(ဃ)-လုပ်သက် ၂၀ နှစ်အထက်ရှိ အွခေခံပညာအလယ်တန်းပြနှင့် အထက်တန်းပြဆရာဆရာမများကို ရာထူး တိုးမြှင့်ခံစားခွင့်ရှိ၊ မရှိနှင့် သတ်မှတ်လုပ်သက်ရမှတ်ရှိသော အွခေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းအုပ်များကို ရာထူးတိုးမြှင့်ခံစားခွင့်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မူလတန်းပြလုပ်သက် ၂၀ နှစ်နဲ့ ၂၀ နှစ် အထက်ရရှိတဲ့ အွခေခံပညာကျောင်းများမှ မူလတန်းပြဆရာဆရာမများကို အလယ်တန်းပြပညာရှင် အဆင့်(၂)သို့ ရာထူးတိုးလစာ ချီးမြှင့်ခံစားစေကြောင်း ဝမ်းွမောက်စွာ လေ့လာသိရှိရပါတယ်။ ၎င်းနည်းတူ အွခေခံပညာကျောင်းများရှိ လုပ်သက် ၂၀ နဲ့ ၂၀ နှစ်အထက်ရှိတဲ့ အလယ်တန်းပြ ဆရာဆရာမများနဲ့ အထက်တန်းပြဆရာဆရာများကို မူလတန်းပြဆရာဆရာမများကဲ့သို့ တိုးမြှင့်ခံစား ခွင့်ရရှိလိုပါတယ်။ ဒါ့အပြင် လုပ်သက်ရမှတ် ၇၉.၇၄ အမှားပြင် လုပ်သက်ရမှတ် ၇၄ နှင့် အထက် ရရှိတဲ့ အခြေခံပညာမူလတန်းကျောင်းအုပ်ကြီးများကိုလည်း ပညာရှင်အဆင့်(၃)လစာသို့ တိုးမြှင့် ခံစားခွင့်ပြုလိုက်ကြောင်းကိုလည်း လေ့လာသိရှိရပါတယ်။ ၎င်းနည်းတူ သတ်မှတ်လုပ်သက်ရမှတ် ရှိတဲ့ အွခေခံပညာအလယ်တန်းကျောင်းအုပ်ကြီးများနဲ့ အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီး များကိုလည်း မူလတန်းကျောင်းအုပ်ကြီးများကဲ့သို့ တိုးမြှင့်ခံစားခွင့်ရရှိလိုပါတယ်။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများကို မေးမြန်းလိုပါတယ်။ မေးခွန်း(၁) လုပ်သက် ၂၀ နှစ်နဲ့ ၂၀ နှစ်အထက်ရှိ အွခေခံပညာအလယ်တန်းပြဆရာဆရာမများနဲ့ အထက်တန်းပြ ဆရာဆရာမများကို လုပ်သက် ၂၀ နှစ် နဲ့ ၂၀ နှစ်အထက်ရှိ မူလတန်းပြ ဆရာဆရာမများ နည်းတူ ရာထူးတိုးမြှင့်၍ လစာတိုးမြှင့်ခံစားခွင့် ရှိ၊ မရှိနဲ့ ရှိပါက မည်သည့်နှစ်တွင် ခံစားခွင့်ပြုမည်ကို သိရှိလိုပါတယ်။ မေးခွန်း(၂) လုပ်သက်ရမှတ် ၇၄ နှစ်အထက်ရရှိတဲ့ အွခေခံပညာကျောင်းအုပ်ကြီးများ နည်းတူသတ်မှတ်လုပ်သက်ရရှိတဲ့ အွခေခံပညာ အလယ်တန်း၊ အွခေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများကိုလည်း တိုးမြှင့်ခံစားခွင့် ရှိ၊ မရှိ သိလိုပါတယ်။ မည်သည့်နှစ်တွင်ခံစားခွင့်ပြုမည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ အသက် ၅၉ နှစ်ပြည့်ပြီး အလယ်တန်းပြလုပ်သက် အနည်းဆုံး ၂ နှစ်ရှိပြီးသော အလယ်တန်းပြဆရာဆရာမ လစာနှုန်းကျပ်(၅၃၀၀၀-၁၀၀၀-၅၈၀၀၀) ၁၃၃၆ ဦးကို အထက်တန်းပြလစာ လစာနှုန်း (၅၉၀၀၀-၁၀၀၀-၆၄၀၀၀)သို့ တိုးမြှင့်ခံစားခွင့်ပြုပြီး ဖြစ်ပါတယ်။ အထက်တန်းပြအဆင့်မှ တစ်ဆင့်မြင့်ရာထူးမှာ အရာထမ်းပြန်တမ်းဝင်အရာရှိရာထူး လစာနှုန်းကျပ် (၁၀၀၀၀၀-၂၀၀၀-၁၁၀၀၀၀)အဆင့်ဖြစ်သဖြင့် အထက်တန်းပြလုပ်သက် ၇ နှစ်ရှိပြီးသူများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလယ်တန်းကျောင်းအုပ်ရာထူးတိုးမြှင့်နိုင်ရန်အတွက် စာမေးပွဲ နှုတ်ဖြေ၊ ရေးဖြေအောင်မြင်မှသာ လုပ်သက်ရမှတ်နှင့် စာမေးပွဲရမှတ်ပေါင်း တန်းစီဇယားနှင့်အညီ ဆန္ဒပြုဒေသကိုက်ညီမှုအပေါ်မူတည်၍ ရာထူးတိုးမြှင့်ခန့်ထားနိုင်မှာ ဖြစ်ပါတယ်။ ရာထူးတိုးမြှင့် ရာတွင်လည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ လုပ်ထုံးလုပ်နည်းနဲ့အညီ ညှိနှိုင်းတင်ပြဆောင်ရွက်ပြီး မှသာ ရာထူးတိုးမြှင့်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
အခြေခံပညာအလယ်တန်းကျောင်းအုပ်ရာထူးနှင့် အထက်တန်းကျောင်းအုပ်ရာထူးများသည် အရာထမ်းလစာ လစာနှုန်းကျပ် (၁၀၀၀၀၀-၂၀၀၀-၁၁၀၀၀၀) ခံစားခွင့်ရရှိပြီးသူများ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ လုပ်သက်ရမှတ်အများအနည်းနဲ့ ဆန္ဒပြုဒေသအပေါ်မူတည်၍ အခြေခံပညာအလယ်တန်း ကျောင်းအုပ်မှ အခြေခံပညာအထက်တန်း ကျောင်းအုပ်အဆင့်သို့ လစာနှုန်းတူရာထူး တိုးမြှင့်ပေးခြင်း၊ အခြေခံပညာအထက်တန်းကျောင်းအုပ်မှ မြို့နယ်ပညာရေးမှူး သို့မဟုတ် လက်ထောက်ညွှန်ကြားရေးမှူး လစာနှုန်းကျပ် (၁၂၀၀၀၀-၂၀၀၀-၁၃၀၀၀၀) ရာထူးသို့ လစာရာထူးတိုးမြှင့် ခံစားခွင့်ပြုခြင်းများအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ ကျွန်တော် ဖြည့်စွက်တင်ပြလိုတာကတော့ မည်သည့်ကာလမှာ တိုးမြှင့်မယ်ဆိုတာကတော့ ကျွန်တော်တို့ လက်ရှိ တန်းစီဇယားနဲ့ ဆောင်ရွက်လျက်ရှိပြီးတော့ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်းမှာ စီမံခန့်ခွဲမှု သင်ကြားရေးထိခိုက်မှုမရှိစေရန် ဆောင်ရွက်မှာဖြစ်ပြီးတော့ ကျောင်းဖွင့်အမီ ဆောင်ရွက်ပေးမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
