(င)-အခြေခံပညာစာသင် ကျောင်းအချို့တွင် စာသင်ခုံများလုံလောက်မှုမရှိခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၀-၉-၂၀၁၁)

မေးခွန်းနံပါတ်(၂) ရန်ကုန်တိုင်းဒေသကြီး နိုင်ငံတော်ပိုင်အခြေခံစာသင်ကျောင်းအချို့တွင် စာသင်ခုံများ မလုံလောက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူအချို့ စာပေသင်ကြားရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် စာသင်ခုံများဖြည့်ဆည်းပေးနိုင်မည့် အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်ခုံမလုံလောက်သည့် အခြေခံ ပညာကျောင်းများအတွက် မူလတန်းအောက်ဆင့်စာရေးခုံ၊ ထိုင်ခုံများ၊ မူလတန်းအထက်ဆင့်စာရေးခုံ၊ ထိုင်ခုံများ၊ အလယ်တန်း၊ အထက်တန်းအဆင့် စာရေးခုံ၊ ထိုင်ခုံများကို ကျောင်းသားဦးရေနဲ့    တွက်ချက်၍ မြို့နယ်ပညာရေးမှူး၏ထောက်ခံတင်ပြချက်ဖြင့် အမှတ်(၃) အခြေခံပညာဦးစီးဌာနက စိစစ်ပြီး ခွဲဝေပေးလျက်ရှိပါတယ်။ ခွင့်ပြုရန်ပုံငွေအတွင်းမှ ဆောင်ရွက်ပေးရခြင်းဖြစ်ပါ၍ အမှန်တကယ် စာရေးခုံ၊ ထိုင်ခုံလိုအပ်လျက်ရှိသည့် ကျောင်းများကို ဦးစားပေးအစီအစဉ်အရ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယခုပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းအဆင့် သုံးယောက်ထိုင်ခုံနှင့် စားပွဲရှည် ၂၀၀၀ စုံ၊ မူလတန်းအဆင့် သုံးယောက်ထိုင်ခုံနှင့် စားပွဲရှည် ၃၀၀၀ စုံကိုလည်း ဝယ်ယူရန်စီစဉ် လျက်ရှိပါကြောင်းဖြေကြားပါသည်။