(ဈ)-လိပ်ဆင်းတောင်ကျေးရွာ အ‌ြခေခံပညာအလယ်တန်းကျောင်းခွဲနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ (၃၀-၈-၂၀၁၁)

သဖန်းဆိပ်ဆည်ရဲ့ အနောက်ဘက်ကမ်းနဖူးမှာရှိတဲ့ လိပ်ဆင်းတောင် ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲကို အလယ်တန်းကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးဖို့ အဆင့်တိုးမြှင့်ဖို့အခြေအနေ ရှိ၊ မရှိ။ ရှိခဲ့ပါလျှင်လည်း မည်သည့်အချိန်ကာလတွင် ဖွင့်လှစ်ပေးနိုင် မည်ကိုသိရှိလိုပါကြောင်း ‌ မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အခြေခံပညာ အလယ်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ရန်အတွက် အလယ်တန်းအဆင့်တွင် တက်‌ရောက်နေ သော ကျောင်းသားဦးရေ၊ သွားရေးလာရေးခက်ခဲတဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုအခြေအနေများ၊ နောက်တစ်ခုကတော့ ကျောင်းဥပဓိရုပ်တို့ကိုစိစစ်ပြီးတော့ တန်းစီဇယားပြုထားပါတယ်။ အခြေခံ ပညာအလယ်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ရေးအတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်‌ရေးအဖွဲ့သို့တင်ပြထောက်ခံချက် ရရှိပြီးပါက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ဖြင့် အဆင့်တိုးမြှင့်ဖွင့်လှစ်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ‌ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင် ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲကို ဦးစားပေးအစီအစဉ်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြေကြားပါသည်။