(က)-လက်ရှိနိုင်ငံတော်တွင် ပြည်သူပိုင်စက်ရုံ၊ အလုပ်ရုံနှင့် ပုဂ္ဂလိကကို လွှဲပေးရန် ဆောင်ရွက်နေသော စက်ရုံ၊ အလုပ်ရုံတို့နှင့့််စပ်လျဉ်းသည့်မေးခွန်းနှင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အခြေအနေအရ ငွေကြေး ဖောင်းပွမှု မည်မျှရှိပါသနည်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ (၅.၁၁.၂၀၁၂)

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတင်ပြချက် အစီရင်ခံစာတွင် ၂၀၁၁-၂၀၁၂ ယာယီစာရင်းများအရ နိုင်ငံပိုင်အခန်းတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘီလီယံ ၃၀၃.၆၀ ရှိပြီး ၂၁. ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါတယ်။ ဈေးကွက် စီးပွားရေးစနစ်နှင့် နိုင်ငံတော်အား တည်ဆောက်ရာတွင် နိုင်ငံပိုင်အခန်းကို လျှော့ချရန် လိုအပ်ပါ တယ်။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများကို ဖြေကြားပေးပါရန် မေးမြန်းအပ်ပါတယ်-

          (က) လက်ရှိနိုင်ငံတော်တွင် ပြည်သူပိုင်စက်ရုံ၊ အလုပ်ရုံ မည်မျှရှိပါသနည်း။

( ) လောလောဆယ် ပုဂ္ဂလိကကို လွှဲပြောင်းပေးရန် ဆောင်ရွက်နေသော စက်ရုံ၊ အလုပ်ရုံများ ရှိပါသလား။ ရှိလျှင် ဘယ်စက်ရုံတွေ ဖြစ်ပါသလဲ။ ဘယ်လိုပုံစံနှင့်လွှဲပေးမှာ ဖြစ်ပါသလဲ။ ဘယ်လိုဈေးနှုန်းတွေ သတ်မှတ်ပြီး လွှဲပေးမှာ ဖြစ်ပါသလဲဆိုတာကို မေးခွန်းနံပါတ်() အနေနဲ့ မေးမြန်းအပ်ပါတယ်ခင်ဗျား။

မေးခွန်းနံပါတ် () ကတော့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့  ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးတင်ပြချက် အစီရင်ခံစာမှာ ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရသုံးစာရင်းမှာ အသားတင်လိုငွေ ကျပ် ၂၁၆၁၁၁၃ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတကာမှာ ကြွေးမြီပြဿနာတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေကို သိရှှိနိုင်ရန်အတွက် အောက်ပါမေးခွန်းများကို ဖြေကြားပေးပါရန်ဆိုပြီးတော့ ကျွန်တော် မြန်မာနိုင်ငံမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အခြေအနေအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု (Inflation) မည်မျှရှိပါသနည်း ကို မေးမြန်းပါသည်။

ဖြေကြားသူ
အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာ ဒေါ်ခင်စန်းရီ
အဖြေ

ပဲခူးတိုင်း ဒေသကြီး၊ မင်းလှမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးမှ ပထမအကြိမ် ပြည်သူ့ လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ (က) လက်ရှိနိုင်ငံတော်တွင် ပြည်သူပိုင်စက်ရုံ၊ အလုပ်ရုံ မည်မျှရှိပါသလဲ။ () လောလောဆယ် ပုဂ္ဂလိကကို လွှဲပေးရန်ဆောင်ရွက်နေသော စက်ရုံ၊ အလုပ်ရုံ များမည်မျှရှိပါသလဲ။ ရှိလျှင် ဘယ်စက်ရုံတွေပါလဲ။ ဘယ်လိုပုံစံနှင့်လွှဲပေးမှာလဲ။ ဘယ်ဈေးနှုန်းနှင့် လွှဲပေးမှာလဲဆိုတဲ့ မေးခွန်းတွေနှင့်စပ်လျဉ်းပြီး ဖြေကြားမှာ ဖြစ်ပါတယ်။ ဦးမောင်တိုး၏ ပထမ မေးခွန်းနှင့်ပတ်သက်၍ လက်ရှိနိုင်ငံတော်တွင် ဆောင်ရွက်လည်ပတ်နေသော ပြည်သူပိုင်စက်ရုံ၊ အလုပ်ရုံ စုစုပေါင်း ၂၆၆ ရုံ ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။

