။ တပ်မတော်၏ ညွှန်ကြားချက်ရရှိပြီးမှ အရေးယူသည့် သီးခြားဥပဒေမရှိပါကြောင်း တင်ပြအပ်ပါတယ်။
ဆက်လက်ပြီးခွင့်ပြုမယ်ဆိုရင် စောစောက တင်ပြတဲ့အချက်ကလေး ပထမမေးခွန်း လေရှီး မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းနှင့်ပတ်သက်ပြီး နောက်ဆက်တွဲလေး တင်ပြလိုပါတယ်ခင်ဗျား။ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ အမာခံစခန်းတွေ ဆောက်လုပ်ဖို့ မရှိသေးဘူးလို့ တင်ပြခဲ့ခြင်းဟာ လုပ်ဆောင်ရတဲ့ စစ်ဆင်ရေးအခြေအနေတွေဟာ ပြောင်းရွှေ့နေရတဲ့အတွက် လိုအပ်ချက်အရ အခိုင်အမာတည်ဆောက်ရန် မလိုအပ်သေးတဲ့အချက်၊ (၂) ဘဏ္ဍာငွေအခြေအနေ ကြောင့် တင်ပြခြင်း ဖြစ်ပါတယ်။ စခန်းဆောက်လုပ်ရေးကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များသိရှိအောင် တင်ပြရမယ်ဆိုရင် စခန်းဆောက်လုပ်ရေးကိစ္စဟာ လူထုရဲ့ လုပ်အားကို ရယူမှုမပြုလုပ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေကလည်း အမိန့်ထုတ်ပြန်ပြီး ဖြစ်သလို ILဥ အဖွဲ့ကလည်း ဒီဟာကို မပြတ်စောင့်ကြည့်ပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း ဖြေကြားပါသည်။
