(စ)-အထက်ဆည်တော်ကြီး ရေလှောင်တမံစီမံကိန်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၅) ရက်မြောက်နေ့ (၁၇-၁၀-၂၀၁၁)

ယခုလက်ရှိ ကျွန်တော်တို့ ဆည်တော်ကြီးရေလှောင်တမံဟာ မတ္တရာမြို့နယ်အရှေ့မြောက်ဖျားမှာ တည်ရှိပြီး ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ နယ်စပ်တွင်ရှိပါတယ်။ တမံရဲ့သတ်မှတ်ရေလှောင်နိုင်တဲ့ ပမာဏကတော့ ဧကပေ ၁၃ သိန်း ၆ သောင်းကျော်သာရှိပြီးတော့ တစ်နှစ်ပတ်လုံးအသုံးပြုနိုင်တဲ့ ရေပမာဏထွက်ရေဟာတော့ ဧကပေ ၁၂ သိန်းသာရှိပါတယ်။ ဒါပေမယ့် နှစ်စဉ် ဆည်တော်ထဲမှာ ဝင်နေတဲ့ရေဟာ ဧကပေ ၂၅ သိန်းမှသိန်း ၃၀ အထိရှိပြီးတော့ အမြင့်ဆုံးအနေနဲ့  မှတ်တမ်းများအရ ဧကပေ ၃၂ သိန်းအထိဝင်ရောက်ခဲ့တာကိုတွေ့ရှိရပါတယ်။ ဒါကြောင့် နှစ်စဉ်မိုးတွင်းကာလမှာ ဆည်အတွင်းမှာပိုလျှံရေများထုတ်ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ တမံကျိုးမှာအတွက်ကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆည်အတွင်းမှရေထုတ်မှုကြောင့် မန္တလေး၊ သပိတ်ကျင်း၊ ဗန်းမော်၊ မိုးကုတ်ကားလမ်းမကြီး မတ္တရာမြို့နယ်၊ ရွှေတစ်ချောင်းဘောင်ကူးတံတားနဲ့ ချောင်းမကြီးချောင်းနဲ့ တံငါတံတားအကြား တစ်မိုင်ခန့်ဟာ အမြဲတမ်းရေကျော်ပြီးတော့ လမ်းအပျက်အစီးတွေတွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ တစ်မိုင်အောက်ပိုင်းမှာရှိတဲ့  ကျေးရွာအုပ်စုတစ်ဆယ်အုပ်စုခန့်နဲ့ လယ်မြေ ဧကနှစ်သောင်းကျော်ဟာ ရေလွှမ်းမိုးခြင်းခံရတဲ့အတွက် နှစ်စဉ်ဆုံးရှုံးနစ်နာမှုများကြုံတွေ့နေရတာဖြစ် ပါတယ်။ ရေလွှမ်းတဲ့ဧရိယာတောင်ဘက်မှာ ကာကွယ်ထားတဲ့ ရွှေတစ်ချောင်းဖီလာမြောင်းနဲ့ကပ်ပြီး တည်ဆောက်ထားတဲ့တာ‌ဘောင်ဟာ ဒီတာဘောင်သာကျိုးမယ်ဆိုရင်တော့ မတ္တရာမြို့အပါအဝင် ပတ်ဝန်းကျင်ကျေးရွာအားလုံး ရေမြှုပ်သွားမှာဖြစ်ပါတယ်။ ရေမြှုပ်ရင်တော့ ပတ်ဝန်းကျင်ကျေးရွာမှာရှိ နေတဲ့ ဥယျာဉ်ခြံမြေများအားလုံး ပျက်စီးဆုံးရှုံးမှုများဖြစ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ အခုလက်ရှိ ဆည်တော်ကြီးတမံဟာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပြင် မြို့နယ်များအတွင်းရှိ လယ်ယာစိုက်ပျိုးရေးအတွက် အထူးအားထားရတဲ့ဆည်လည်းဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တမံရဲ့မူလချောင်းဖြစ်တဲ့ ချောင်းမကြီးအပြင် မန္တလေးတူးမြောင်း၊ ရေနံ့သာတူးမြောင်း၊ ရွှေတစ်ချောင်း ဖီလာနဲ့ ရွှေတစ်ချောင်းမြောင်းတို့မှတစ်ဆင့် လယ်ယာမြေများစိုက်ပျိုးမှုကို ရေပေးဝေတဲ့ဆည်ဖြစ်ပါ တယ်။ မန္တလေးတူးမြောင်းဟာဆိုရင်တော့ မတ္တရာအပါအဝင် မတ္တရာ၊ ပုသိမ်ကြီး၊ မန္တလေးနှင့် အမရပူရမြို့နယ်များအတွင်းမှာ စိုက်ပျိုးရေဧက ၁၂၇၀၀၀ ကျော်ပေးဝေနေတဲ့တူးမြောင်းဖြစ်ပါတယ်။ ရေနံ့သာတူးမြောင်းကလည်း မတ္တရာမြို့နယ်ရဲ့မြောက်ခြမ်းအတွက် အားထားရတဲ့တူးမြောင်းဖြစ်ပါ တယ်။ ရွှေတစ်ချောင်း ဖီလာတူးမြောင်းနဲ့ရေကာတာကလည်း  မတ္တရာမြို့မှပတ်ဝန်းကျင်ရေကြီးမှုမှ ကာကွယ်နိုင်ပြီးတော့ မူရင်းစပါးဧက ၂၀၀၀ ကျော်စိုက်ပျိုးမှုအတွက် အဓိကအားထားရာတူးမြောင်း ဖြစ်ပါတယ်။ တင်ပြလိုတဲ့အချက်ကတော့ ဒီတူးမြောင်းတွေပေးဝေတဲ့ ဒီဆည်တော်ကြီးတမံဟာ မရှိမဖြစ်လိုအပ်တယ်လို့ တင်ပြလိုခြင်းဖြစ်ပါတယ်။ ဆည်တော်ကြီးတမံဟာ တစ်ခြားမြို့နယ်များ မပါဘဲနဲ့ မတ္တရာမြို့နယ်အတွင်းမှာပဲ စပါးစိုက်ပျိုးနိုင်တဲ့လယ်မြေဧက ၅၄၀၀၀ ကျော်ရှိရာမှာ မိုးကောင်းသောက်လယ်မြေဧကဟာ ၂၀၀၀ ကျော်နဲ့ ဆည်ရေသောက်ဧကဟာ ၅၂၀၀၀ ကျော်ရှိပါ တယ်။ ဒါကြောင့် ကျွန်တော်တို့မြို့နယ်ဟာ စပါးစိုက်ပျိုးမှုမှာ ဆည်တော်ကြီးတမံကို အားကိုးနေရတဲ့ မြို့နယ်ဖြစ်ကြောင်းထင်ရှားပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုဆည်တော်ကြီးတမံမကျိုးပေါက်ရအောင် မိုးတွင်းကာလမှာရေမထိန်းနိုင်မှုကြောင့် ပိုလျှံနေတဲ့ရေများ ထုတ်လွှတ်ရတဲ့အတွက် နှစ်စဉ်ရေလွှမ်းမိုး မှုများဖြစ်ပေါ်နေပြီးတော့ နယ်သူ၊နယ်သားများအနေနဲ့ မိုးတွင်းကာလရောက်လျှင်စိတ်ဒုက္ခရောက်ကြရ ပါတယ်။ ဒါ့ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ညှိနှိုင်းချက်အရ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရေလွှမ်းမိုးမှုကာကွယ်ရန် တူးမြောင်းများ၊ ချောင်းများရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ ကားလမ်းများပြုပြင်မှုများဆောင်ရွက်ရန် အစီအစဉ်ရှိသည်ဟု သိရပါတယ်။ တူးမြောင်းနဲ့ချောင်းများရေစီးရေလာကောင်းမွန်ပါက ရေလွှမ်းမိုးမှုသက်သာစေပါတယ်။ သာဓကအားဖြင့်တော့ လွန်ခဲ့တဲ့လေးလခန့်ကမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်တိုင် ရေကြီးနေတဲ့တံငါတံတားဘက်ကို လာရောက်ကြည့်ရှုတဲ့အခါမှာ တံငါတံတားတည်‌ဆောက်တဲ့ကာလ တုန်းကတော့ ချောင်းမကြီးချောင်းအထက်မှာ လမ်းလွှဲတည်ဆောက်တဲ့အခါမှာကျောက်တွေခင်းပြီး တော့လမ်းလွှဲတည်ဆောက်ခဲ့ပါတယ်။ အဲဒီလမ်းဟာ ရေကြီးတဲ့အခါမြှုပ်သွားပေမယ့်၊ ရေ‌တော့ကျော်ပါ တယ်။ သို့သော်ရေစီးရေလာကောင်းအောင်တော့ အတားအဆီးဖြစ်နေပါတယ်။ အဲဒါကိုတွေ့တဲ့ အခါကျတော့လမ်းကိုစက်ကိရိယာနဲ့ ဖယ်ရှားလိုက်တဲ့အခါမှာတော့ ချောင်းရေဟာလေးပေခန့် လျော့နည်းသွားတာကိုတွေ့ရပါတယ်။ ဒါ့ကြောင်‌့မို့လို့ ရေလွှမ်းတဲ့ကားလမ်းတွေမှာ ကားလမ်းမြှင့်တင် တာ၊ တူးမြောင်းချောင်းများ ရေစီးရေလာကောင်းအောင်ပြုပြင်တာဆို ရေလွှမ်းမှုကြုံတွေ့ရဒုက္ခများမှာ သက်သာသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မတ္တရာမြို့နယ်၊ နယ်မြေဟာ ရှမ်းပြည်နယ် တောင် တန်းများနဲ့ဆက်စပ်လျက်ရှိတာကြောင့်  မိုးရွာသွန်းမှုအခြေအနေဟာ ဆယ်စုနှစ်အတွင်း မှတ်တမ်းများ အရ တစ်နှစ်အတွင်း ရှစ်လခန့် မိုးရွာသွန်းပြီး မိုးရွာသွန်းရက်ဟာ ၆၉ ရက်နဲ့ ပျှမ်းမျှမိုးရေချိန်လက်မ ၃၄.၇ လက်မတို့ ရှိတာကိုတွေ့ရပါတယ်။ ဒါကြောင့် ရာသီဥတုသဘာဝအ‌ြခေအနေအရ စိတ်မချရ ပါဘူး။ ဆည်တော်ကြီးကန်မှာ ရေပိုလွှဲများလည်း မိုးရေဝင်လျှင်လည်း ဆက်လက်ပြီး ထုတ်လွှတ် နေရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီဆည်တော်ကြီးတမံမိုးရေကို ထိန်းနိုင်ဖို့အတွက် ကျွန်တော်တင်ပြခဲ့တဲ့ အောက်ကရေထုတ်မြောင်းများ၊ ချောင်းများ၊ တူးမြောင်းကိုလည်း ရေစီးရေလာကောင်းအောင်ပြုပြင်ဖို့ လိုအပ်သလို ယခု ကျွန်တော်တင်ပြခဲ့တဲ့ အထက်ဆည်တော်ကြီးရေလှောင်တမံစီမံကိန်းဟာ လက်ရှိ ဆည်တော်ကြီးတမံထက် ရေထိန်းသိမ်းနိုင်မှုနှစ်ဆမျှရှိတယ်လို့ သိရတဲ့အတွက် ဆည်တော်ကြီးတမံ သာ တည်ဆောက်ပေးနိုင်ရင် ကျွန်တော်တို့ မြို့နယ်အတွက် ဒီဆည်တော်က လျှပ်စစ်မီးရမယ်။ လယ်ယာ‌ြမေတွေကောင်းမယ့်အတွက် သားရွှေအိုးထမ်းတဲ့ကိန်းဆိုက်မှာလို့ မြို့သူမြို့သားများကလည်း ထင်ထားပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အားဖြင့်တော့ ဒီဆည်ကို တည်ဆောက်ပေးနိုင်ရင်တော့ ကျွန်တော်တို့ မြို့နယ်အတွက် စပါးစိုက်ပျိုးမှု၊ တမံကျိုးပေါက်မှု၊ လျှပ်စစ်များပိုမိုရရှိမှုဖြစ်လာမှာ အတွက် စီမံကိန်းကြီး ဆက်လက်အကောင်အထည် ဖော်ဖို့ ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

