(က)-ဟဲဇင်းကျေးလက် အမာခံကျောက်ချောလမ်းအား ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်း မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ (၂၅.၆.၂၀၁၃)

တမူးမြို့မှ ဟဲဇင်းကျေးလက် လမ်းဟာ ၂ မိုင်ခန့်ကွာဝေးပြီး လမ်းနံဘေးပတ်ဝန်းကျင်မှာလည်းပဲ ယခုအခါ အိမ်များဆောက်လုပ် နေထိုင်ကြခြင်းဖြင့် အိမ်ခြေများတစ်ဆက်တစ်စပ်တည်းမကြာမီဖြစ်လာတော့မှာဖြစ်ပါတယ်။ လယ်ယာ လုပ်ငန်းလုပ်ကိုင်သူများဟာလည်းပဲ အဆိုပါလမ်းကိုအသုံးပြုလုပ်ကိုင်ကြခြင်း၊ တမူးမြို့ပေါ်မှ တောင်သူလယ်သမားအများစု ထွက်ကုန်သီးနှံများကိုလည်း အဆိုပါလမ်းမတွင်သယ်ယူပို့ဆောင်လျက် ရှိရာ တမူးမြို့နှင့်ဆက်သွယ်ထားတဲ့ ဟဲဇင်းကျေးလက်အမာခံကျောက်ချောလမ်းအား ကတ္တရာလမ်း အဖြစ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက် ပေးနိုင်မည်ကိုသိရှိလိုပါသဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

တမူးမြို့နယ်၊ တမူး-ဟဲဇင်းကျေးရွာဟာ အရှည်မိုင် အားဖြင့် ၂ မိုင် ၃ ဖာလုံရှိပြီးတော့ လမ်းရဲ့လက်ရှိအခြေအနေကတော့ ကျောက်လမ်းက ၂ မိုင်၊ မြေသားလမ်းက ၃ ဖာလုံဖြစ်ပါတယ်။ အဆိုပါလမ်းကို ကတ္တရာလမ်းဆောင်ရွက်ရန်အတွက် မြို့နယ် စည်ပင်သာယာရေးရန်ပုံငွေနှင့် ပြီးခဲ့တဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ အရှည် ၃ ဖာလုံနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ အရှည် ၃ ဖာလုံ၊ စုစုပေါင်း ၆ ဖာလုံလျာထားပြီးဖြစ်ပါတယ်။ ဆောင်ရွက်ဖို့ ကျန်ရှိတဲ့ကတ္တရာလမ်းကတော့ ၁ မိုင် ၅ ဖာလုံဖြစ်ပါတယ်။ ၎င်း ၁ မိုင် ၅ ဖာလုံ အတွက်ကုန်ကျငွေ ကတော့ ကျပ် ၁၀၀.၅၄ သန်းဖြစ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှာ ထည်‌့သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။