ဦးကျော်ညွန့်( ကျွန်းလှ မဲဆန္ဒနယ်)

အမည်

ဦးကျော်ညွန့်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/ကဘလ(နိုင်)၀၅၃၈၆၁

မွေးသက္ကရာဇ်/အသက်

၇-၁၁-၁၉၅၉/(၅၂)နှစ်

မွေးဖွားရာဇာတိ

ကုက္ကိုကုန်းကျေးရွာ၊ ကျွန်းလှမြို့နယ်

ပညာအရည်အချင်း

B.Sc, B.Ed

လက်ရှိအလုပ်အကိုင်

မြို့နယ်ကော်မတီဝင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသောင်းဥာဏ်၊ KHA -006842၊ မှီခို

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

‌ဒေါ်အေးကြင်၊ KHA-006843၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်တင်နု၊ ၅/ကဘလ(နိုင်) ၀၅၃၈၅၃၊ အ-ထ-ပြ၊ ကျွန်းလှ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

- မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

သစ်ရာမြိုင်ရပ်ကွက်၊ ကျွန်းလှမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျွန်းလှမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

  ငယ်စဥ်က အခြေခံပညာကို ကုက္ကိုကုန်းမြို့နယ် အ-မ-က၊ ကျွန်းလှမြို့နယ် အ-ထ-ကနှင့် ရွှေဘိုမြို့ အမှတ်(၃) အ-ထ-ကတွင် သင်ယူခဲ့သည်။ ရွှေဘိုဒေသကောလိပ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် တက်ရောက် သင်ကြားခဲ့သည်။ B.Sc, B.Ed ဘွဲ့ ရရှိခဲ့သည်။

  တကုန်းမြို့နယ် အ-မ-ကတွင် မူလတန်းပြအဖြစ်လည်းကောင်း၊ ပေပင်ချောင်းမြို့နယ် အ-လ-ကနှင့် သစ်ရာမြိုင်မြို့နယ်တွင် အလယ်တန်းပြအဖြစ်လည်းကောင်း၊ ကျွန်းလှမြို့နယ် အ-ထ-ကတွင် အထက်တန်းပြအဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့သည်။

 ကျွန်းလှမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် အတွင်းရေးမှူးအဖြစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။