 ဆည်တော်ကြီး ရေလှောင်တမံ၏ နှစ်စဉ်ပျှမ်းမျှစီးဝင်ရေမှာ ဧကပေ ၂၁ သိန်းဖြစ်ပြီး၊ ရာသီဥတုဖောက်ပြန်မှုကြောင့် အများဆုံးစီးဝင်ခဲ့သော ‌ရေပမာဏမှာ ဧက ပေ ၃၂ သိန်းဖြစ်သည့်နှစ် ရှိခဲ့ပါတယ်။ တမံ၏ ရေသို‌လှောင်မှုပမာဏမှာ ဧကပေ ၃.၆၃ သိန်း ဖြစ်ပါတယ်။ တစ်နှစ်ပျှမ်းမျှ သုံးရေမှာ ဧကပေ ၁၃ သိန်းခန့်သာဖြစ်၍ နှစ်စဉ်ရေပိုလျှံလျက်ရှိပါတယ်။ နှစ်စဉ်မိုးရာသီတစ်လျှောက် လျှံရေများကြောင့် မန္တလေး-မိုးကုတ် မော်တော်ကားလမ်း မိုင်တိုင် ၂၅ နှင့် ၂၆ အကြား ရေကျော်မှုများဖြစ်ပေါ်လေ့ ရှိပါတယ်။ မိုးသည်းထန်မှုများကြောင့် ပုံမှန်ရေလျှံမှုထက် ကျော်လွန်သည့်အချိန်မျိုးတွင် ရေပိုလွှဲ တံခါးများကိုပါ အရေးပေါ်ဖွင့်လှစ်၍ ရေလျှော့ချခြင်း ဆောင်ရွက်ခဲ့ရပါတယ်။

          ဆည်တော်ကြီးအထက်ပိုင်းမှာ ရေကူတမံတစ်ခုတည်ဆောက်ပေးခြင်းဖြင့် ပိုလျှံရေတစ်စိတ် တစ်ဒေသကို ထိန်းသိမ်းသိုလှောင်နိုင်သဖြင့် လက်ရှိတမံ၏အဆမတန်ရေလျှံကျမှုကို လျှော့ချနိုင်ပြီး ရေကူတမံတွင် သိုလှောင်မည့်ရေဖြင့် ထိုက်သင်‌့သောရေအားလျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ် ပေးနိုင်ခြင်း၊ လက်ရှိဆည်တော်ကြီးတမံမှ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ပေးနိုင်ခြင်း၊ ဆည်တော်ကြီး တမံ၏ လအလိုက်စိုက်ပျိုးရေပေးဝေမှုနှင့် မန္တလေးမြို့သောက်သုံးရေပေးဝေမှုကို ပြည့်မီအောင် ဖြည့်ဆည်းပေး နိုင်ခြင်းစသော အကျိုးကျေးဇူးများရရှိမှာ ဖြစ်ပါတယ်။ ဆည်တော်ကြီးရေကူတမံ စီမံကိန်းကို အထူးစီမံကိန်းများ အကောင်အထည်ဖော်‌ရေးအဖွဲ့၏ ၂၂-၉-၂၀၀၆ နေ့တွင် ပြုလုပ် သောအစည်းအဝေးခွင့်ပြုချက်အမှတ် ၁/၂၀၀၆ ဖြင့် တည်ဆောက်ခွင့်ရရှိပြီး ဖြစ်ပါတယ်။ ပဏာမ ဒီဇိုင်းပုံစံထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဆည်တော်ကြီးရေကူတမံမှာ လက်ရှိတမံ၏အထက် ၃၂ မိုင် ခန့်အကွာတွင်တည်ရှိပြီး ရေလှောင်ပမာဏ ၅၃၀၀၀၀ ဧကပေဖြစ်၍ တပ်ဆင်ရေအားလျှပ်စစ် ၆၄ မဂ္ဂါဝပ်ဖြင့် နှစ်စဉ်လျှပ်စစ်ဓာတ်အား ၂၅၈ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားပါတယ်။ ဆည်မြောင်းဦးစီးဌာနမှ ၂၀၀၆-၂၀၀၇ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပါတယ်။ တမံသို့ ချဉ်းကပ်လမ်းဖောက်လုပ်ခြင်း၊ စခန်းအဆောက်အဦများ ဆောက်လုပ်ခြင်း၊ ပင်မတမံ အူကြောင်းနေရာရှင်းလင်းခြင်း၊ တမံအောက်ခံ ဘိလပ်‌ြမေသရွတ်မှုတ်သွင်းခြင်းစသော အင်ဂျင်နီယာ ပိုင်းဆိုင်ရာ အကြိုတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ မူလလုပ်ငန်းအစီအစဉ် အရ ရေလှောင်တမံ တည်ဆောက်ခြင်းကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်‌ြမောင်းဦးစီးဌာနက ဆောင်ရွက်ရန်ဖြစ်ပြီး ရေအားလျှပ်စစ်တည်ဆောက်ခြင်းကို အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆောင်ရွက်ရန်ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လတွင် ထူးထရေးဒင်း ကုမ္ပဏီမှ ဆည်တော်ကြီးရေကူတမံ၏ ရေအားလျှပ်စစ် တည်ဆောက်မှုလုပ်ငန်းကို BOT စနစ်ဖြင့် ဆောင်ရွက်ရန် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ MOU  လက်မှတ် ရေးထိုးခဲ့ပါတယ်။ ရေလှောင်တမံ တည်ဆောက်မှုလုပ်ငန်းများကိုလည်း အလားတူ ဆောင်ရွက်ရန် ဆည်မြောင်းဦးစီးဌာနနှင့် ညှိနှိုင်းခဲ့ပါတယ်။ ဆည်‌ြမောင်းဦးစီးဌာနအနေနှင့် ၂၀၀၉ ခုနှစ်၊ သြဂုတ်လ တွင် ဘဏ္ဍာငွေအကန့်အသတ် ခွင့်မပြုပေးနိုင်ခြင်းကြောင့် လုပ်ငန်းဆောင်ရွက် မှုအားလုံးကို ရပ်နား ထားရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဇွန်လအတွင်း ထူးထရေးဒင်းကုမ္ပဏီမှ စီမံကိန်းအတွက် ရင်းနှီး မြှုပ်နှံမှုအပေါ်တွင် အကျိုးအမြတ်နှင့် အရင်းပြန်ပေါ်မှုနှုန်းအရ တွက်‌ြခေမကိုက်သဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှုအ‌ြခေအနေတွင် မရှိပါကြောင်း အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနသို့ ပြန်ကြားခဲ့ပါတယ်။ ယခုအခါတွင် နိုင်ငံတော်အစိုးရအဖွဲ့မှ ဆည်တော်ကြီး ရေကူရေလှောင် တမံစီမံကိန်းကို ဆက်လက်အကောင်အထည်‌ဖော် ဆောင်ရွက်နိုင်ရေးအတွက် စူးစမ်း လေ့လာရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများရှာဖွေရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသို့ ညွှန်ကြားလာသဖြင့် အမှန်တကယ် ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုသည့် ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံလိုသူများကို ကမ်းလှမ်းရှာဖွေလျက် ရှိနေပါတယ်။ ဆည်တော်ကြီး ရေကူရေလှောင်တမံ စီမံကိန်းသည် နိုင်ငံတော်နှင့် ဒေသအတွက်များစွာ အကျိုးဖြစ်ထွန်းစေနိုင်မည့်လုပ်ငန်းဖြစ်သော်လည်း လက်ရှိနိုင်ငံတော်၏ ဘဏ္ဍာငွေဦးစားပေး ခွင့်ပြုပေးနိုင်မည့် အ‌ြခေအနေမရှိသေးပါကြောင်းနှင့် ဘဏ္ဍာငွေခွင့်ပြုလျာထားပေးနိုင်သည့်ကာလတွင် လုပ်ငန်းများဆက်လက်တည်ဆောက် အကောင် အထည် ဖော်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း‌ဖြေကြားပါသည်။