ဒုတိယမေးခွန်းပါ ပုဂ္ဂလိကကို လွှဲပေးရန် ဆောင်ရွက်နေသော စက်ရုံ၊ အလုပ်ရုံများရှိပါ သလား။ ရှိလျှင် ဘယ်စက်ရုံတွေပါလဲဆိုတဲ့ မေးခွန်းနှင့်ပတ်သက်ပြီး ယခုအစိုးရလက်ထက်မှာ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများနှင့်စက်ရုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခြင်းမရှိသေးဘဲ ယခင်အစိုးရက ရောင်းချခဲ့သော လုပ်ငန်းများအတွက် မပြီးပြတ် သေးသည့် တန်ဖိုးငွေအကျေပေးသွင်းရေးနှင့် စက်ရုံလွှဲပြောင်းပေးရေးကိစ္စများ ဆောင်ရွက်လျက် ရှိပါတယ်။ လောလောဆယ်မှာ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်မှ ရောင်းချရန် စက်ရုံပေါင်း ၁၇ ရုံ ရှိပါတယ်။ ၎င်းစက်ရုံမှာ-

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စက်ရုံ ရုံ

() အမှတ်() ပျဉ်းမနားသကြားစက်ရုံ၊ သနပ်ပင်ဆိပ်ကျေးရွာ၊ ပျဉ်းမနားမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ စက်ရုံ ရုံ

          ()     ကျောက်ဖြူအအေးခန်းနှင့် ရေခဲစက်ရုံ၊ ကျောက်ဖြူမြို့၊ ရခိုင်ပြည်နယ်။

()     ဒိုက်ဦး ဝက်သားကုန်ချောစက်ရုံ၊ ကျိုက်စကောကျေးရွာ၊ ဒိုက်ဦးမြို့နယ်၊ ပဲခူးတိုင်း ဒေသကြီးနှင့်

()     ညောင်ရွှေရေခဲစက်ရုံ၊ ညောင်ရွှေမြို့၊ ရှမ်းပြည်နယ်။

စက်မှုဝန်ကြီးဌာနမှ စက်ရုံ ရုံ

()     ကြွေထည်ပစ္စည်းစက်ရုံ(မော်လမြိုင်) ကျောက်တန်းလမ်း၊ မုပွန်ရပ်ကွက်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်၊

()     စစ်ကိုင်းအမှတ်() ဂျုံနှင့်ဂျုံထွက်စားကုန်ပစ္စည်းစက်ရုံ၊ မန္တလေး-မုံရွာကားလမ်းဘေး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊

()     မော်လမြိုင်အမှတ်() အရက်ချက်စက်ရုံ၊ နတ်ကျွန်းရပ်၊ မုပွန်ရပ်ကွက်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်၊

()     ကော့သောင်းဆီအုန်းစက်ရုံနှင့် ဆီအုန်းခြံ(မြေမပါ) (ဆီအုန်းပင်၊ အဆောက်အဦ၊ စက် ပစ္စည်းများသာ) ခမောက်ကြီးမြို့၊ ကော့သောင်းခရိုင်၊ တနင်္သာရီတိုင်းဒေသကြီး၊

()     ဆေးဆိုးပန်းရိုက်စက်ရုံ(မကွေး) မကွေးမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊

()     အမှတ်() စက်နှင့်စက်ကိရိယာ ပစ္စည်းထုတ်လုပ်မှုစက်ရုံ(ရန်ကုန်) အလုပ်ရုံ() သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ သစ်စက် စက်

