ဦးခင်မောင်ရွှေ (တမူး မဲဆန္ဒနယ်)

အမည်

ဦးခင်မောင်ရွှေ

အခြားအမည်

ဦးပေါ်ကာ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/တမန(နိုင်)၀၀၁၁၉၀

မွေးသက္ကရာဇ်/အသက်

၃၀-၅-၁၉၅၅/(၅၆)နှစ်

မွေးဖွားရာဇာတိ

တမူးမြို့

ပညာအရည်အချင်း

ဥပဒေဘွဲ့၊ (LL.B)

လက်ရှိအလုပ်အကိုင်

ခရိုင်အတွင်းရေးမှူး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကျော်ဝင်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စိန်အေး (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြင့်မြင့်ဝင်း (ကွယ်လွန်)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မဝင်းအိအိရွှေ၊ ၅/တမန(နိုင်) ၀၄၅၆၉၇၊ အကောက်ခွန်စာရေး၊ တမူးမြို့

(၂) မောင်မျိုးမြတ်ဝင်း၊ ၅/တမန(နိုင်) ၀၅၁၁၈၈၊ တပ်မတော်ဆေးတက္ကသိုလ် (ပဥ္စမနှစ်)

အမြဲတမ်းနေရပ်လိပ်စာ

မြို့မ(၇) ရပ်ကွက်၊ မြို့မလမ်း၊ တမူးမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တမူးမြို့ (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

   ငယ်စဥ်က အခြေခံပညာကို တမူးမြို့ အ-ထ-က တွင် သင်ယူခဲ့သည်။ ပုသိမ်မြို့ ဆရာအတတ်သင်ကျောင်း၊ မန္တလေးတက္ကသိုလ်နှင့် မန္တလေးဆရာအတတ်သင် သိပ္ပံကျောင်းတို့၌ တက်ရောက်ခဲ့သည်။ ဥပဒေဘွဲ့ (L.L.B) ရရှိခဲ့သည်။

   နန်းဖာလုံမြို့နယ် အ-မ-က၊ နောင်ကက်မြို့နယ် အ-မ-ကနှင့် တမူးမြို့နယ် အ-မ-က (၂) တို့တွင် မူလတန်းပြအဖြစ်လည်းကောင်း၊ အ-ထ-က တမူးမြို့နယ်တွင် အလယ်တန်းပြအဖြစ်လည်းကောင်း၊ တမူးမြို့နယ် အ-မ-က (၁) တွင် မူလတန်းကျောင်းအုပ်အဖြစ်လည်း‌ကောင်း လုပ်ကိုင်ခဲ့သည်။ ဆို၊ က ၊ ရေး ၊ တီးပြိုင်ပွဲများ၊ ဓမ္မစကြာပြိုင်ပွဲများစသည့် လုပ်ငန်းများဆောင်ရွက်ခဲ့သည်။

  နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော်အေးချမ်းသာယာရေးဆုတံဆိပ် ရရှိခဲ့သည်။ စစ်ကိုင်းတိုင်းကိုယ်စားပြုတိုင်းရင်းသား ကိုယ်စားလှယ်အစုအဖွဲ့အဖြစ် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့သည်။