ပျော်ဘွယ်မြို့အနောက်ဘက် ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီးနှင့် ပျော်ဘွယ်-နတ်မောက်- မကွေးလမ်းဆုံရာတွင် အဝေးပြေးလမ်းမကြီးပေါ်သို့ သွားလို့မရအောင် ပိတ်ဆို့ထားတာရှိပါတယ် ခင်ဗျား။ ယင်းလမ်းဆုံမှ ရန်ကုန်သို့ ၂၆၂ မိုင်ကွာဝေးပါတယ်ခင်ဗျား။ ပျော်ဘွယ်မှ အဝေးပြေးလမ်းဆုံ သို့ ၁၇ မိုင် စုစုပေါင်း ၂၇၉ မိုင်သာရှိပါတယ်ခင်ဗျား။ ရန်ကုန်သို့ ပျော်ဘွယ်ကနေသွားမယ်ဆိုရင် ၃၄ မိုင်သက်သာပါတယ်ခင်ဗျား။ ယခင်က ရန်ကုန်-ပျော်ဘွယ် မူလလမ်းဟောင်းဟာ ၃၁၃ မိုင် ကွာဝေးပါတယ်ခင်ဗျား။ ယင်းလမ်းကို ရှမ်းပြည်မှလာတဲ့ကားများ ပျော်ဘွယ်လမ်းဆုံမှတစ်ဆင့် အသုံးပြုနိုင်တဲ့အတွက် ခရီးတိုသွားမယ်ဖြစ်ပြီးတော့ အသုံးပြုတဲ့ယာဉ်တွေများလာရင် ခရီးမိုင်လျော့ တဲ့အတွက် နိုင်ငံတော်အတွက် စက်သုံးဆီကုန်ကျမှုတော်တော်များများသက်သာသွားမှာ ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး ရည်ရွယ်ချက်ကိုလည်း အထောက်အကူပြုမှာဖြစ်ပါ တယ်။ အခြားမြို့များတွင် အဝေးပြေးလမ်းမကြီးနှင့်ဆုံသောနေရာတွင် ဆက်သွယ်ပေးထားခြင်းများ လည်းရှိသည်ဟုသိရပါတယ်ခင်ဗျား။ သို့ဖြစ်ပါ၍ ပျော်ဘွယ်မြို့အနောက်ဘက် အဝေးပြေးလမ်းမကြီး ရဲ့ မိုင်တိုင်အမှတ် ၂၆၂ နှင့် ပျော်ဘွယ်-နတ်မောက်-မကွေးလမ်းသို့ ဆက်သွယ်ပေးနိုင်ရန် တင်ပြအပ် ပါတယ်ခင်ဗျား။ သို့သော်လည်းပဲ ယခု ကျွန်တော်မေးမြန်းတဲ့မေးခွန်းနဲ့ပတ်သက်လို့ ယခုအခါမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်နေပြီလို့သိရတဲ့အတွက် ပြည်သူလူထုကိုယ်စား အထူး ကျေးဇူးတင်ရှိပါတယ်ခင်ဗျား။ သို့သော်လည်းပဲ ယခင်ကလမ်းမကြီးနဲ့ ဆက်သွယ်ထားတဲ့လမ်းဟောင်း ရှိပါတယ်ခင်ဗျား။ အဲဒီလမ်းဟောင်းက ကောင်းလည်းကောင်းပါတယ်ခင်ဗျား။ ယခုအချိန်မှာ ကျောက်ငုပ်များစိုက်ပြီးတော့ ပိတ်ထားတာရှိပါသေးတယ်ခင်ဗျား။ လူစီးကားငယ်များ၊ လူစီးမှန်လုံယာဉ် များသာသွားမှာဖြစ်လို့ လမ်းပျက်ဖို့လည်းမရှိနိုင်ပါဘူးခင်ဗျား။ သို့ဖြစ်ပါ၍ လမ်းသစ်ဆောင်ရွက်ဆဲ ကာလမှာ နှစ်လခန့်ကြာမြင့်မည်ဟုသိရပါတယ်ခင်ဗျား။ အဲ့ဒါကြောင့် ယခင်ကရှိဆဲလမ်းက နေပြီးတော့ လူစီးကားများ၊ မှန်လုံယာဉ်များတက်ရောက်ခွင့်အမြန်ရရှိရေးအတွက် ယာယီဆောင်ရွက် ပေးရန် မေးမြန်းပါသည်။
ပျော်ဘွယ်မြို့ အနောက်ဘက် ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီးနဲ့ ပျော်ဘွယ်-နတ်မောက်-မကွေးလမ်းဆုံရာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၂၆၂/၂ နဲ့ပျော်ဘွယ်-ရွာမွန်-နတ်မောက် မိုင်တိုင် ၁၇/၅ တို့ဆုံရာမှာ တည်ရှိပါတယ်။ ၎င်းလမ်းဆုံနေရာတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်သို့ ပျော်ဘွယ်-ရွာမွန်-နတ်မောက် လမ်းနှင့်ဆက်သွယ်ပေးထားတဲ့ အတက်၊ အဆင်းလမ်းများဆောက်ရန် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်လုပ်ငန်း အစီအစဉ်များ ရေးဆွဲပြီးဖြစ်ပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှ ပျော်ဘွယ်ဘက်သို့အတက်၊ အဆင်းလမ်းဟာ ၅၀ ပေအကျယ်၊ ၉၃၅ ပေအရှည် ကွန်ကရစ်လမ်းသစ်တည်ဆောက်ရန်နဲ့ နတ်မောက်ဘက်ကလည်း အတက်၊ အဆင်း ဟာ ၅၀ ပေအကျယ်နဲ့ ၉၀၀ ပေအရှည် ကွန်ကရစ်လမ်းသစ် တည်ဆောက်မှာဖြစ်ပါတယ်။ အမြန် လမ်းမကြီးကို ဆက်သွယ်ဖောက်လုပ်ထားတာဖြစ်တဲ့အတွက် မြေသားတာပေါင်အမြင့် ပျမ်းမျှပေ ၄၀ အထိတည်ဆောက်ရမှာဖြစ်ပါတယ်။ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်မှာ ပထမအဆင့် မြေသားတာပေါင် အားခိုင်ခံ့အောင် အလွှာလိုက်၊ အလွှာလိုက်ခင်းကြိတ်ပြီး တည်ဆောက်ခြင်း၊ သတ်မှတ်ထားတဲ့ တာပေါင်နဲ့အညီလမ်းပုံစံရရှိရန် မြေသားပြုပြင်ပြီး ၆ လက်မထုအခြေခံလွှာ ကွန်ကရစ် ခင်းခြင်းနဲ့ ၎င်းအပေါ်မှာ ၁၂ လက်မထု ကွန်ကရစ်ထပ်ပိုးလွှာ ၅၀ ပေ အကျယ်ခင်းပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ မိုးများတဲ့ကာလ ဆောင်ရွက်ရမယ်ဆိုရင် လုပ်ငန်းကုန်ကျ စရိတ်ပိုမိုများပြားမှာဖြစ်တဲ့အတွက် အင်ဂျင်နီယာစံချိန်စံညွှန်းနဲ့ သတ်မှတ်နှုန်းပြည့်မီစွာဖြင့် သတ်မှတ် ဆောင်ရွက်နိုင်ရေးအတွက် ပွင့်လင်းရာသီ မိုးလေဝသကောင်းတဲ့အချိန်မှာ စတင်တည်ဆောက်သွား မှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါကြောင့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလဆန်းမှာ လမ်းလုပ်ငန်းစတင်ဆောင်ရွက်မှာဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အကုန်မှာ အပြီးဆောင်ရွက်သွား မည်ဖြစ်ကြောင်းဖြေကြားပါသည်။