          ()     အမှတ်(၁၆) သစ်စက်၊ ဘားအံမြို့၊ ကရင်ပြည်နယ်၊

          ()     အမှတ်(၁၇) သစ်စက်၊ ကော့ကရိတ်မြို့၊ ကရင်ပြည်နယ်၊

          ()     အမှတ်()သစ်စက်၊ မုပွန်ရပ်ကွက်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်၊

()     အမှတ်(၁၁၄) သစ်စက်၊ စက်ရုံမြေနေရာ၊ သီရိမြိုင်ရပ်ကွက်၊ ကော့သောင်းမြို့နှင့် အမှတ်(၁၁၄) သစ်စက်၊ စက်ရုံမြေနေရာ၊ အဏ္ဏဝါရပ်ကွက်၊ ကော့သောင်းမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊

()     အမှတ်(၁၁၅) သစ်စက်၊ ငပုတောမြို့နယ်(ကမ်းနီ) ဧရာဝတီတိုင်းဒေသကြီး၊

()     အမှတ်(၁၂၆) သစ်စက် (မြေမပါ) (အဆောက်အဦနှင့် ပစ္စည်းများသာ) ကျောက်ခဲ ချောင်းကျေးရွာ၊ သီတာကုန်းပြင်ကျေးရွာအုပ်စု၊ ရေကြည်မြို့နယ်၊ ပုသိမ်ခရိုင်၊ ဧရာဝတီ တိုင်းဒေသကြီး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စက်ရုံ ရုံ

()     အမှတ်(၂၀) ဖွဲနုဆီစက်၊ မိုးကြိုးကုန်းရွာ၊ ကျောက်ဆည်မြို့၊ မန္တလေးတိုင်းဒေသကြီး တို့ ဖြစ်ပါတယ်။

          ဆက်လက်၍ ဘယ်လိုပုံစံနှင့်လွှဲပေးမှာလဲ၊ ဘယ်ဈေးနှုန်းနှင့်လွှဲပေးမှာလဲဆိုတဲ့ မေးမြန်းချက် နှင့်စပ်လျဉ်း၍ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ စွမ်းရည်ပြည့် မဆောင်ရွက်နိုင်သော နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်မှာ ဖြစ်ပါတယ်။ ယင်းစက်ရုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်းရာမှာ လွှဲပြောင်းရေး ဆိုင်ရာ နည်းလမ်းများကို နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ပြဋ္ဌာန်းနိုင်ရန် ဆောင် ရွက်လျက်ရှိပါတယ်။ ပုဂ္ဂလိကသို့ လွှဲပြောင်းဆောင်ရွက်သင့်သည့် နယ်ပယ်နည်းလမ်းများကိုလည်း စိစစ်သုံးသပ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများကို တင်ပြညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။ ပုဂ္ဂလိကပိုင်ပြုလုပ်သည့် နည်းလမ်းအချို့မှာ ရှယ်ယာခေါ်ယူခြင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ခြင်း၊ နိုင်ငံသားများ အချင်းချင်းပူးပေါင်းရင်းနှီးမြှုပ်နှံစေခြင်း၊ အစိုးရမှ ပုဂ္ဂလိကလုပ်ငန်း များသို့ ရောင်းချပိုင်ခွင့်၊ မူပိုင်ခွင့်များ ထုတ်ပေးခြင်း၊ ဖက်စပ်လုပ်ကိုင်ခြင်း၊ ထုခွဲရောင်းချခြင်း၊ မြို့ပြ စီမံကိန်းများနှင့် မသင့်လျော်သည့် မြို့တွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများအား အခြားသင့်တော် မည့်လုပ်ငန်းနေရာများသို့ ပြောင်းလဲဆောင်ရွက်စေခြင်း၊ နိုင်ငံတော်အစိုးရက မဖြစ်မနေ ဆက်လက် ဆောင်ရွက်ရန် လိုအပ်သည့် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခြင်း မပြုဘဲ စီးပွားရေးတွက်ခြေကိုက်မှုရှိစေရန် နည်းလမ်းများ ရှာဖွေသုံးသပ်ဆောင်ရွက်စေခြင်းတို့ဖြစ် ပါတယ်။

