|
အမည် |
ဦးပြည့်မောင် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၉/မမန(နိုင်)ဝ၃၆၀၂၅ |
|
မွေးသက္ကရာဇ်/အသက် |
၁၅-၁-၁၉၄၆ / (၆၄) နှစ် |
|
မွေးဖွားရာဇာတိ |
မတ္တရာမြို့နယ် |
|
ပညာအရည်အချင်း |
(၁၀)တန်း |
|
လက်ရှိအလုပ်အကိုင် |
ဗိုလ်မှူး (အငြိမ်းစား)၊ စိုက်ပျိုးမွေးမြူရေး |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးမင်း၊ ၉/မတရ (နိုင်) ၀၁၄၅၆၂၊ တောင်သူ |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်လှကြွယ်၊ ၉/မတရ (နိုင်) ၀၁၄၅၆၃၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဘေစီအောင်၊ ၉/မမန(နိုင်) ၀၃၆၀၂၆၊ စိုက်ပျိုးမွေးမြူရေး |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်ပြည့်သက်အောင်၊ ၁၃/ကတန(နိုင်) ၁၁၃၁၁၀၊ စိုက်ပျိုးမွေးမြူးရေး (၂) မောင်ပြည့်ထက်အောင်၊ ၉/မတရ (နိုင်) ၁၅၆၂၈၆၊ ကျောင်းသား (လုပ်ငန်းခွင့် သင်တန်း/ ရတနာပုံ သင်္ဘောကျင်း) |
|
အမြဲတမ်းနေရပ်လိပ်စာ |
အနောက်ရန်ကင်း၊ အမှတ်(၂)ရပ်ကွက်၊ မတ္တရာမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မတ္တရာ မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို မတ္တရာမြို့နယ် ရွှေဘိုးကြီးရွာ အ-မ-က ၊ မန္တလေးမြို့ ပုလဲငွေရောင်ရပ် အ-လ-က(၄)၊ မတ္တရာမြို့ သုံးဆယ်ပေးရွာ အလယ်တန်းကျောင်း (တွဲဖက် အ-ထ-က)နှင့် မန္တလေးမြို့ ပုလဲငွေရောင်ရပ် တန်းမြင့်ကျောင်းတို့တွင် သင်ကြားခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် တပ်မတော်သို့ ဝင်ရောက် စစ်မှုထမ်းခဲ့သည်။ ခလရ (၅၁)တွင် တာဝန်ကျစဥ် ဧရာဝတီ တိုင်းရှိ မြို့နယ်များတွင် လည်းကောင်း၊ ခလရ (၈၆)၌ တာဝန်ကျစဥ် ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေး တာဝန်များကို လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ၁၉၇၄ ခုနှစ်၌ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခံရပြီး ခလရ (၃၅)တွင် တပ်စုမှူး၊ တပ်ခွဲမှူး၊ ထလရ အရာရှိတာဝန်ဖြင့် ပဲခူးတိုင်းရှိ မြို့နယ်များတွင် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၇၉ ခုနှစ်၌ ကချင် (၁) တွင် တပ်စုမှူး၊ တပ်ရေးဗိုလ်ကြီး၊ တပ်ခွဲမှူးတာဝန်များဖြင့် ကချင်ပြည်နယ် အတွင်း စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်ခဲ့သည်။ ဆသရ (၃၁၃)၌ ဆသရစုမှူး၊ တပ်ခွဲအရာရှိ (ရေး/ထောက်) နည်းပြအရာရှိတာဝန်များဖြင့် ဆသခွဲ တမခ(၅၅)၊ ဆသခွဲ တမခ(၃၃)နှင့် ဗဆသ တို့တွင်လည်းကောင်း၊ ၁၉၈၈ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ဆက်သွယ်ရေး အထူးတာဝန်ဖြင့် ရန်ကုန်မြို့ (ကကဆက်) တွင်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ယာယီတပ်ခွဲမှူး (ဗိုလ်မှူး)အဆင့်သို့ တိုးမြှင့်ခံရပြီး ဆသရ(၃၁၃)တွင် ဆသရတပ်ခွဲမှူး၊ ဗဆသတွင် ဌာနမှူးနှင့် အထက်တန်း နည်းပြအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ မိုင်းဆတ်တွင် ဆသရ တပ်ခွဲမှူး၊ ဆသရ (၃) ကျိုင်းတုံမြို့တွင် ဒုတိယ တပ်ရင်းမှူး၊ ဆသရ (၇) ဘားအံမြို့၌ ခေတ္တတပ်ရင်းမှူးအဖြစ် တာဝန်များအဆင့်ဆင့် ထမ်ဆောင်ခဲ့သည်။ မတ္တရာမြို့နယ် စစ်မှုထမ်း ဟောင်းအဖွဲ့ ဥက္ကဋ္ဌ၊ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း စည်းရုံးရေးမှူး တာဝန်များကို ထမ်းဆောင်လျက် ရှိသည်။ နိုင်ငံတော်မှ ချီးမြှင့်သော ဘွဲ့ထူး၊ ဂုဏ်ထူးပေါင်း ၁၆ခု ရရှိခဲ့သည်။ ၎င်းတို့တွင် မြန်မာနိုင်ငံ စစ်မှုထမ်း သင်္ဂဟတံဆိပ်၊ မိုင်းယန်း/မဲသဝေါ တိုက်ပွဲတံဆိပ်၊ တပ်မတော်ဂုဏ်ဆောင် အမှုထမ်းတံဆိပ် (ပ၊ဒု၊တ)၊ စစ်ပွဲ တံဆိပ်များ စသည်တို့ ပါဝင်သည်။ |