          ရောင်းချလွှဲပြောင်းရန် ကျန်ရှိနေသော စက်ရုံများအား အိတ်ဖွင့်တင်ဒါ (Open Tender) စနစ် ဖြင့် လွှဲပြောင်းရောင်းချသွားမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင်ပြုလုပ်တဲ့ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများ သည် မူလလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရမှာဖြစ်ပြီး တခြားလုပ်ငန်းအမျိုးအစားသို့ ပြောင်းလဲ လုပ်ကိုင်ခွင့်မပြုပါဘူး။ အကယ်၍ အခြားလုပ်ငန်းအမျိုးအစားသို့ ပြောင်းလဲလုပ်ကိုင်လိုကြောင်း တင်ပြလျှောက်ထားလာခြင်းရှိပါက စိစစ်သုံးသပ်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ဦးမောင်တိုးရဲ့  ပထမမေးခွန်းများနှင့်စပ်လျဉ်းပြီး ရှင်းလင်းဖြေကြားအပ်ပါတယ်ရှင်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရှင့်။ ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး၊ မင်းလှမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးမှ တင်သွင်းသည့် ဒုတိယမေးခွန်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အခြေအနေအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု (Inflation) မည်မျှ ရှိပါသနည်း မေးခွန်းနှင့်စပ်လျဉ်းပြီး ဖြေကြားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာနှစ် အခြေအနေအရ ငွေကြေးဖောင်းပွမှုနှုန်း (Inflation) မှာ .၈၂ ဖြစ်ပါတယ်။ ယခင်နှစ် ၂၀၁၀-၂၀၁၁ ခုနှစ် ငွေကြေးဖောင်းပွမှုနှုန်းမှာ .၂၂ ရှိပါသဖြင့် ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလာ ပါတယ်။ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကို စားသုံးသူ ဈေးဆနှုန်းပေါ် အခြေခံတွက်ချက်ပြီး ၂၀၀၆ ခုနှစ်ကို အခြေခံနှစ်အဖြစ် ထားပြီးတွက်ထားတာ ဖြစ်ပါတယ်။ စားသုံးသူ ဈေးဆနှုန်းတွက်ဖို့ အတွက် ဗဟိုစာရင်းအင်းအဖွဲ့ဟာ နမူနာမြို့နယ်ပေါင်း ၈၀ မှ အိမ်ထောင်စုပေါင်း ၃၂၀၀၀ ကို ကျဘမ်းရွေးချယ်၍ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုနမူနာစစ်တမ်းကို ကောက်ယူခဲ့ပါတယ်။ ယင်းစစ်တမ်းမှ စားသုံးသူဈေးဆနှုန်း တွက်ချက်ရန် အိမ်ထောင်စုအများ သုံးစွဲ သော စားသောက်ကုန်ပစ္စည်းပေါင်း ၈၃ မျိုး၊ အစားအစာမဟုတ်သော အခြားကုန်ပစ္စည်းပေါင်း ၇၅ မျိုး၊ စုစုပေါင်း ၁၅၈ မျိုးကို ရွေးချယ်စိစစ်တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။

          ၂၀၁၁-၂၀၁၂ ခုနှစ်တွင် စားသုံးသူဈေးဆနှုန်းတွက်ချက်ရာတွင် ပါဝင်တဲ့ အဝတ်အထည်များ၊ ရွှေထည်ပစ္စည်း ဈေးနှုန်းများ၊ အိမ်လခဈေးနှုန်းများ၊ ဝါး၊ သစ်မာ၊ အိမ်ရိုက်သံနှင့် အုတ်ဈေးနှုန်းများ၊ ထင်း၊ မီးသွေးဈေးနှုန်းများ၊ ဓာတ်ဆီဈေးနှုန်းများ၊ အစိုးရလျှပ်စစ်မီတာခများ၊ ရထားခဈေးနှုန်းများနှင့် လေယာဉ်ခဈေးနှုန်းများ ယခင်နှစ်ကထက် မြင့်တက်လာသော်လည်း၊ အဓိက စားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ အသားငါး၊ အသီးအရွက်အချို့တို့၏ ဈေးနှုန်းများ၊ မြေပဲဆီ၊ နှမ်းဆီဈေးနှုန်းများ၊ ပြည်ပမှ စားအုန်းဆီ ဈေးနှုန်းများ၊ အာလူး၊ ပဲအမျိုးမျိုး၊ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီစသည့် စားသုံးသီးနှံဈေးနှုန်းများမှာ ယခင်နှစ် အလားတူကာလထက် ကျဆင်းလာခဲ့၍ ယခုကဲ့သို့ Inflation ကျဆင်းလာကြောင်း တင်ပြအပ်ပါတယ်ရှင်။ ငွေကြေးဖောင်းပွမှုနှုန်းမှာ ပုံသေတက်နေခြင်း သို့မဟုတ် ကျဆင်းနေခြင်းမျိုးမဟုတ်ဘဲ အတက်အကျ အပြောင်းအလဲသဘောမျိုး ရှိပါတယ်။ ယခုနှစ် လစဉ် စားသုံးသူဈေးဆနှုန်းများသည် ယမန်နှစ် လစဉ်စားသုံးသူ ဈေးဆနှုန်းများထက် ကြာရှည်စွာမြင့်တက် နေခဲ့လျှင် ငွေကြေးဖောင်းပွမှုနှုန်းမှာ အတက်ဖက်သို့ ဦးတည်နေပြီး ဆန့်ကျင်ဘက်အနေဖြင့် ယခုနှစ်၏ လစဉ်စားသုံးသူဈေးဆနှုန်းများသည် ယမန်နှစ် လစဉ်စားသုံးသူဈေးဆနှုန်းများထက် ကြာရှည်စွာမြင့်တက်မှုမရှိဘဲ ကျဆင်းခဲ့လျှင် ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း ကျဆင်းလာနိုင်မည် ဖြစ်ပါတယ်။

စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာမှုဟာ စားသုံးသူ ဈေးဆနှုန်းအပေါ် အကျိုး သက်ရောက်မှုမြင့်မားပြီး ငွေကြေးဖောင်းပွမှု အတက်အကျကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်း အချက်ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုသည် အခြားအချက်အလက်များကြောင့်လည်း ဖြစ်ပေါ် နိုင်ပါတယ်။ ယေဘုယျအားဖြင့် အခြေခံစားကုန်ဈေးနှုန်းများ တည်ငြိမ်နေလျှင် စားသုံးသူဈေးဆနှုန်း အပြောင်းအလဲနည်းပါးနိုင်ပြီး ငွေကြေးဖောင်းပွမှုနှုန်း လျော့နည်းလာနိုင်ပါကြောင်း ဖြေကြားအပ်ပါ တယ်ရှင်။ တစ်ဆက်တည်းမှာပဲ စားသုံးသူဈေးဆနှုန်းအား လစဉ်တွက်ချက်၍ ဗဟိုစာရင်းအင်းအဖွဲ့၏ Website www.csostat.gov.mm နှင့် ဝန်ကြီးဌာန Website https://www.mnped.gov.mm များတွင် ထည့်သွင်းတင်ပြလျက်ရှိပြီး ငွေကြေးဖောင်းပွမှုနှုန်းကိုလည်း ထည့်သွင်းဖော်ပြရန် စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။ dg-cso@mptmail.com.mm သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ဖြေကြားပါသည်။